Saturday 12 February 2011

From THEIN HTIKE!!!!

0 comments

Sunday 29 August 2010

Ebook Guide For Beginner

0 comments

Bangkok က ကျွန်တော်ငယ်သူငယ်ချင်း (သိန်းထိုက်)အတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ :D
  1. Gmail နှင့် Gtalk အသုံပြုပုံ
  2. Window Xp တင်နည်း
  3. Window Vista တင်နည်း
  4. Window 7 တင်နည်း

Thursday 19 August 2010

လက်ဆောင်ကောင်းလေးတစ်ခု (SSDownloader)

0 comments

လက်ဆောင်ကောင်းလေးတစ်ခုပေးလိုက်မယ် .. မိတ်ဆွေတွေအားလုံးကို။Security,
Software,Application,AntiVirus,Firewall,Malware,Removal Tool များအားလုံးကို
တစ်စုတစည်းထဲးစုထားပေးတဲ့ SSDownloaders လေးတစ်ခုပါ။စိတ်ဝင်စားသူများနှင့်
ကြိုက်နှစ်သက်သူများ လက်တည့်စမ်းနိုင်ပါသည်။

SSDownloader is a download manager, that is specially designed to download security software application like antivirus, firewall and malware removal software from one interface. This download manager is similar to the Anti-Malware Toolkit, which I’ve introduced here about a year ago.
Instead of wasting time and energy searching through the internet to download the security programs (be it free or trial versions) for your computer, you can find all those security programs in one place using SSDownloader.

### SSDownloader is compatible with Windows 7, Vista
and 7.  ###

Download Link

Epson Stylus TX111 Printer

0 comments

                                                    ESPON Stylus TX111  

 ဟိုတစ်နေ့က ကျွန်တော်ဆိုင်မှာ လက်ရှိသုံးနေတဲ့ကွန်ပျူတာကို ၀င်ဒိုးချပြီးတော့ ဒရိုင်းဘာကို Backup လုပ်ဖို့
မေ့သွားတယ်။ဒရိုင်ဘာတော်တော်များများကို ရှိနေတဲ့ ခွေတွေထဲးကနေ ပြန်တင်လို့ရပေးမယ် ပရင်တာအတွက်
ဘယ်လိုမှရှာမရဖြစ်နေတယ်။စာရွက်ထုတ်စရာတွေကလည်းအရေးတကြီးလိုအပ်နေတော့လက်စွဲးတော် CDMA
ကိုသုံးပြီး အွန်လိုင်းပေါ်ကို အလုအယက် ကုန်ရုန်းပြီးတက်ရပါတော့တယ်။ခပ်ရမ်းရမ်းရှာရင်နဲ့သူ့ရဲ့မိခင်ဆိုဒ်မှာပဲ
Mini Driver လေးကိုသွားတွေ့ပါတယ်။ ပရင်တာက Copier,Scan,Print (၃) မျိုး သုံးလို့ရတဲ့ All-In-One ပရင်တာမျိုးလေးပါ။ရည်ရွယ်ချက်ကတော့ လက်ရှိအသုံးပြုနေကြတဲ့သူတွေများကျွန်တော်လို့ အဖြစ်မျိုးဖြစ်ခဲ့ရင်
အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက်ပါ။ဒီ Mini Driver လေးက  SX110_TX110_TX111_TX117
Printer Version (၄) ခုအတွက် ပါ ပါတယ်။ကဲ ... အားလုံးအဆင်ပြေကြပါစေဗျာ..။Canon အတွက်က
တော့ ဒီနေရာလေးမှာ အရင်တစ်ခေါက်က ရေးထားတာရှိပါတယ်။

POST Beep Error များအကြောင်း (IBM)

0 comments


Computer ကို စက်စဖွင့်ဖွင့်ခြင်းမှာ ROM ထဲမှာရှိတဲ့  Special Program လေးတစ်ခု ဖြစ်သော POST (Power On Self Test) လုပ်ငန်းစဉ် စတင်အလုပ်လုပ်တယ်ဆိုတာ အားလုံးနီနီ သိကြမှာပါ ။ဒီတော့ POST လုပ်ငန်းစဉ် အောင်မြင်တယ် ဆိုရင်တော့ စက်ကချက်ချင်း တက်လာပြီး အသုံးပြုလို့ရပြီပေါ့။ဒီလိုမှ မဟုတ်ရင်တော့ အမှားတစ်ခုခု (Error) ရှိနေပြီပေါ့။ အဲဒီလို အမှားရှိတယ်ဆိုတာကို စက်က ဘယ်လို
အသိပေးလဲ။စဉ်းစားစရာပဲနော်။ စက်က နှစ်မျိုးအသိပေးတတ်တယ်တဲ့။ အသံ (Beep) နဲ့ စာသား(Code) ဆိုပြီး အချက်ပြတာတဲ့နော်။ အခု ပထမဆုံး ပြောပြချင်တာက အသံနဲ့ ပတ်သက်တဲ့ POST Beep Error အကြောင်းပါ။အဲဒီ Beep အကြောင်းပြောရမယ်ဆိုရင်လေ ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား ပေါ်မူတည်ပြီးကွဲပြားမှုရှိတယ်နော်။ ဒီတော့ ကုမ္ပဏီ အလိုက်ဖေါ်ပြပေးမယ်နော်။ တကယ်လို့ ကိုယ့်ရဲ့ စက်မှာ Beep Error
ပေါ်ခဲ့ရင် တူညီတဲ့ကုမ္ပဏီ အမျိုးအစားကိုရှာပြီးဖတ်ပါနော်။ ဒါမှမဟုတ် ဗဟုသုတ အဖြစ်သိချင်တယ်ဆိုရင်လေ အားလုံးကို ဖတ်ကြည့်ပေါ့နော်။
ပထမဆုံး Original IBM ကထုတ်တဲ့ Computers တွေမှာ အချက်ပေးတတ်တဲ့ POST Beep Codes တွေကတော့...

-အသံတိုလေး တစ်ချက်မြည်တယ် ဆိုရင် ပုံမှန်ပါ။ System က အဆင်ပြေ (OK) ပါတယ်။

-အသံတိုလေး နှစ်ချက်မြည်တယ် ဆိုရင် POST မှာ အမှား (Error) ရှိနေပါတယ်။ Screen ပေါ်မှာအမှားဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကို စာသားနဲ့ဖေါ်ပြပေးပါလိမ့်မယ်။

-ဘာအသံမှလည်းမကြားရဘူး၊ စက်လည်းမတက်လာဘူး ဆိုရင် Power Supply (သို့) System Board မှာပြဿနာ ရှိနေနိုင်သလို CPU (သို့) Speaker ကြိုးလွတ်နေလို့လဲ ဖြစ်နိုင်ပါတယ်။

-အသံက ရပ်နားမှုမရှိဘဲ အသံရှည် ဆက်တိုက်မြည်နေမယ်၊ စက်လည်းမတက်လာဘူးဆိုရင် Power Supply,System Board (သို့) Keyboard တို့မှာ ပြဿနာတစ်ခုခုဖြစ်နေလို့ပါ။ ဒါကြောင့် အဲဒီ (၃) မျိုးကို ဦးစွာစစ်ဆေးကြည့်ပါ။

-အသံတိုလေးပဲ၊ ဒါပေမဲ့ အဲဒီအသံတိုလေးက ထပ်ခါထပ်ခါ မြည်နေတယ်ဆိုရင် Power Supply,  System Board (သို့) Keyboard မှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့ပါနော်။ ထုံးစံအတိုင်း စစ်ကြည့်ပါ။

-အသံရှည် တစ်ချက်၊ အသံတို တစ်ချက်မြည်နေတယ် ဆိုရင် System Board  မှာ ပြဿနာရှိနေတာပါ။

-အသံရှည် တစ်ချက်၊ အသံတို နှစ်ချက်မြည်တယ် ဆိုရင် Display Adapter (Monochrome Display Adapter (MDA) , Color Graphics Adapter (CGA) ) မှာ ပြဿနာ ဖြစ်တာပါ။

-အသံရှည် တစ်ချက်၊ အသံတို သုံးချက်မြည်နေရင် Enhanced Graphics Adapter (EGA) ချို့ယွင်းတာပါ။

-အသံရှည် သုံးချက်မြည်တယ်ဆိုရင်တော့ 3270 Keyboard card ကိုစစ်ဆေးဖို့လိုပါတယ်။

အခန်းဆက်အလိုက်ဆက်ရန်။လာမည် (သို့သော် မျှော်ရန်မလို)