Showing posts with label Printer. Show all posts
Showing posts with label Printer. Show all posts

Thursday, 19 August 2010

Epson Stylus TX111 Printer

0 comments

                                                    ESPON Stylus TX111  

 ဟိုတစ်နေ့က ကျွန်တော်ဆိုင်မှာ လက်ရှိသုံးနေတဲ့ကွန်ပျူတာကို ၀င်ဒိုးချပြီးတော့ ဒရိုင်းဘာကို Backup လုပ်ဖို့
မေ့သွားတယ်။ဒရိုင်ဘာတော်တော်များများကို ရှိနေတဲ့ ခွေတွေထဲးကနေ ပြန်တင်လို့ရပေးမယ် ပရင်တာအတွက်
ဘယ်လိုမှရှာမရဖြစ်နေတယ်။စာရွက်ထုတ်စရာတွေကလည်းအရေးတကြီးလိုအပ်နေတော့လက်စွဲးတော် CDMA
ကိုသုံးပြီး အွန်လိုင်းပေါ်ကို အလုအယက် ကုန်ရုန်းပြီးတက်ရပါတော့တယ်။ခပ်ရမ်းရမ်းရှာရင်နဲ့သူ့ရဲ့မိခင်ဆိုဒ်မှာပဲ
Mini Driver လေးကိုသွားတွေ့ပါတယ်။ ပရင်တာက Copier,Scan,Print (၃) မျိုး သုံးလို့ရတဲ့ All-In-One ပရင်တာမျိုးလေးပါ။ရည်ရွယ်ချက်ကတော့ လက်ရှိအသုံးပြုနေကြတဲ့သူတွေများကျွန်တော်လို့ အဖြစ်မျိုးဖြစ်ခဲ့ရင်
အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက်ပါ။ဒီ Mini Driver လေးက  SX110_TX110_TX111_TX117
Printer Version (၄) ခုအတွက် ပါ ပါတယ်။ကဲ ... အားလုံးအဆင်ပြေကြပါစေဗျာ..။Canon အတွက်က
တော့ ဒီနေရာလေးမှာ အရင်တစ်ခေါက်က ရေးထားတာရှိပါတယ်။

Wednesday, 2 June 2010

Canon Printer Mini Drivers


ဟိုတလောက ကျွန်တော်ဆာဗစ်လုပ်ပေးနေတဲ့အိမ်တစ်အိမ်က ပရင်တာ Canon PIXMA MP 258 တစ်လုံးရဲ့  Driver CD ကို ခလေး ကဘယ်လိုလုပ်လိုက်လဲမသိဘူး အေးချမ်းမေ ဖြစ်သွားရော..။ကွန်ပျူတာကို ၀င်းဒိုတင်၊ဘာတင်နဲ့ လုပ်ပြီး ပရင်တာအတွက် Driver ကိုတောင်းတော့ မရှိတော့ဘူးတဲ့ ... သေပြီးဆရာပေါ့ ၀င်ဒိုးမတင်ခင် Backup လုပ်ခဲ့ဖို့ကလည်း ၀င်ဒိုးက မပွင့်တာ ၂ ပတ်လောက်ကြာပြီးဆိုတော့ ဘာအစမှ ပြန်ရှာလို့မရဖြစ်နေပြန်ရောကဲ ..ဒါနဲ့မထူးတော့ဘူး ဆိုပြီး .. ကျွန်တော်ဖုန်းမှာ လက်ကျန် အင်တာနက်အချိန် ၂နာရီလောက်ကျန်သေတာနဲ့ မရှိမဖြစ်အားကိုးနေရတဲ့ Google ထဲးအမြန်ပြေးပြီး ရှာဖွေရေးစတင်တော့တာပေါ့။
အချိန်တိုတို နဲ့ ပရင်တာ ထုတ်လို့ရအောင် ဥာဏ်ကွန့်ကြည့်လိုက်ပါတော့တယ်။ကွန်ပျူတာထဲးကို Printer USB Port ထည့်လိုက်တော့ Found New Hardware ဆိုပြီးပေါ်လာတော့ အဲဒီကလိုအပ်တဲ့ Part File လေးလောက်ကိုပဲရှာပြီးထည့်လိုက်ရင်အိုကေမယ်ဆိုပြီး၁၅ မိနစ်လောက်အချိန်ကြာကြာရှာလိုက်တော့တွေ့ပါ
တယ်။အဲဒါနဲ့ အပျော်လွန်ပြီး ပရင်တာထုတ်ကြည့်တော့ မရ .. ။ ကွန်ပျူတာက ပရင်တာ Hardware ကိုသိပြီး Photoshop နဲ့ Scan တွေ၊ပရင်ထုတ်ဖို့အတွက်ကျတော့အလုပ်မလုပ်ပြန်ဘူး။ မနက်ထဲးက မနက်စာလည်းမစားရသေဘူး။ဗိုက်ကလဲဆာနေပြီးအာရုံကလည်းအစာအိမ်ကိုပထမ ဦးစာပေးဖြစ်နေတယ်
ဆိုတော့ သေသေချာချာမရှာချင်တော့ဘူး။ဒါနဲ့ပဲ နောက်ထပ် တစ်ခုမှမရရင်တော့ ထမင်ပြန်စားပြီးမှပဲ လာတော့မယ်လို့ စိတ်ကူးထားလိုက်တယ်။ ရှေ့ကုသိုလ်ကံကြောင့်ထင်တယ် သိပ်မရှာလိုက်ရဘူးချက်ချင်းကို
တွေ့တော့တာပဲ..။အားလုံး လုပ်ပြီးကိုင်ပြီးတော့ ဆားဗစ်ကြေး လေးယူပြီး ကျွန်တော့်ဆိုင်ကို ပြန်ခဲ့ပါတော့တယ်..။
ဆိုင်မှာ ဟင်းပဲ ကောင်းလို့လာ ကျွန်တော်ပဲ ဗိုက်ဆာလို့လာမသိဘူး စားလိုက်တာ .. မာမီခေါက်ဆွဲးပြုတ် ကြော်ငြာ ထဲးကလို"ကောင်းမှကောင်း" ပဲ။ လေးရှည်နေတာနဲ့ အဓိက ပေးချင် ပြောချင်တာလေးတွေကို မပေးမိသေဘူး။ အောက်မှာ Canon တွေအတွက် Drivers တွေပါ။

http://www.soft82.com/free/canon-pixma-mp145-all-in-one-driver/

Canon PIXMA MP 145 All-In-One ပရင်တာတွေကို Co.Ltdကထပ်မထုတ်တော့ဘူးလို့မိတ်ဆွေးတစ်
ယောက်ကပြောပါတယ်။ဒါကြောင့် နောက်မော်ဒယ်အသစ် Canon PIXMA MP 258 ဆိုပြီးထပ်ထွက်
လာ
တာပါ။Canon PIXMA MP 258ကတော့ ပိုအယ်ရာများပါတယ်။ဘေးက ဆေးဗူး မတွဲးခင်အထိတော့
Error ကင်းတာပေါ့။ ကင်းဆို .. သူ့မှာပါတဲ့ ဆေးဗူး(Cartridge)ကလည်း A4 စာရွက်အပြည့်ကာလာ
တွေထုတ်
မယ်ဆို ၁၄ ရွက်လာပဲရတယ်။ ပရင်တာတန်ဖိုးက ထိုင်းဘတ်၂၀၀၀ ကျော်ပဲရှိတာ။အထဲးက ဆေးဗူး(Color Cartridge and Black Cartridge)၂ဗူးကိုပဲ ဘတ် 1500 လောက်ကျနေပြီး။ဒီတော့ ပရင်တာအခွံက ဘာတန်ဖိုးမှမရှိတော့ဘူး။Canon PIXMA MP 145 All-In-One ကတော့ Canon PIXMA MP 258 All-In-One လောက်အယ်ရာမရှိပါဘူး..။Canon PIXMA MP 145 All-In-One ကိုလက်ရှိသုံးနေကြတဲ့မိတ်ဆွေးတွေအတွက် အယ်ရာတက်လာရင် ဖြေရှင်ဖို့နည်းလမ်းတွေကို ကိုကျော်မြင့်ဦး ကပြောပြထားတာရှိပါတယ်။ ဒီလင့် မှာသွားကြည့်နိုင်ပါကြောင်း ...။