Tuesday 29 June 2010

Intel ၏ Centrino ဆိုသည်ကာ

0 comments




Centrino ဆိုသည်ကား Intel က ထုတ်လုပ်လိုက်တဲ့ နည်းပညာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ PersonalLaptop ကွန်ပျူတာတွေမှာ အသုံးပြုဖို့အတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။Centrino လို့ ပြောလိုက်တာနဲ့ တစ်ချို့က Mobile CPU လို့ပဲ ထင်တတ်ကြတယ်။ တကယ်တော့ Centrinoဆိုတာကို
 Mobile CPU လို့ ပြောတာထက် ကွန်ပျူတာ အခေါ်အဝေါ် တစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ဘာလို့ အဲ့လိုပြောလဲဆိုတော့ အဲ့ဒီလို ကွန်ပျူတာ အခေါ်အဝေါ် တစ်ခုလို့ ပြောတဲ့နေရာမှာ Centrinoဆိုတာ
 Mainboard Chipset လို့ ပြောလည်း ဖြစ်နိုင်တယ်။ Mobile CPU လည်း ဖြစ်နိုင်သလို Wireless
Network Interface လို့ ယူဆရင်လည်း ရပါတယ်။ဆိုလိုတာက Centrino ဆိုတာ လူတစ်ချို့ ထင်နေကြ
သလိုမျိုး Mobile CPU မဟုတ်ပါဘူး။ Centrinoဆိုတာနဲ့ Mainboard Chipset လို့ရော Mobile CPU လို့ ပြောရင်လည်း ရသလို၊ Wireless NetworkInterface လည်း ဒီ Centrino လို့ ပြောလိုက်ရင် ပါဝင်ပြီးသား ဖြစ်ပါတယ်။ဒါကြောင့် ဈေးကွက်မှာ Laptop ရောင်းချသူတွေဟာ Intel ရဲ့ Centrino တံဆိပ်ကို ရောင်းချ
တယ်လို့ပြောမယ်ဆိုရင် တကယ်တမ်း အဲ့ဒီမှာ ရှိရမယ့် Centrino မှာ သုံးမျိုး ဖြစ်ရပါမယ်။ အဲ့ဒီ သုံးမျိုးက
ဘာတွေလဲဆိုတာ အထက်မှာ ပြောပြခဲ့တဲ့ သုံးမျိုးပဲ ဖြစ်ပါတယ်။ Mainboard Chipset, Mobile CPU, and
Wireless Network Interface တို့ပဲ ဖြစ်ကြပါတယ်။ ဒီ Centrino ကို အသုံးပြုထားမယ်ဆိုရင် ကွန်ပျူတာရဲ့
System Performance ကို ပိုကောင်းစေပြီး၊ Battery အားကိုလည်း ပို၍ကြာရှည်ခံစေပါတယ်။ Laptop ကို
နေ့စဉ်နေ့တိုင်း တောက်လျှောက် အသုံးပြုမယ်ဆိုရင်တောင်မှ Battery Recharge ဘက်ထရီကိုပြန်ပြီးအား
မသွင်းပဲနဲ့ပဲ နေ့စဉ် (၇) နာရီထိအောင် အသုံးပြုခံနိုင်ပါတယ်။စက်မှုလုပ်ငန်း တစ်ခုကဆိုရင် ဒီ Centrino ကို IBM ရဲ့ Thinkpad Laptop တွေမှာ အသုံးပြုတာ (၇)နာရီထိအောင် အသုံးပြုခံနိုင်တယ်လို့ ပြောပါတယ်။
ဒီလိုမျိုး အကျိုးကျေးဇူးတွေရှိတာဖြစ်တဲ့အတွက်ကြောင့် Intel က သူ့ရဲ့ Centrino Laptop ဖြင့် လက်ရှိ Laptop ဈေးကွက်ကို ဦးဆောင်ဖို့မျှော်လင့်ခဲ့ပါတယ်။တကယ်လည်း Centrino ဟာ Laptop ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းအခုအချိန်မှာ Desktop ကွန်ပျူတာတွေနေရာမှာ Laptop ကွန်ပျူတာ
တွေ တော်တော်များများ အစားထိုးအသုံးပြုနေကြပြီး ဖြစ်တယ်လေ။ နောက်ပြီးတော့ Centrino Wireless Network Connection ကိုလည်းArea ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေပါတယ်။Centrino မှာ ပါဝင်တဲ့ Package အမျိုးအစားတွေကို ပြောရရင်တော့- 1. Pentium M processor 2. 855 chipset Family
3. PRO/ Wireless Network Connection တို့ပဲ ဖြစ်ကြပါတယ်။ Pentium M Processorဟာ Intel Centrino က ထုတ်လုပ်လိုက်တဲ့ Processor တစ်ခုပဲ ဖြစ်ပါတယ်။M Processor ဆိုတာက Single Core နှစ်ခုသာရှိတဲ့ 32 bit ရှိတဲ့ x86 Microprocessor တစ်ခုပဲဖြစ်ပါတယ်။ Intel က ၂၀၀၃ ခုနှစ် မတ်လမှာ စတင်ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ M Processor ရဲ့အနည်းဆုံး Power Consumption က 3.25w ထိရှိပါတယ်။ အထူးသဖြင့် Personal Laptopကွန်ပျူတာတွေမှာ အသုံးပြုရန် အဓိကထား ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
ဒီ Pentium M processor ရဲ့ အများဆုံး Clock Speed က 900 MHz ကနေ 2.26GHz ထိရှိပြီးတော့ FSB(
Front Side Bus )Speed ကတော့ 400 Mt/s ကနေ 533 Mt/s ထိရှိပါတယ်။ Intel 855 Chipset Family မှာ
Intel Centrino Processor Technology တစ်မျိုးပဲ ဖြစ်ပါတယ်။Power Consumption နည်းနည်းဖြင့်
ပိုကောင်းတဲ့ လုပ်ဆောင်ချက် Performance ကို ရရှိစေဖို့အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Pro/Wireless Network Connection ဟာ Intel CentrinoProcessor Techonlogy က ထုတ်လုပ်ခဲ့တဲ့ Solution တစ်ခုပဲ ဖြစ်ပါတယ်။Intel PRO/Wireless Connection ဟာ အလုပ်လုပ်ရာမှာ ပို၍ လွတ်လပ်မှု
ရှိသလို၊ Flexibility လည်းပိုဖြစ်ပါတယ်။ နောက်ပြီးတော့ Phone Jack ခေါင်းကိုပဲ ဖြစ်စေ၊ Network Cable ကိုပဲ ဖြစ်စေကိုယ်အသုံးပြုရမည့် Network Card မှာ တပ်ပြီးသုံးစရာမလိုပဲ အသုံးပြုလို့ရပါတယ်။ဆိုလိုတာက သူ့ရဲ့ Wireless LAN Connection ကနေမှ Connected ဆက်သွယ်မှုကို ရရှိစေနိုင်ပါတယ်။Intel ကဆိုရင် ဒီ Centrino အတွက် ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ သန်း 300 ထိအကုန်အကျခံပြီးတော့ကို ရင်းနှီး
မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။အဲ့သလို ဘာလို့ အကုန်အကျ အများကြီးနဲ့ ကြောငြာကို ရင်းနှီးမြှုပ်နှံခဲ့သလဲဆိုတော့ ဒီ CPU ဈေးကွက်တစ်ခုလုံးမှာ အသုံးပြုသူတွေဟာ Pentium M နှင့် Intel Core processor ကို Centrino Processorအဖြစ်လွဲမှားစွာနဲ့ မှတ်ယူနေကြပါတယ်။ တစ်ချို့များစွာသော Consumerအသုံးးပြုသူတွေဟာဆိုရင်
သူတို့ရဲ့Laptop ကွန်ပျူတာတွေမှာ Wireless Connection ကို Centrino ကသာ ပိုပြီးတော့ Support လုပ်နိုင်
တယ်လို့ စွဲမြဲစွာ မှတ်ယူထားကြပါတယ်။ ဒါကြောင့် Intel ရဲ့ Centrino က PersonalLaptopကွန်ပျူတာတွေရဲ့
အောင်မြင်မှုကို ဖြစ်ထွန်းစေတယ်။ Personal Laptop ဈေးကွက်ကိုဦးဆောင်ပေးတယ်လို့တောင်ပြောနိုင်
ပါတယ်။

Monday 28 June 2010

3 D Video Cards အကြောင်း

0 comments



၁၉၉၀ ခုနှစ် အလယ်ပိုင်းတုန်းကဆိုရင် 3 D လောကအတွက် လိုအပ်တဲ့ Process မှန်သမျှကို ဘယ် CPU ကမှ ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သတိပြုထားရမှာတစ်ချက်က 3 D Object တွေ လှုပ်ရှားပုံက တကယ့်အပြင်လောကမှာ လှုပ်ရှားမှုတွေနဲ့ တူညီချင်တယ်ဆိုရင် ကျွန်တော်တို့ Run နေတဲ့ 3 D လောကကြီးကို တစ်စက္ကန့်မှာ ၂၄ ကြိမ်လောက် Refresh ပြန်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။နားရှုပ်သွားပြီလုားမသိဘူး။ ဆိုလိုချင်တာက Transformation ကနေ Texturing ကို ကူးပြောင်းတဲ့ Process ကြီးတစ်ခုလုံးကို တစ်စက္ကန့်ရဲ့ ၂၄ ပုံ ၁ ပုံတိုင်းမှာ တစ်ကြိမ်နှုန်းနဲ့ ထပ်ခါထပ်ခါပြုလုပ်ပေးဖို့ လိုတယ်လို့ ပြောချင်တာပါ။ ဒါ့အပြင် Game ထဲမှာ Screen တစ်ခါပြောင်းတိုင်းပြောင်းတိုင်း အထဲမှာပါဝင်တဲ့ Object တွေကို Track လိုက်ပေးရတာလဲ ပါပါသေးတယ်။ ဒီတော့ ဒီလောက်အလုပ်များတဲ့ CPU ကြီး ကြာတော့ဘယ်ခံနိုင်ပါ့လဲ။     ဒါဆိုရင် ဘယ်လိုလုပ်ကြမတုန်း သိပ်မတွေးပါနဲ့။ ဆံပင်ဖြူသွားလို့ ချစ်သူက ပစ်သွားပါဦးမယ်။ အဖြေက Video Card ပါပဲ။ပထမဆုံးပေါ်တဲ့ 3 D Video Card ကို 3 D Rendering Card  ( 3 D ကို ဖြည့်ဆည်းပေးမယ့် Card) လို့ခေါ်ရင် ပိုကောင်းမယ်ထင်တယ်။ ဒီ Card ကရော CPU ရဲ့ အလုပ်အားလုံးကို လုပ်ပေးသတဲ့လား။ မဟုတ်ပါဘူး။ Transformation ကိုတော့ သူကလုပ်မပေးပါဘူး။ အဲဒီအစား CPU ရဲ့ အလုပ်တွေထဲကနေ ခွဲဝေယူပြီး ကူညီပေးပါတယ်။ 3 D Card ထဲမှာ Data Texture တွေအများကြီးသိမ်းလို့ရတဲ့ RAM ရယ်၊ Triangles တွေ ဖန်တီးဖို့ Texture တွေကို အမြန်နှုန်းနဲ့ ပုဂံလုံးစီးပြီး အစားထိုးဖို့အတွက် Power မြင့်တဲ့ Processor ရယ် ပါဝင်ပါတယ်။ သို့သော်လည်း ပြဿနာတစ်ခုက ရှိသေးတယ်ဗျ။ အဲဒီ 3 D Video Card ကို ဘယ်လိုခိုင်းစေကြမလဲ။ ဒီအလုပ်ကို Device Driver တွေက လုပ်ပေးနိုင်ပါတယ်။             အင်း စဉ်းစားကြည့်ရအောင်နော်။ ဘယ်လိုပဲ Device Driver က အလုပ်ကောင်းကောင်းလုပ်ပေးပေး ဖြစ်နိုင်ရင် 3 D Card ကို ဘာလုပ်လိုက်ပါ၊ ညာလုပ်လိုက်ပါဆိုပြီး ခိုင်းစေပေးမယ့် Instruction အစုလေးတွေ ပို့ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ပြောစရာမလိုအောင်ကို တီထွင်ပါရဂူတွေက တော်ကြပါတယ်။

     






Video Card တွေထဲက Application Programming Interfaces (APIs) Series ထဲမှာ Video Card အတွက် Instructions တွေ ထည့်ပေးထားပါတယ်။ ပြောရရင်တော့ API ဆိုတာ စကားမြန်လို့ပြောလို့ရတယ်ဗျ။ Video Card ကို လက်ရှိ အသုံးပြုနေတဲ့ Program ဆီက ထုတ်လွှတ်ပေးတဲ့ Command တွေကိုယူတယ်၊ ပြီးရင် အဲဒီ Command တွေကို Device Driver တွေနားလည်နိုင်မယ့် Instruction တွေအဖြစ်နဲ့ ပြောင်းလဲပေးပါတယ်။ နှစ်တွေပြောင်းလဲလာတာနဲ့အမျှ API တွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ဟာက အကောင်းဆုံးပါလို့တော့ အဖြေမပေါ်ခဲ့ဘူးဗျ။
နောက်ပိုင်းမှာတော့ 3 D Video တွေကို လူကြိုက်များလာတဲ့အတွက်ကြောင့် Microsoft ကလည်း သူ့ဦးနှောက်ကြီးကို 3 D Graphic ဘက်ကို အတင်းဆွဲလှည့်တော့တာပေါ့။ အဲ သူ့ကျတော့ တစ်မျိုး စဉ်းစားတယ်ဗျ။ 3 D Graphics ကို သူ့ကိုယ်ပိုင် API နဲ့ သူ အလုပ်လုပ်ခိုင်းမလို့တဲ့။ သူတို့ကတော့ အဲဒီ API ကို Direct X လို့ခေါ်ပြန်တယ်။ Direct X အကြောင်းကိုသိချင်ရင်တော့ နောက်ခေါင်းစဉ်တစ်ခုနဲ့ ကျွန်တော်ပြောပြပေးပါ့ဦးမယ်။ API တွေအားလုံးဟာ အလုပ်အတူတူပဲ လုပ်တယ်လို့ ပြောလို့ရပေမယ့် အားလုံးမှာမတူညီတဲ့ ကွာခြားချက်လေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီး ခြားနားနေတာမျိုး မဟုတ်တော့ အရမ်းသိသာမှာ မဟုတ်ပါဘူး။ကဲ ဒီဆောင်းပါးလေးကတော့ 3 D Video Card ရဲ့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။

ADSL ကြောင်းသိကောင်းစရာ

0 comments


ADSL  ဆိုတာဘာလဲ...... ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Network ချိတ်ထားကြပြီး Computer တွေဟာတစ်လုံးနဲ့တစ်လုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေ အစရှိတာတွေကို အပြန်အလှန်ဖလှယ်နေကြတာနဲ့အမျှ Computer တွေတစ်လုံးနဲ့တစ်လုံး Network ချတ်ဆက်မှုဟာအင်မတန် မှများပြားလာပြီး Internet ဆိုတဲ့ ဝေါ်ဟာရကြီးဟာလည်းပေါ်ပေါက်လာပြီဖြစ်ပါတယ်။
အဲဒီ  Internet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစုကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internet ဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်း မရေတွက်နိုင်လောက်အောင်များပြားလာပါပြီ။ အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ  Internet ကို ချိတ်ဆက်တဲ့ Internet Connaction ချိတ်ဆက်မှုနည်းပညာထဲမှာ  ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့ မြန်မာပြည်မှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ Internet Connection ချိတ်ဆက်မှုနည်းပညာကြီးကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ထင်ပါတယ်။
ADSL တဲ့............. ADSL ရဲ့အရှည်ကောက်ကိုပြောပြမယ်နော်....( Asymetric Digital Subscriber Line ) လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Café ဆိုင်တွေတော်တော်များဟာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းက ကျွန်တော်တို့ တတွေဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internet ကို  ချိတ်ဆက်ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connection ဟာ အရမ်းကိုနှေးလွန်းလှပါတယ်။ ဒါပေမယ့်............အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ Internet Connection Line များပေါ်ထွက်လာပြီ ဖြစ်ပါတယ်။      
ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကို အသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့ Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog Phone Lineရှိတယ်ဆိုတာကို သိထားပါနော် ......ဒီတော့ ADSL Internet Connection နဲ့ Internet ကိုချိတ်ဆက်မယ်ဆိုရင် မိမိဆီမှာရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင်ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့နော် ....ကဲဒီလိုဆိုရင်ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Line သည်ဘယ်ကနေလာသလဲ။ သြော် ....... ဒါများ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့ ကျွန်တော်ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲပြောချင်တာပါ။ အဲဒီ Phone Exchange  မှာ DSLAM ထိုင်ထားရမယ်။
အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connection ကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAM ဆိုတဲ့အကောင်ကြီးနဲ့သွားချိတ်ထားမှ Internet  Connection ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဟ........ရှုပ်နေတာပဲ DSLAM ဆိုတဲ့အကောင်ကြီးကဘာလဲ ဟ .......ဆက်ရှင်းပါဦး။ ဟုတ်ကဲ့ ကျွန်တော်ဆက်ရှင်းပါ့မယ်ခင်ဗျာ
မောလို့ရေသောက်လိုက်ဦးမယ် .......ဟူး....အဲဒီ DSLAM ကြီးကဘာကို လုပ်ဆောင်ရတာလဲဆိုရင်.....သူလုပ်ဆောင်ပေးတဲ့ အလုပ်ကိုပြောချင်တာ DSLAM လုပ်ဆောင်ပေးရတာကတော့ Voice( အသံ )နှင့် Data ကိုခွဲထုတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ DSLAM ကြီးက ISP နဲ့ လည်းတိုက်ရိုက်ချိတ်ဆက်ထားတယ်။ နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော် တို့တတွေဟာ Internet ကိုလည်းသုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။
ကဲကဲ....... ကျွန်တော်ပြောတာကို ပိုပြီး သဘောပေါက်နားလည်သွားအောင် အောက်မှာဆွဲပြထားတဲ့ ပုံလေးကို သေချာကြည့်လိုက်ပါဦးနော်။ ကဲ.........ဘယ်လိုလဲဗျ ကျွန်တော်ဆွဲထားတဲ့ပုံကို ကြည့်ပြီးနားလည်းလား ရှုပ်သွားသလား။ ကျွန်တော်ဆက်ပြီးရှင်းပြပါ့မယ်။ ပုံမှာပြထားတဲ့ အတိုင်းပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet Service Provider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ်တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ ISP ကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် PSTN(Public Suitch Telephone Network) လို့ခေါ်တဲ့ Telephone Network ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchange တစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။ ၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAM ကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် DSLAM ကြီးသည် Phone Line ငယ်များကိုတစ်ဆင့်ပြန်ထွက်စေပြီး ADSL Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့ အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။
ADSL Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာ ADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADSL Model ရဲ့ Download Speed သည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12 Mbps Upload speed သည် 1 Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ကဲဒါဆိုရင် ADSL Modem ရဲ့ အမျိုးအစားပေါ်မှုတည် ပြီးလည်းကောင်း တို့ရဲ့ Speed ကွာခြားချက်ကိုနားလည် ပြီလို့ထင်တယ်။

Friday 18 June 2010

Windows ပြဿနာအဖြေရှာ

0 comments
အခုတလော ဗိုက်ရပ်စ် လိုပြောရမလား ဘာလိုပြောရမှန်းမသိတဲ့ Windows တစ်ခု ဖွင့်ပြီး အဲဒီ ၀င်းဒိုးထဲမှာ
ရှိတဲ့ ဒေတာတွေ ကို ဖွင့်ရင် ဖွင့်ချင်တဲ့ ၀င်းဒိုးတော့ပွင့်ပါတယ် ။ ဒါပေမယ့် နောက်တစ်ခု ထပ်ပွင့်နေတယ် ။ ကွန်ပျူတာ မှာ application error တစ်ခုတတ်နေတဲ့ သ ဘောမျိုးလေးပေါ့ဗျာ ။ အဲဒါကို ဘယ်လို ဖြေရှင်းရမလည်းဆိုတာကို အခု ပြောပြချင်ပါတယ် ခင်ဗျာ ။ ကဲစပါမယ်ခင်ဗျာ ။



ပထမဆုံး ပါတေးရှင်း တွေကို ဖွင့်လိုက်ရင် အခုလို မြင်ရတဲ့ ပုံစံမျိုးတွေ ဖြစ်ဖြစ်နေတာကို ပြောတာပါ ။အဲဒါကို ဘယ်လို ဖွင့်ရမလည်း ဆိုတော့ ဇစ်ဖိုင်တွေကို ဖြေတဲ့ ချူပ်တဲ့ WinRAR software လေး Run ပြီး open with မှာ အဲဒီ WinRAR နဲ့ ဖွင့်ဖို့လိုပါမယ် ။



ပုံမှာ ပြထားတဲ့ အတိုင်း ပွင့်လာတဲ့ အဖိုင်တွေထဲက autorun.inf ဆိုတဲ့ ဖိုင်အမျိုးအစားကို ရှာပါ။



အဲဒီ autorun.inf ဖိုင်လေးလား Delete လုပ်လိုက်ပါ ခင်ဗျာ ။ မိမိကွန်ပျူတာမှာ ပါတေးရှင်း ရှိရင် ရှိသလောက် ကို လိုက်ဖွင့်ပြီး အဲဒီ အထဲမှာ ရှိနေတဲ့ autorun.inf ဖိုင်တွေကိုလည်း Delete လုပ်လိုက်ပါခင်ဗျာ ။ အားလုံးဖျက် ပြီးသွားရင် ကွန်ပျူတာအား Restart ချလိုက်ပါခင်ဗျာ ။ Windows ပြန်တတ်လာရင် အားလုံး အဆင်ပြေသွားပါ လိမ့်မယ် ။

ကိုမောင်နိုင်

Electronics ဖြစ်ပေါ်လာပုံ

0 comments


Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန်လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။
Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။
သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။
အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။

1.
အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
2.
ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
3.
လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
4.
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
5.
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
6.
မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။


(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။
ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။

ကိုမောင်နိုင် ရေထားတာကို ဖတ်ပြီး ဗဟုသုတအဖြစ်ကျွန်တော့်ဆီမှာ တင်ပြလိုက်တာပါ။

Friday 11 June 2010

Motherboard အတွင်းရှိသင့်သည့် Components များ




ကဲဒီတစ်ခေါက် Motherboard အတွင်းမှာရှိသင့်ရှိ ထိုက်တဲ့ Compenents တွေကိုပြောပြပေးပ့ါမယ်။
ဒါပေမယ့်လို့ Motherboard ထုတ်တဲ့ Company တော်တော်များများ ဟာနောက်ပိုင်းထွက်ရှိလာတဲ့
နည်းပညာပေါ်မှုတည်ပြီး လိုအပ်တဲ့ Components တွေကိုထည့်ပေးကြပါတယ်။ ကဲ အခု
ပြောပြမယ့်အချက်အလက်တွေကစံတစ်ခုအနေနဲ့ပါ။ ၎င်းဖော်ပြမယ့်အချက်အလက်တွေဟာ
အခုနောက်ပိုင်းထွက်ရှိလာကြတဲ့နည်းပညာပေါ်လိုက်ပြီး ရှိရမယ့် Components တွေပဲဖြစ်ပါတယ်။ ကဲ..ဒါဆို စပြီး လေ့လာကြမယ်နော်။

CPU
အရင်တုန်းက CPU Socket, တွေသည် PGA Type အမျိုးအစားတွေပါ။ ၎င်း PGA Type တွေကတော့ကြာပါပြီ။
အခုနောက်ပိုင်းမှာတော့ LGA ဆိုတဲ့ ( Lan grid Array ) တွေထွက်ရှိလာပါပြီ။ အခုနောက်ပိုင်း မှာ LGA Socket 775
တွေသည် Intel Dual Core, Celeron Processor Intel Core 2 Duo တွေကိုလိုက်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ
အခုနောက်ဆုံးပေါ် CPU တွေကိုစိုက်ချင်သပဆိုရင် LGA 1156 Socket ဟာအကောင်းဆုံးပါပဲ။ ၎င်း Socket Type
တွေသည် CPU Core i5, C ore i7 ဆိုတဲ့ နောက်ဆုံးပေါ် CPU နည်းပညာတွေကို ချိက်ဆက်နိုင်ပါတယ်။ အခုနောက်ပိုင်း
Motherboard တွေသည် LGA Socket 1156 ကိုကူးပြောင်းလာကြပါပြီ။
Memory ( Main Memory )
Dynamic Memory လို့ခေါ်တဲ့ Main Memory အမျိုးအစားတွေဟာ ပုံမှန်အားဖြင့် (3) မျိုးရှိပါတယ်။ SO RAM, DDR
RAM နဲ့ RD RAM အမျိုးအစားတွေပါ။ ဒီနေရာမှာ SD RAM တွေကတော့ဖြင့် အရင် P2, P3 Motherboard တွေမှာသုံးခဲ့
တာပါ။ နောက်တစ်ခုဆိုတဲ့ RD ( Rambus Dynamic ) RAM ဟာအရမ်းဈေးကြီးလွန်းလှတာကြောင့် ဈေးကွက်မှာ ပျောက်
သွားပါတယ်။ ဒါ့အပြင် ၎င်း RAM များဟာ P4 Motherboard တွေမှာ သာအသုံးပြုပါတယ်။ အခုနောက်ပိုင်းမှာတော့ RD
RAM တွေမသုံးတော့ပါဘူး။ ကဲနောက်ဆုံးတော့ DDR RAM အမျိုးအစားပဲရှိတော့တယ်။ အခုနောက်ပိုင်းမှာ RAM
နဲ့ပတ်သတ်ပြီး အသုံးများတဲ့ Memory တွေဟာ DDR RAM တွေဖြစ်ပါတယ်။ DDR ဆိုတာကတော့ ( Daubic Data Rate )
ဖြစ်ပြီး Data ကိုလုပ်ဆောင်နိုင်စွမ်း နှစ်ဆပိုတိုးမြှင့်လိုက်တာပဲဖြစ်ပါတယ်။ DDR RAM မှာတော့ အမျိုးအစား (3) မျိုးရှိပါ
တယ်။ ဒါတွေက DDR RAM, DDR2 RAM နဲ့ DDR 3 RAM တို့ဖြစ်ပါတယ်။ ၎င်း(3) ခုရဲ့ကွာခြားချက်တွေကတော့ Memory
Card အတွင်း မှာပါဝင်တဲ့ Pins အရေအတွက်နဲ့ Bus speed တို့ပဲဖြစ်ပါတယ်။ ကျန်တာလေးတွေ လဲရှိပါတယ်။ ဒါတွေက
တော့ အဓိကအချက်တွေပါ။ နောက်တစ်ခုက ၎င်း RAM တွေကို Motherboard ရဲ့ OIMM Slot မှာ စိုက်ရမှာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ SD RAM တွေကိုအသုံးပြုတဲ့ Motherboard တွေတွေ့နိုင်ပါတယ်။ ဒါပေမယ့်လို့ သင်ဟာ Memory
ကိုအမြန်ဆုံးနဲ့ Data ပို့ဆောင်နိုင်မှုတွေကို အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ DDR Memory ကိုသုံးဖို့လိုအပ်လာပါပြီ။
ခုနောက်ပိုင်းမှာ Motherboard ကုမ္ပဏီများသည်လည်း SD RAM မှတစ်ဆင့် DDR Memory ကိုအသုံးပြုနိုင်ရန်အတွက်
Support လုပ်လာကြပါပြီ။
Connector
အခုနောက်ပိုင်း Motherboard တွေသည် SAIA Connector တွေပဲပါဝင်လာတာတွေ့ရပါတယ်။ ဒါဟာအလွန်ကောင်း
မွန်တဲ့ Motherboard တွေပဲဖြစ်ပါတယ်။ အရင်းတုန်းက Hard Disk တွေ Multimedia Derive တွေအသုံးပြုဖို့ရန်အတွက်
IDE Connector တွေနဲ့ပဲချိက်ဆက်ကြပါတယ်။ ၎င်း IDE Connector တွေနဲ့ ချိတ်ဆက်တဲ့ IDE Cable တွေရဲ့ Data
သွားနှုန်း Speed သည် 33/ 66/100 Mbps ပဲရှိကြပါတယ်။ အခုနောက်ပိုင်းမှာ SATA မှာတော့ 3.0Gbps အထိရလာပါပြီ။
ဒါ့အပြင် SATA နည်းပညာဟာ Drive တွေကို Point-to-Point ချိတ်ဆက်ထားတာကြောင့် System Unit အတွင်း
ရှုပ်ထွေးမှုမျိုးကို မဖြစ်စေပါဘူး။ ကဲ...Motherboard ပေါ်မှာ SATA Connector များလေသင့်ရဲ့ သိမ်းဆည်းထားတဲ့
Device တွေရဲ့ Data Speed ကများလေပါပဲ။ ကဲဒီတော့ Motherboard ပေါ်မှာ SATA Connector အရေအတွက်များ
ရင်ပိုကောင်းပါတယ်။
BIOS Chipset
ပုံမှန်အားဖြင့် Motherboard တွေမှာ BIOS Chipset တစ်ခုပဲပါပါတယ်။ ၎င်း BIOS Chipset အတွင်းမှာ CMOS ဆိုတဲ့
Program လေးပါပါတယ်။ ကဲ...ကောင်းပြီ အကယ်၍များ အဖျက်စွမ်းအားကြီးမားလှတဲ့ ကွန်ပျူတာ Virus တွေကြောင့်
သင့်ရဲ့ BIOS Chipset ဟာပျက်ဆီးသွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ကဲ...ဒီလိုမျိုးဖြေရှင်းနိုင်ဖို့ရန်အတွက် အခုနောက်
ပိုင်း Motherboard တွေသည် Dual-BIOS ထိပါ Support လုပ်လာကြပါပြီ အကယ်၍သင့်ရဲ့ Primary BIOS ဟာ Virus
ရဲ့ အန္တရာယ် ကြောင့်ထိခိုက်သွားခဲ့မယ်ဆိုရင်တော့မှ Secondary BIOS ဟာဝင်ရောက်ပြီး အစားထိုးလုပ်ဆောင်ပေး
နိုင်စွမ်းရှိပါတယ်။ ကဲ ..ဒါဆို Dual-BIOS ဟာအခုနောက်ပိုင်း Motherboard တွေမှာမရှိမဖြစ်အရေးပါလာပြီဖြစ်ပါတယ်။
Built in I/O Port များ
Motherboard ပေါ်မှာ Built-in I/O Port တွေဟာသိပ်ပြီး ပြည့်စုံကြတာရယ်လို့မရှိပါဘူး။ ပြည့်စုံခဲ့တယ်ဆိုရင်တောင်
မှနည်းပညာလိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဆိုလိုချင်တာက တစ်ချို့သော Motherboard တွေမှာ Monitor ကိုချိတ်
ဆက်ဖို့ရန် တောင်မှ VGA Port ပါမလာပါဘူး။ အဲ့ဒီအခါမှာ သင့်ရဲ့ Motherboard အတွင်းမှာပါဝင်တဲ့ AGP Slot မှာ VGA
ကဒ်စိုက်မှပဲရပါမယ်။ ဒါက မပြည့်စုံတာပါ။ နည်းပညာလိုအပ်ချက်ကတော့ USB 3.0 နည်းပညာကို Support လုပ်လာမှု
နည်းနေပါသေးတယ်။ ဒါအပြင် Network ချိတ်ဆက်မှုအပိုင်းမှာလည်း ယခုအခါ Ethernet 1000 mbps အထိရှိနေခြင်း
ဟာ Motherboard ရဲ့ Ethernet10/100 mbps Port ကို နည်းပညာလိုအပ်နေသေးကြောင်းပြောခြင်းဖြစ်နေပါပြီ။
ကဲ တစ်ခြားသောအကြောင်းအရာ တွေကိုတော့ နောက်ထပ် အပိုင်းကဏ္ဍတစ်ခုနဲ့ထပ်ပြီး ဖော်ပြပေးပါ့မယ်။ အပေါ်မှာ
ပြောပြခဲ့တဲ့အချက်တွေဟာ Motherboard ပေါ်မှာရှိသင့်တဲ့ Components တွေနဲ့ နည်းပညာတွေဖြစ်ပါတယ်။ ကဲ.ဒါဆိုရင်
သင်ဘယ် Motherboard ကိုရွေးချယ်နိုင်သလဲ ဆိုတာအခြေခံ နားလည်းသွား လောက်ပါပြီ။

Wednesday 2 June 2010

Basic Computer Knowledge (All OS)

ကျွန်တော် အခြေခံဖြစ်စေမယ့် အရာလေးတွေကိုစုစည်းပြီးတော့တင်ထားပါတယ်။သိတဲ့သူလည်းပိုသိသွားပြီး ၊
မသိသေတဲ့သူလည်း သိရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒီပိုစ့်အတွက် သူငယ်ချင်းမောင်နှမတွေအားလုံး
တစ်ခုခုသိခဲ့မယ်ဆိုရင် ရှာဖွေရကျိုနပ်ပါပြီး။Window Xp မှာအများဆုံဖြစ်နေတတ်တဲ့ Taskmanger Enable/
Disable,Folder Option ပျောက်သွားတာတွေ၊gpedit.msc Disable တွေကိုဖြေရှင်ပေးနိုင်မယ့်နည်းလမ်း
မြောက်များစွာကိုအောက်ကလင့်မှာဖော်ပြထားပေးပါတယ်။



Canon Printer Mini Drivers


ဟိုတလောက ကျွန်တော်ဆာဗစ်လုပ်ပေးနေတဲ့အိမ်တစ်အိမ်က ပရင်တာ Canon PIXMA MP 258 တစ်လုံးရဲ့  Driver CD ကို ခလေး ကဘယ်လိုလုပ်လိုက်လဲမသိဘူး အေးချမ်းမေ ဖြစ်သွားရော..။ကွန်ပျူတာကို ၀င်းဒိုတင်၊ဘာတင်နဲ့ လုပ်ပြီး ပရင်တာအတွက် Driver ကိုတောင်းတော့ မရှိတော့ဘူးတဲ့ ... သေပြီးဆရာပေါ့ ၀င်ဒိုးမတင်ခင် Backup လုပ်ခဲ့ဖို့ကလည်း ၀င်ဒိုးက မပွင့်တာ ၂ ပတ်လောက်ကြာပြီးဆိုတော့ ဘာအစမှ ပြန်ရှာလို့မရဖြစ်နေပြန်ရောကဲ ..ဒါနဲ့မထူးတော့ဘူး ဆိုပြီး .. ကျွန်တော်ဖုန်းမှာ လက်ကျန် အင်တာနက်အချိန် ၂နာရီလောက်ကျန်သေတာနဲ့ မရှိမဖြစ်အားကိုးနေရတဲ့ Google ထဲးအမြန်ပြေးပြီး ရှာဖွေရေးစတင်တော့တာပေါ့။
အချိန်တိုတို နဲ့ ပရင်တာ ထုတ်လို့ရအောင် ဥာဏ်ကွန့်ကြည့်လိုက်ပါတော့တယ်။ကွန်ပျူတာထဲးကို Printer USB Port ထည့်လိုက်တော့ Found New Hardware ဆိုပြီးပေါ်လာတော့ အဲဒီကလိုအပ်တဲ့ Part File လေးလောက်ကိုပဲရှာပြီးထည့်လိုက်ရင်အိုကေမယ်ဆိုပြီး၁၅ မိနစ်လောက်အချိန်ကြာကြာရှာလိုက်တော့တွေ့ပါ
တယ်။အဲဒါနဲ့ အပျော်လွန်ပြီး ပရင်တာထုတ်ကြည့်တော့ မရ .. ။ ကွန်ပျူတာက ပရင်တာ Hardware ကိုသိပြီး Photoshop နဲ့ Scan တွေ၊ပရင်ထုတ်ဖို့အတွက်ကျတော့အလုပ်မလုပ်ပြန်ဘူး။ မနက်ထဲးက မနက်စာလည်းမစားရသေဘူး။ဗိုက်ကလဲဆာနေပြီးအာရုံကလည်းအစာအိမ်ကိုပထမ ဦးစာပေးဖြစ်နေတယ်
ဆိုတော့ သေသေချာချာမရှာချင်တော့ဘူး။ဒါနဲ့ပဲ နောက်ထပ် တစ်ခုမှမရရင်တော့ ထမင်ပြန်စားပြီးမှပဲ လာတော့မယ်လို့ စိတ်ကူးထားလိုက်တယ်။ ရှေ့ကုသိုလ်ကံကြောင့်ထင်တယ် သိပ်မရှာလိုက်ရဘူးချက်ချင်းကို
တွေ့တော့တာပဲ..။အားလုံး လုပ်ပြီးကိုင်ပြီးတော့ ဆားဗစ်ကြေး လေးယူပြီး ကျွန်တော့်ဆိုင်ကို ပြန်ခဲ့ပါတော့တယ်..။
ဆိုင်မှာ ဟင်းပဲ ကောင်းလို့လာ ကျွန်တော်ပဲ ဗိုက်ဆာလို့လာမသိဘူး စားလိုက်တာ .. မာမီခေါက်ဆွဲးပြုတ် ကြော်ငြာ ထဲးကလို"ကောင်းမှကောင်း" ပဲ။ လေးရှည်နေတာနဲ့ အဓိက ပေးချင် ပြောချင်တာလေးတွေကို မပေးမိသေဘူး။ အောက်မှာ Canon တွေအတွက် Drivers တွေပါ။

http://www.soft82.com/free/canon-pixma-mp145-all-in-one-driver/

Canon PIXMA MP 145 All-In-One ပရင်တာတွေကို Co.Ltdကထပ်မထုတ်တော့ဘူးလို့မိတ်ဆွေးတစ်
ယောက်ကပြောပါတယ်။ဒါကြောင့် နောက်မော်ဒယ်အသစ် Canon PIXMA MP 258 ဆိုပြီးထပ်ထွက်
လာ
တာပါ။Canon PIXMA MP 258ကတော့ ပိုအယ်ရာများပါတယ်။ဘေးက ဆေးဗူး မတွဲးခင်အထိတော့
Error ကင်းတာပေါ့။ ကင်းဆို .. သူ့မှာပါတဲ့ ဆေးဗူး(Cartridge)ကလည်း A4 စာရွက်အပြည့်ကာလာ
တွေထုတ်
မယ်ဆို ၁၄ ရွက်လာပဲရတယ်။ ပရင်တာတန်ဖိုးက ထိုင်းဘတ်၂၀၀၀ ကျော်ပဲရှိတာ။အထဲးက ဆေးဗူး(Color Cartridge and Black Cartridge)၂ဗူးကိုပဲ ဘတ် 1500 လောက်ကျနေပြီး။ဒီတော့ ပရင်တာအခွံက ဘာတန်ဖိုးမှမရှိတော့ဘူး။Canon PIXMA MP 145 All-In-One ကတော့ Canon PIXMA MP 258 All-In-One လောက်အယ်ရာမရှိပါဘူး..။Canon PIXMA MP 145 All-In-One ကိုလက်ရှိသုံးနေကြတဲ့မိတ်ဆွေးတွေအတွက် အယ်ရာတက်လာရင် ဖြေရှင်ဖို့နည်းလမ်းတွေကို ကိုကျော်မြင့်ဦး ကပြောပြထားတာရှိပါတယ်။ ဒီလင့် မှာသွားကြည့်နိုင်ပါကြောင်း ...။

Tuesday 1 June 2010

Laptop Hard Disk များကို Shock Bar ခံထားတယ်ဆိုတာ ....

Laptop တွေဟာ လွယ်လွယ်ကူကူ သယ်ယူသွားလို့ရတယ်မလား...။ ဒီအခါမှာ မတော်တဆ လွတ်ကျ တာတို့၊ တစ်ခုခုနဲ့ တိုက်မိသွား တာတို့ ဖြစ်ခဲ့ရင် Hard Disk ကို အဓိက ထိခိုက်စေနိုင်ပါတယ်။ Hard Disk ထဲမှာ ရှိတဲ့ အစိတ်အပိုင်းလေးတွေက လှုပ်ရှားမှုဒဏ်ကို မခံနိုင်ကြပါဘူး။ Hard Disk က အရမ်းလှုပ်ရှားပြီး တုန်ခါသွားတဲ့အခါမျိုးမှာဆိုရင် Hard Disk ကို ဖတ်လို့မရနိုင်တာတွေ၊ Hard Disk မှာ Error တက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ...လိုမျိုး ဖြစ်သွားတဲ့အခါမှာ တစ်ခါတစ်ရံ သိမ်းဆည်းထားတဲ့ အချက်အလက်တွေ ပျက်စီးသွားတတ် သလို၊ ကံကောင်းလျင်လည်း ပျက်စီးသွားတဲ့ အချက်အလက်တွေကို ပြန်လည် Recovery လုပ်လို့ရ ပါတယ်။ အဲလို ပြန်လုပ်ဖို့က Special Recovery Software တွေကို အသုံးပြုရပါတယ်။ ကံမကောင်းရင် တော့ ဘာမှကို ပြန်ရမှာ မဟုတ်ပါဘူး။ ဒါမျိုးတွေ မဖြစ်ရလေအောင် Laptop Hard Disk ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက စဉ်းစားအားထုတ် လာကြပါတယ်။ ဒီလိုနဲ့ပဲ Shock Bar တွေကို Laptop ရဲ့ Hard Disk တွေမှာ အသုံးပြုလာကြပါတယ်။ အဲလို အသုံးပြုလာတဲ့အတွက် Hard Disk ရဲ့ တုန်ခါမှုကို တတ်နိုင်သမျှ လျှော့ပေးလာနိုင်ပါတယ်။ ကားတွေမှာ Shock Bar တွေတပ်တာတော့ စာဖတ်သူ ကြားဖူးပါလိမ့်မယ်။ ကားတွေမှာ Shock Bar တွေ တပ်ထားတဲ့အခါကျတော့ ကားစီးသူကလည်း ညိမ့်ညိမ့်လေးနဲ့ ကားစီးလို့ရတာပေါ့။ အကယ်၍ ကားက ချိုင့်တွေ၊ ကျင်းတွေထဲ ကျသွားရင်တောင် ကားက ညိမ့်ညိမ့်လေးနဲ့ ဆက်သွားပါတယ်။ အဲဒီသဘောတရား အတိုင်းပါပဲ Hard Disk မှာ Shock Bar တွေ ခံထားတဲ့အခါကျတော့ Hard Disk ကို အရမ်းကြီး တုန်ခါ လှုပ်ရှား မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲလို တုန်ခါမှုမရှိတော့ရင် Hard Disk ရဲ့ အတွင်းပိုင်း မှာရှိတဲ့ အစိတ်အပိုင်းတွေကလည်း လွယ်လွယ်နဲ့ မပျက်စီးတော့ဘူးပေါ့။ ယခုဆိုရင် Laptop ထုတ်လုပ်တဲ့ ကုမ္ပဏီတော်တော်များများဟာ Shock-bar တွေကို တပ်ဆင်လာကြပါ တယ်။ အဓိက ရည်ရွယ်ချက်ကတော့ မတော်တဆ Laptop က ပြုတ်ကျသွားတယ်ဆိုရင် Screen တွေ၊ အခြားပစ္စည်းတွေကို ကာကွယ်နိုင်ဖို့ထက် သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့ရန် Hard Disk ကို မထိခိုက်စေဖို့က ပိုပြိးအရေးကြီးတယ်ဆိုတာကို သိရှိလာလို့ပါပဲ။ ၎င်း Shock Bar တွေကို Hard Disk မှာ တပ်ဆင်အသုံးပြုတာကို Shock Proof လို့ခေါ်ပါတယ်။ နောက်ဆုံးပေါ် Laptop တော်တော်များများမှာတော့ Shock Proof တွေပါဝင်လာပါတယ်။ Hard Disk နဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချလို့ ရလာတာပေါ့။ အဲဒီတော့ သင့်အနေနဲ့ Laptop ၀ယ်မယ်ဆိုရင် Shock Bar အသုံးပြုတားတဲ့ Shock Proof ပါဝင်တဲ့ Laptop တွေကိုပဲ ၀ယ်ပါလို့ တိုက်တွန်းလိုက်ပါတယ်...။

ကောသလအိပ်မက် ၁၆ ချက်

အမေး ၁။
နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။
အဖြေ ၁။
နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ မိုးကောင်းကောင်း မရွာဘဲဖြစ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစား အစာရှားပါးလိမ့်မယ်။ မိုးက ရွာမလိုလိုနဲ့ အရပ်လေးမျက်နှာကနေ အုံ့ဆိုင်းလာလိမ့်မယ်။ အဲဒီအခါ လူတွေအားလုံးက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အစွမ်းကုန် ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမယ့် မိုးက ခြိမ်းရုံ ခြိမ်းပြီ မရွာဘဲ သွားလိမ့်မယ်။
အမေး ၂။
သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြတယ်။
အဖြေ ၂ ။
နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်။
အမေး ၃။
နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်။
အဖြေ ၃။
နောက်နောင် လူတွေဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်။
အမေး ၄။
အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး။
အဖြေ ၄။
နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ်တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။ လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။ အမေး ၅။
မျက်နှာနှစ်ဖက်ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေးနေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။
အဖြေ ၅။
နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။
အမေး ၆။
လူတွေက တစ်သိန်းတန်ရွှေခွက်ကို သန့်နေအောင်လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
အဖြေ ၆။
နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆလာဘ်လာဘတွေ ထိုးသိပ်ရမယ်။
အမေး ၇။
လူတစ်ယောက်ကကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်က ခွေးက သူ့ကြိုးကို စားနေတယ်။
အဖြေ ၇။
နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်းရှာထားတာတွေကို မိန်းမတွေက အဆင်တန်ဆာ ၀တ်ဆင်ဖို့ ကြွားဝါဖို့ လောလည်ဖို့အတွက် အသုံးပြုလိမ့်မယ်။ အလုပ်လုပ်တဲ့ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာသမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ်။
အမေး ၈။
မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေ အများကြီးရံထားတဲ့ ရေပြည့်အိုး တစ်အိုးရှိတယ်။ လူတွေက ရေပြည့်အိုးထဲကိုပဲ ရေထပ်လောင်းထည့်နေကြတယ်။
အဖြေ ၈။
နောင်အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သားတွေကို နှိပ်စက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။
အမေး ၉။
ရေကန်တစ်ကန်ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေလာသောက်ပေမယ့် ရေက မနောက်ဘူး။
အဖြေ ၉။
နောင်အခါ မင်းတွေက တရားတဘောင်မရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ်လာဘ စားမယ်။ အခွန်အတုတ်ကို မတရားကောက်ခံမယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာတယ်။ လူတွေက နယ်စွန်နယ်ဖျားတွေမှာ ပိုပြီးသွားရောက်ထိုင်လိမ့်မယ်။
အမေး ၁၀။
ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက်ဖြစ်နေတယ်။
အဖြေ ၁၀။
နောင်အခါ တရားမရှိတဲ့ မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သား တွေကလည်း တရားမရှိ ဖြစ်လာမယ်။ အဲဒီကစလို့ လူတွေကလည်း တရားမဲ့လိမ့်မယ်။ အဲဒါကြောင့် မိုးကလည်း ရွာချင်တဲ့နေရာရွာ မရွာချင်တဲ့ နေရာ မရွာ ကြီးချင်တဲ့နေရာ ကြီးလိမ့်မယ်။
အမေး ၁၁။
တစ်သိန်းတန် စန္ဒကူး အနှစ်ကို သေရည်နဲ့ လဲသောက်တယ်။
အဖြေ ၁၁။
နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ်။
အမေး ၁၂။
ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။
အဖြေ ၁၂။
အမျိုးညံ့တဲ့သူတွေ အရှက်မရှိသူတွေ ကြီးပွားချမ်းသာလာလိမ့်မယ်။ နေရာကောင်းတွေမှာ အမျိုးညံ့သူတွေက အုပ်ချုပ်လိမ့်မယ်။ သီလမရှိသူတွေ ကျော်ကြားလိမ့်မယ်။
အမေး ၁၃။
ကျောက်ဖျာတွေက ရေပေါ်ပေါလောသွားနေတယ်။
အဖြေ ၁၃။
အမျိုးကောင်းသားတွေ ပညာတတ်တွေ အရာမရောက်ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက်လိမ့်မယ်။
အမေး ၁၄။
အလွန်ငယ်တဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ်။
အဖြေ ၁၄။
အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ မိန်းမကိုယူမိလို့ ဒုက္ခရောက်လိမ့်မယ်။
အမေး ၁၅။
ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ်။
အဖြေ ၁၅။
နောင်အခါ တိုင်းပြည်အုပ်ချုပ်သူဟာ စစ်ပညာမကျွမ်းကျင်လို့ စည်းစိမ်ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေ မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်။
အမေး ၁၆။
သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင်ဝါးနေတယ်။ ၀ံပုလွေတွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ်။
အဖြေ ၁၆။
နောင်အခါ အမျိုးညံ့တဲ့သူ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို သူတို့ဟာဆိုပြီ မတရား ဆွဲငင်ယူလိမ့်မယ်။

Microsoft Networking ဆိုင်ရာ ပညာသင်ဆုလျှောက်ထားနိုင်

အိုင်စီတီဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာလူငယ်များအား နိုင်ငံတကာအသိအမှတ်ပြု Network ပညာရှင်များဖြစ်စေရန်ရည်ရွယ်၍ Professional Networking ဘာသာရပ်များဖြစ်သော MCTS နှင့် MCITP Certificate သင်တန်းများအား အခမဲ့သင်ကြားပေးခြင်း၊ စာမေးပွဲကြေးသွင်းပေးခြင်းနှင့် အလုပ်သင်ပေးမည်ဖြစ်ကြောင်း Netinfo နည်းပညာသင်တန်းကျောင်းမှသိရှိရသည်။
မြန်မာ့အိုင်စီတီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူငယ်များတွင် Computer Networking ပညာရပ်များကို လေ့လာသင်ယူမှုပိုမိုများပြားလာလျက်ရှိသည်။ ကွန်ပျူတာများတွင်အသုံးပြုသော Operation System (OS) များမှာ Windows Vista, Windows 7, Server 2008 များဖြစ်လာသဖြင့် MCTS နှင့် MCITP Certificate များရယူလျက်ရှိကြသည်။ ထိုကဲ့သို့ရယူကြရာတွင် သင်တန်းကြေး၊ စာမေးပွဲကြေး၊ အလုပ်သင်ကြေးများမှာ ကုန်ကျမှုရှိသဖြင့် အချို့သောလူငယ်များအတွက် အခက်အခဲကြုံတွေ့လျက်ရှိသည်။ ထို့ကြောင့် Netinfo နည်းပညာသင်တန်းကျောင်းမှ အမှန်တကယ်ကြိုးစားပြီး နိုင်ငံတကာအသိအမှတ်ပြု Computer Networking Certificate ရရှိသူများအတွက် အဆင်ပြေစေရန်ရည်ရွယ်၍ ပညာသင်စာမေးပွဲကြေးသွင်းခြင်းနှင့် အလုပ်သင်ပေးခြင်းဖြစ်ကြောင်းသိရသည်။လျှောက်ထားလိုသူများအတွက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင်မရှိဖူးသူဖြစ်စေရမည် ဖြစ်သည်။ တက္ကသိုလ်တစ်ခုခုဘွဲ့ရထားပြီး ကွန်ပျူတာပညာကိုစိတ်ဝင်စားသော Professional အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူ ဖြစ်ရမည်ဖြစ်သည်။ ပညာသင်ဆု ၀င်ရောက်လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးရာဇ၀င်၊ မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၁) ပုံ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဘွဲ့လက်မှတ်၊ အကျင့်စာရိတ္တကောင်း၊ ရဲစခန်းထောက်ခံစာတို့လိုအပ်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် သင်တန်းသားများအနေဖြင့် ပြောင်းလဲတိုးတက်နေသော Computer Networking နည်းပညာများကို အခြေခံမှစ၍ အဆင့်မြင့်သည်အထိ အသေးစိတ်လေ့လာသင်ယူရမည်ဖြစ်ကြောင်း သိရသည်။ သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ယူရမည်ဖြစ်ကြောင်း သိရသည်။ သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားရမည့်အပြင် Netinfo Lab နှင့် Real Job Enviroment တွင် ၀င်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ အမျိုးသားများသာမက အမျိုးသမီးများအနေဖြင့် Networking ကို လေ့လာနိုင်စေရန်ရည်ရွယ်၍ ကျား ၃ ဦး၊ မ ၃ ဦး စုစုပေါင်း ၆ ဦးရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်တွင်ပါဝင်ခွင့်ရသူများသည် မိုက္ကရိုဆော့ဖ်မှပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု Computer Networking Certificate 7 ခုကိုရရှိရန် Netinfo နည်းပညာသင်တန်းကျောင်းတွင် သင်တန်း ၇ ခုတက် ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလနှင့် အလုပ်သင်ကာလစုစုပေါင်း ၁၈ လကြာမြင့်မည်ဖြစ်သည်။