Showing posts with label Computer Knowledge. Show all posts
Showing posts with label Computer Knowledge. Show all posts

Thursday, 19 August 2010

POST Beep Error များအကြောင်း (IBM)

0 comments


Computer ကို စက်စဖွင့်ဖွင့်ခြင်းမှာ ROM ထဲမှာရှိတဲ့  Special Program လေးတစ်ခု ဖြစ်သော POST (Power On Self Test) လုပ်ငန်းစဉ် စတင်အလုပ်လုပ်တယ်ဆိုတာ အားလုံးနီနီ သိကြမှာပါ ။ဒီတော့ POST လုပ်ငန်းစဉ် အောင်မြင်တယ် ဆိုရင်တော့ စက်ကချက်ချင်း တက်လာပြီး အသုံးပြုလို့ရပြီပေါ့။ဒီလိုမှ မဟုတ်ရင်တော့ အမှားတစ်ခုခု (Error) ရှိနေပြီပေါ့။ အဲဒီလို အမှားရှိတယ်ဆိုတာကို စက်က ဘယ်လို
အသိပေးလဲ။စဉ်းစားစရာပဲနော်။ စက်က နှစ်မျိုးအသိပေးတတ်တယ်တဲ့။ အသံ (Beep) နဲ့ စာသား(Code) ဆိုပြီး အချက်ပြတာတဲ့နော်။ အခု ပထမဆုံး ပြောပြချင်တာက အသံနဲ့ ပတ်သက်တဲ့ POST Beep Error အကြောင်းပါ။အဲဒီ Beep အကြောင်းပြောရမယ်ဆိုရင်လေ ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား ပေါ်မူတည်ပြီးကွဲပြားမှုရှိတယ်နော်။ ဒီတော့ ကုမ္ပဏီ အလိုက်ဖေါ်ပြပေးမယ်နော်။ တကယ်လို့ ကိုယ့်ရဲ့ စက်မှာ Beep Error
ပေါ်ခဲ့ရင် တူညီတဲ့ကုမ္ပဏီ အမျိုးအစားကိုရှာပြီးဖတ်ပါနော်။ ဒါမှမဟုတ် ဗဟုသုတ အဖြစ်သိချင်တယ်ဆိုရင်လေ အားလုံးကို ဖတ်ကြည့်ပေါ့နော်။
ပထမဆုံး Original IBM ကထုတ်တဲ့ Computers တွေမှာ အချက်ပေးတတ်တဲ့ POST Beep Codes တွေကတော့...

-အသံတိုလေး တစ်ချက်မြည်တယ် ဆိုရင် ပုံမှန်ပါ။ System က အဆင်ပြေ (OK) ပါတယ်။

-အသံတိုလေး နှစ်ချက်မြည်တယ် ဆိုရင် POST မှာ အမှား (Error) ရှိနေပါတယ်။ Screen ပေါ်မှာအမှားဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကို စာသားနဲ့ဖေါ်ပြပေးပါလိမ့်မယ်။

-ဘာအသံမှလည်းမကြားရဘူး၊ စက်လည်းမတက်လာဘူး ဆိုရင် Power Supply (သို့) System Board မှာပြဿနာ ရှိနေနိုင်သလို CPU (သို့) Speaker ကြိုးလွတ်နေလို့လဲ ဖြစ်နိုင်ပါတယ်။

-အသံက ရပ်နားမှုမရှိဘဲ အသံရှည် ဆက်တိုက်မြည်နေမယ်၊ စက်လည်းမတက်လာဘူးဆိုရင် Power Supply,System Board (သို့) Keyboard တို့မှာ ပြဿနာတစ်ခုခုဖြစ်နေလို့ပါ။ ဒါကြောင့် အဲဒီ (၃) မျိုးကို ဦးစွာစစ်ဆေးကြည့်ပါ။

-အသံတိုလေးပဲ၊ ဒါပေမဲ့ အဲဒီအသံတိုလေးက ထပ်ခါထပ်ခါ မြည်နေတယ်ဆိုရင် Power Supply,  System Board (သို့) Keyboard မှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့ပါနော်။ ထုံးစံအတိုင်း စစ်ကြည့်ပါ။

-အသံရှည် တစ်ချက်၊ အသံတို တစ်ချက်မြည်နေတယ် ဆိုရင် System Board  မှာ ပြဿနာရှိနေတာပါ။

-အသံရှည် တစ်ချက်၊ အသံတို နှစ်ချက်မြည်တယ် ဆိုရင် Display Adapter (Monochrome Display Adapter (MDA) , Color Graphics Adapter (CGA) ) မှာ ပြဿနာ ဖြစ်တာပါ။

-အသံရှည် တစ်ချက်၊ အသံတို သုံးချက်မြည်နေရင် Enhanced Graphics Adapter (EGA) ချို့ယွင်းတာပါ။

-အသံရှည် သုံးချက်မြည်တယ်ဆိုရင်တော့ 3270 Keyboard card ကိုစစ်ဆေးဖို့လိုပါတယ်။

အခန်းဆက်အလိုက်ဆက်ရန်။လာမည် (သို့သော် မျှော်ရန်မလို)


Monday, 9 August 2010

MP3 format အကြောင်း

0 comments



MPEG -1 Audio Layer 3 သည် MP 3 အဖြစ် အများသိကြပြီး Data Compression Form ကို အသုံးပြုသော Digital Audio Encoding Format ဖြစ်တယ်။ ၎င်းသည် Digital Audio Player တွင် Music ကို Transfer နှင့် Playback လုပ်ရန် Digital Audio Compression ၏ Standard ဖြစ်သည့်အပြင် Consumer Audio Storage အတွက် Common Audio Format လည်းဖြစ်ပါတယ်။ MP3 သည် Moving Picture Experts Group မှ Design ထုတ်လိုက်သော Audio-Specific Format ဖြစ်ပါတယ်။ ထိုအဖွဲ့ကိုဖွဲ့ထားသည်မှုာ FraunhoferII 3 in Erlangen, Germany, AT&T-Bell Labs in Murray Hill, NJ, USA,Thomson- Brandt နှင့် CCETT မှ အင်ဂျင်နီယာ အသင်းများ ဖြစ်ကြတယ်။ အဲဒီ အဖွဲ့ကို 1991 တွင် ISO/ IEC Standard အဖြစ် အသိအမှတ်ပြုထားပါတယ်။ MP3 တွင် Compression Algorithm ၏ အသုံးပြုမှုသည် Audio Recording အတွက် လိုအပ်သော Data Amount ကို လျှော့ချရန် ဖြစ်ပြီး နားထောင်သူများအတွက်ကတော့ မူလက Compress လုပ်မထားသော Audio ကို ပြန်လည်ထုတ်လုပ်ခြင်းကဲ့သို့ ဖြစ်ပါတယ်။ 128 Kbit/s Setting အဖြစ် Mid-Range Bit Rate ကိုသုံး၍ဖန်တီးလိုက်သော MP3 File ရဲ့ Original Audio Source မှ ထုတ်လိုက်သည့် CD File ရဲ့ ဆယ်ပုံတစ်ပုံ Size ရှိတဲ့ File တစ်ခု ဖြစ်လာလိမ့်မယ်။ MP3 File တစ်ခုကို Higher or Lower Resulting Quality နှင့် Higher or Lower Bit Rates များတွင် တည်ဆောက်နိုင်ပါတယ်။လူအများစုကြားနိုင်စွမ်းမရှိသော အသံ၏ အချို့ အစိတ်အပိုင်းများအတွက် Accuracy ကို Compression က ဖြတ်တောက်ပါတယ်။ ဤနည်းကို Perceptual Coding ဟုခေါ်ကြပါတယ်။ ၄င်းသည် လူ့နားနှင့်သိပ်မကြားနိုင်သော အသံအစိတ်အပိုင်းကို လျှော့ချဖြတ်တောက်ခြင်း၊ ကျန်သည့် Information ကို ထိရောက်စွာ Record လုပ်ခြင်းဖြင့် အချိန်တိုအတွင်း အသံ၏ အခြေအနေကို Frequency Analysis Window တွင် ဖော်ပြပါတယ်။ Image Compression Format JPEG မှ အသုံးပြုသော စည်းမျဉ်းများမှာ ၎င်းနှင့် သဏ္ဍာန်တူပါတယ်။

Monday, 12 July 2010

CMOS Utilities ကို ကာထားသော Password ကို ပယ်ဖျက်ခြင်း

0 comments






အခု CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုပယ်ဖျက်ရမလဲ ဆိုတာကို ပြောပြပါမယ်။ ဘာလို့ အဲ့ဒီလို CMOS Utilities ရဲ့ Password ကို ပယ်ဖျက်ခြင်းဆိုတာ ဖြစ်လာရသလဲဆိုတော့       ကိုယ့်ရဲ့ကွန်ပျူတာSetting တွေကို လုံခြုံစေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Setting တွေကိုပြောင်းသွားစေနိုင် တယ်ဆိုတာက တစ်ချို့သိလို့ပြောင်းသွာတာမျိုး မဟုတ်ပဲနဲ့ မသိပဲနဲ့ ဟိုဟာလုပ်ကြည့်ဒီဟာလုပ်ကြည့်ရင်းနဲ့    Setting ပြောင်းသွားတတ်တာမျိုးလည်း ရှိပါတယ်။ဟုတ်ပါတယ် တကယ်လည်း ဒါမျိုး ကြုံတွေ့ဖူးပါတယ်။   ကိုယ်လုပ်ထားတုန်းကတော့ သုံးရတာ အဆင်ကိုပြေနေတာပဲ။ နောက်တစ်ခါ သုံးလည်းသုံးကြည်တော့ ဟာ ...  Setting တွေက ဘယ်လိုဖြစ်နေတာလဲကွန်ပျူတာက အရင်တစ်နေ့ကနဲ့ မတူတော့ဘူး။ ဒုက္ခပဲ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲပေါ့။အဲ့ဒီတော့မှဘာဖြစ်မှန်း မသိဘူး။ ဟိုက ဖြစ်တာလား။ ဒီက ဖြစ်တာလားနဲ့ ဖြစ်ကုန်ရော။ ဘယ်ဟုတ်မလဲ  နာက်ဆုံးတော့ CMOS Setting တွေ ပြောင်းနေတာကိုး။ အဲ့ဒီလိုမျိုး ကြုံတွေ့ရမှာစိုးလို့ CMOS Utilities ကို Password  ပေးပြီးကာကွယ်လို့ရပါတယ်။
ဒါကြောင့် တစ်ချို့တွေက ၄င်းတို့ရဲ့ ကွန်ပျူတာ Setting တွေကို တစ်ယောက်ယောက်က ၀င်ပြီး
သိလို့ဖြစ်စေ၊မသိပဲဖြစ်စေ  Setting တွေ ၀င်ပြောင်းသွားတာမျိုးဖြစ်မှာစိုးလို့ မိမိတို့ ကွန်ပျူတာရဲ့ CMOS Utilities ကိုPassword ပေးပြီး ကာကွယ်ထားတတ်ပါတယ်။ ဒါဟာ ကွန်ပျူတာရဲ့ Setting တွေကို လုံခြုံမှုရှိစေတာတော့မှန်ပါရဲ့။    ဒါပေမယ့် အဲ့ဒီ ကိုယ်ကပေးထားတဲ့ Password ကို မေ့သွားတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ CMOS Utilities ကို Password ပေးထားရင် လုံးဝမေ့လို့ မရဘူးနော်။ ကိုယ်က တစ်ခုခု Install လုပ်စရာရှိလို့ပဲဖြစ်ဖြစ် CMOS ထဲ ၀င်ပြီးတော့ First BootDevice မှာ CD-ROM ကို ၀င်ကြော်ငြာပေးရတော့မယ်။ ဒီလိုဆိုရင် CMOS Password ကို မေ့နေရင် ဘယ်လိုလုပ်မလဲ။
CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကိုမေ့သွားပြီဆိုရင် တစ်ခြားဘာနှင့်မှ
ဝင်လို့မရတော့ဘူးနော်။အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင်ဘာမှလုပ်ပေးလို့မရဘူး။ အဲ့ဒီ
Password ကို ဖျက်ရုံပဲပေါ့။ ဒီတော့ ဒီCMOS Utilities ကို Password ပေးထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ Password ကိုမေ့သွားလို့ မရဘူးပေါ့။ဒါဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ အဲ့ဒီတော့အခုအဲ့ဒီလောက်ရေးကြီးတယ်ဆိုတဲ့ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင်ဘယ်လိုပြန်ဖျက်ရမလဲဆိုတာကို တစ်ဆင့်ချင်း ပြောပြပါမယ်။အဲ့ဒီတော့ အရင်ဦးဆုံး CMOS Utilities ကို ကာထားတဲ့ Password ကို ဖျက်တဲ့နေရာမှာ Password ကိုဖျက်လို့ရတဲ့အချက် နှစ်ချက်
ရှိပါတယ်။ ပထမတစ်ချက်က Manually အရ Password ကို ပယ်ဖျက်ခြင်းပဲဖြစ်ပါတယ်။ Manuallyl အရ Password ကို ပယ်ဖျက်ခြင်းဆိုတဲ့နေရာမှာ Motherboard ပေါ်က Jumperပြောင်းခြင်းနှင့်  ဒုတိယ
တစ်ချက်က Motherboard ပေါ်က Battery ကို ဖြုတ်ပေးခြင်းဆိုပြီး CMOS Utilities ကိုကာထားသော Password ကို ပြောင်းနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။





Mechanically အရ CMOS Utilities ကို ကာထားသော Password ကို ပြောင်းခြင်း သို့မဟုတ် ဖျက်ခြင်း


Motherboard အများစုမှာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက Motherboard ပေါ်က PROM Chip တွေအတွက်  Dynamic CMOS/BIOS  Setting တွေကို ပြောင်းလဲမှု မရှိစေရန် သို့မဟုတ်    သိမ်းဆည်းရန်အတွက် Battery ကို အသုံးပြုခဲ့ကြပါတယ်။ ဒီ BIOS/CMOS Setting တွေကို ကွန်ပျူတာကိုစတင်ထုတ်လုပ်လိုက်တဲ့ စက်ရုံက သော်လည်းကောင်း၊ ဒါမှမဟုတ် အဲ့ဒီ ကွန်ပျူတာ
ကိုအသုံးပြုမည့် User အသုံးပြုသူကသော်လည်းကောင်း Setting ကို Manually အရ ကိုယ်တိုင်ကိုယ်ကျသတ်မှတ်ပြီးချိန်ညှိနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ချိန်ညှိထားတဲ့ Setting တွေကို ပြောင်းချင်တယ်ဆိုရင်လည်းပြောင်းလို့ရနိုင်ပါတယ်။ ဒီ Dynamic Setting တွေကို ပြောင်းတဲ့နေရာမှာ ပြောင်းနိုင်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က  Motherboard ပေါ်က Jumper ကိုချိုးခြင်း၊ (Setting) ပြန်ချခြင်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာကိုPower Plug ကို ပိတ်ပစ်လိုက်ခြင်းဖြင့် ဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။ နောက် ဒုတိယ တစ်ချက်ကတော့
Motherboard ပေါ်က PROM Chip တွေကို Maintain လုပ်နိုင်ဖို့အတွက် ပေးထားတဲ့ Motherboard ပေါ်က Battery ကိုဖြုတ်ခြင်းဖြင့်လည်း Resetting ပြန်လုပ်နိုင်ပါတယ်။




Thursday, 8 July 2010

Backup Firefox Bookmarks

0 comments

သိပ်မထူးခြားပေမယ့် လတ်တလောမှာ ကျွန်တော် ( မရှိမဲ့ရှိမဲ့ ) အလုပ်တွေကြာထဲးကနေ ရူတ်အောင် အမြဲး
လုပ်နေတတ်တဲ့ ဒီ Firefox ပေါ်က Bookmark ကိစ္စပါပဲ။Firefox Application အယ်ရာကြောင့်ဖြစ်ဖြစ်၊
ဝင်ဒိုးတင်လိုက်ရလို့ပဲဖြစ်ဖြစ်  Firefox ကို အသစ်ပြန်တင်လိုက်တဲ့အခါမှာ မှတ်ထားခဲ့တဲ့ Linksတွေက ပျက်
သွားတတ်တယ်။ စာဖတ်မိတ်ဆွေ တွေတော့မသိဘူး .. ကျွန်တော်တော့ ကြုံရင်ကြုံသလို ကြိုက်တာလေး
တွေရင် Firefox မှာ မှတ်နေကျပဲ .. ( အဲ ..တစ်ခုတော့ရှိတယ် .. စိတ်ကူးလေးပေါက်လာရင်တော့ ဒီဆိုဒ် မှာ သွာမှတ်တတ်တယ်။)  ဆက်ပြောမယ်နော် .. မိတ်ဆွေတို့ စက်တွေမှာ Firefox ပေါ် က Bookmark တွေကို Backup လုပ်ချင်တယ်ဆိုရင်တော့ အလွယ်ဆုံးနဲ့ ဘာ Add-ons မှသုံးစရမလိုတဲ့နည်းလမ်းတစ်ခုကိုပေး
လိုက်မယ်။ 





From the Firefox menu bar go to Bookmarks >  Organize Bookmarks to bring up your bookmarks manager.  Now you want to click the top button that says Import and Backup.


Output ဖိုင်အနေနဲ့ .xml ဖိုင်နဲ့သိမ်းပေးပါတယ်။အဲဒီဖိုင်လေးနဲ့ ကြိုက်တဲ့စက်မှ Restore ပြန်လုပ်လို့ရနိုင်
တယ်။အခု ကျွန်တော် မောင် Trojan,ဆာဖစ်လုပ်တဲ့ စက်တိုင်း ဒီ .xml ဖိုင်လေးကို USB Stick ထဲးထည့်ပြီး
Restore လုပ်နေတာ အဆင်ကိုပြေလို့ ..။
:O ကဲ ... တစ်ဆက်ထဲးမှာပဲ Firefox ဗာရှင်းအသစ်
4.0 Beta Version ကိုပါစိတ်ဝင်စားရင်ဒေါင်လုပ် လုပ်ကြပါရန်။

 

Firefox Standard_3.6 Setup


Firefox Beta_4.0 Setup







Blogger ၏ ရာဇ၀င် နှင့် Platform သံသရာ

0 comments

"Blog, Blogger, Blogging ဆိုတာဘာလဲဟဲ့"Blog ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈နှစ်ကပါ။ Blog ဆိုတာ Web Log ရဲ.အတိုကောက်ပါ။Web က B နဲ့ Log မှ log ကိုပေါင်းစည်းပြီး Blog လို့ ယေဘုယျခေါ်ဆိုတာပါ။Blog ဟာ အင်တာနက် စာမျက်နှာတွေ ထဲကတခု ဖြစ်ပေမယ့်၊ သူ့မှာ အစီအစဉ် တကျ စီစဉ်ထားတဲ့ နေ့ရက်၊ အချိန်၊ အက္ခရာစဉ်က စပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက်၊ အမျိုးအစားများ အလိုက်၊ ပုံစံတူများ အလိုက်၊ စသည်ဖြင့် စနစ်တကျ ပါရှိ ပါတယ်။ Blog တစ်ခုကို ဖန်တီးဖို့ Html ၊ java script စတဲ့ ၀ဘ်ဆိုက်ရေးနည်းများကို အထူးသင်ကြား နေစရာ မလိုဘဲBlog host များက ပေးထားတဲ့ စာမျက်နှာများမှာ လွယ်ကူစွာ အဆင်သင့် ၀င်ရေးလိုက်နိုင်ပါတယ်။ နောက်ပြီးတော့ လာရောက် လည်ပတ်ကြသူတွေ ကိုလည်း ပွင့်လင်းစွာ၊ အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရေးသားနိုင်အောင် စီစဉ်ထားပေး ထားတာဟာ တခြားသော အင်တာနက် စာမျက်နှာတွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။Webster အဘိဓာန်မှာတော့ Blog ကို "ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာပေါ် တင်ထားတဲ့ ကိုယ်ရေး ကိုယ်တာတွေလို့ ဖွင့်ဆို ထားပါတယ်။ ဒါကြောင့် တချို့သော သူများက Blog ကို အင်တာနက်ပေါ်မှ ကိုယ်ရေးခံစားချက် စာမျက်နှာများ သို့မဟုတ် ကိုယ်ရေး မှတ်တမ်းများလို့ မြန်မာလို အတတ်နိုင်ဆုံး တူအောင်၊ ဆီလျော်အောင် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။BLog မှာ မိမိ ရေးသား ထားတာတွေကို မိမိတစ်ဦးတည်းသာဖတ်ရှု နိုင်စေရန်၊ မိမိရဲ့ Blog ကို တပါးသူများ မဖတ်ရှု နိုင်စေရန်၊ ဒါမှမဟုတ် ဖိတ်ကြား ထားသူများသာ ၀င်ရောက် ဖတ်ရှုနိုင်ရန် တားဆီးထားနိုင်သလို၊ လူအများ ၀င်ရောက် ကြည့်ရှု နိုင်အောင်လည်း ဖွင့်ထား ပေးနိုင်တဲ့ အတွက် အဆင်ပြေလှပါတယ်။ဒါဆိုရင် Blog တွေမှာ ဘယ်သူတွေ ၀င်ရေးနေပါသလဲ၊ တိုးတက်သော နိုင်ငံတွေရဲ့ လေ့လာချက်အရ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်း သံဃာတွေ ကစပြီး နိုင်ငံရဲ့ တာဝန်တွေကိုအမြင့်ဆုံး ယူထားကြတဲ့ ၀န်ကြီးကနေ သမ္မတ အထိ Blog စာမျက်နှာတွေ ကိုယ်စီ ရှိကြပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ ကိုရီးယား ကစပြီးတော့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ နဲ့ မလေးရှားတို့မှ ၀န်ကြီးတွေကပါ ကိုယ်ပိုင် Blog တွေကို ရေးသား လာကြပါတယ်။ မကြာခင်မှာ မြန်မာ ဘလော့ဂ်တွေလည်း အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ ကြတော့မှာ ဖြစ်ပါတယ်။Blogger ဆိုတာကတော့ Blog တခုမှာပါဝင် ရေးသားနေသူလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ Blogger တယောက်ဖြစ်ဖို့ လွယ်ပေမယ့်၊ အောင်မြင်တဲ့ Blogger တယောက်ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာတွေရဲ့ စစ်တမ်းကို Technorati ( http://www.technorati.com ) ကုမ္မဏီက ကောက်ယူ ခဲ့ရာမှာ တစ်ကမ္ဘာလုံးမှာ Blog အရေအတွက် စုစုပေါင်း ၅၇သန်းကျော် ရှိနေပြီ ဆိုတာ တွေ့ရပါတယ်။ နာရီနဲ့အမျှ Blog တွေ များလာနေသလို၊ Blogger တွေလည်း တနေ့ထက် တနေ့ပိုများ လာပါတယ်။ သူတို့ကို အင်တာနက် ဂျာနယ်လစ်လို့ တောင်တင်စား ကြပါသေးတယ်။မြန်မာ Blogger တွေမှာ လည်းရွက်ပုံးသီး စာပေသမားတွေ အများအပြား ရှိနေတာဟာလည်း မြန်မာစာပေလောကအတွက် အားရစရာပါ။ ခေတ်လူငယ် Blog စာရေးဆရာ တွေရဲ့ လက်ရာတွေဟာလည်း အာဝဇ္ဇန်းရွှင်ရွှင်၊ ပညာသားပါပါနဲ့ အနုပညာ ရသမြောက်လွန်းလို့ အံ့မခန်း လေးစားထိုက်သလို၊ သူ့ထက်ငါ တနေ့ထက်တနေ့ လက်စွမ်းပြ နေကြတာကိုက တရုပ်သိုင်းကား ကြည့်နေရသလိုလို၊ ကိုရီးယားကား အခန်းဆက် ဇာတ်ကား ကြည့်နေရလို ဖြစ်အောင် စွဲဆောင်နိုင်ကြပါလေရဲ့ .......Blogging ဆိုတာကတော့ အခုလို အွန်လိုင်းပေါ်က Blog မှာ စာရေးသားကြတာမျိုးကို ခေါ်တာပါ။ နောက်ပိုင်း မှာတော့ Blogger တွေစုပြီး အကြောင်းအရာ တစ်ခုခုကို ဦးတည်ချက် ထားပြီး ဆွေးနွေးကြတာမျိုးကိုလည်း Blogging လို့ သုံးလာကြပါတယ်။ဒါဆိုရင် Blog မှာ ဘာတွေကို ရေးသားကြ၊ ဘယ်လိုအမြင်တွေကို ဖလှယ်ကြပါသလဲ။ Blog မှာ လူတန်းစားမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ဘ၀မျိုးစုံက လူတွေက မိမိတနေ့တာ ဖြတ်သန်းသွားလာမှု၊ ခံစားမှု၊ ရှုမြင်မှု၊ သုံးသပ် ချက်တွေ၊ နည်းပညာဆိုင်ရာ သင်ကြားမှုတွေ၊ ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်ကစလို့၊ နိုင်ငံရေးဆိုင်ရာ သဘောထားတွေ အထိ Blog မှာ လာရောက်ရေးသား ရင်ဖွင့်ကြ၊ မှတ်တမ်းတင်ကြ၊ ဝေမျှကြ နဲ့ အကြောင်းအရာကဏ္ဍ စုံလင်လှပါတယ်။ Blog မှာ ဓါတ်ပုံများနဲ့ မှတ်တမ်းတင် ထားတဲ့ photoblog ကစပြီး၊ ဗီဒီယို မှတ်တမ်းများ တင်ထားတဲ့ vlog၊ စသည်ဖြင့် မိမိကြုံတွေ့ခဲ့ရ၊ မြင်ခဲ့ရ၊ ပါဝင်ခဲ့ရသော အဖြစ်အပျက်များ၊ ပြဿနာများ၊ အောင်မြင်မှုများ၊ ခရီးသွား မှတ်တမ်းများ၊ နည်းပညာ ဆိုင်ရာ အခြေအနေများ စသည်တို့ကို လျင်လျင်မြန်မြန်နဲ့ ထိထိ ရောက်ရောက် ရေးသား လွှင့်တင် နိုင်ကြတဲ့အတွက် Blog လောကဟာ တနေ့ထက်တနေ့ ပိုမို ကျယ်ပြန့်လာသလို၊ Blog တွေရဲ့ ရိုက်ခတ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ တချို့သော နိုင်ငံတွေမှာ ကန့်သတ်မှုတွေနဲ့ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။ ဒါဆိုရင် Blogger တွေမှာရော စောင့်စည်းအပ်သော ကျင့်ဝတ်တွေ၊ ထိန်းသိမ်းအပ်သော ၀တ္တရားတွေ မရှိလိုလားလို့ မေးစရာ ရှိလာပါတယ်။ Blog နဲ့ Blogger တွေမှာ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ သိက္ခာတွေအသီးသီး ရှိကြပါတယ်။ စခါစကတော့ သာမန်လို့ သာပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ ရေးကြ ပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ "မာမီက ပြောတယ်၊ ဒီနေ့ မိုးရွာမယ်တဲ့" စတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူထု အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ အချင်းချင်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာပါတယ်။ ဒီလိုနဲ့ပဲ Blog တွေ hot ဖြစ်လာကြတာပါ။Blog ရဲ့ထူးခြားချက်က ဘာ အကန့်အသတ် အထိန်းအချုပ်မှ မရှိတာပါပဲ။ ဥပဒေနဲ့ ကန့်သတ်တာ ထိန်းသိမ်းတာ မပြောနဲ့၊ အယ်ဒီတာတောင် မရှိပါဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာ များလို့ မကျေနပ်တဲ့ လူတွေ ဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသင့်သလောက် ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပါပဲ။ နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အဝ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။မီဒီယာ လောက အနေနဲ့ Blogger တွေကို အလေးထား လာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ "ခရာ မှုတ်သူ"(whistle blower) အခန်း ကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် Blogger တွေကဖွင့်ချခဲ့ဖူးလို့ မီဒီယာ တော်တော်များများက ဖြုံကြပါတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်သေးတယ်။ 'တံခါးဖွင့် စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမ' (open-source newsrooms) တွေ အွန်လိုင်း ပေါ်မှာအပြိုင်းအရိုင်း ပေါ်လာတာဟာလည်း Blogger တွေရဲ့ကျေးဇူးကြောင့်လို့ ပြောစရာ ရှိပါတယ်။ အီရတ်စစ်ပွဲ အကြို ကာလလောက်ကစပြီး မီဒီယာလောကသာ မကတော့ဘူး နိုင်ငံရေးလောက ကပါ Blogger တွေကို အလေးထား စောင့်ကြည့် လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထား အမြင်တွေဆိုရင် စစ်မဟာဗျူဟာ ပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်လို့ ဆိုပါတယ်။ ပညာရှင် တချို့ကဆိုရင် ဘလော့ဂါ တွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံး နေကြတဲ့ ပထမဆုံး 'ခရု ဆိတ်တာ' တွေလို့တောင် အမွှန်းတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် ကျယ်ပြန့် လာတာတော့ သေချာပါတယ်။ အခုလောလောဆယ် ဝက်ဘ်ဆိုက် ပေါ်မှာ ဘလော့ပေါင်း ၅၇သန်းကျော် နေပြီလို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု တခုတည်းမှာကိုပဲ ဘလော့ဂါ ပရိတ်သတ် (၃၂) သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့ တိုင်းမ် ဂျာနယ်လစ် 'တောမတ် ဖရီးမင်း' ကတော့ Blog လှုပ်ရှားနေမှုကို 'တံခါးမရှိ၊ ဓားမရှိ စူးစမ်း လေ့လာရေး' (open-source) လို့ အကဲဖြတ်သလို၊ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ နည်းပညာလှိုင်းရဲ့ ရိုက်ချက်တစ်ခု လို့လည်းဆိုနေပါကြောင်းပါကြောင်း ခင်ဗျာ။ ဒီ post လေးကို http://kminnkyaw.blogspot.com/ မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။

Wednesday, 7 July 2010

UPS နှင့်ပတ်သက်သမျှ

0 comments

UPS...?
UPS
ဆိုတာနဲ့ ကွန်ပျူတာနဲ့ ထိတွေ့ဖူးတဲ့လူတိုင်းက " သိတာပေါ့၊ အဲဒီကောင်က မီးပျက်ရင် စက်ပိတ်ဖို့ အချိန်ရအောင်လုပ်ပေးတဲ့ကောင်ပဲ" လို့ ပြောကြမှာပဲ။ ဟုတ်တယ်ဗျ။ UPS ဆိုတာ ကျွန်တော်တို့တွေသုံးနေတဲ့ ကွန်ပျူတာအတွက် မတော်တဆ Power Cut Out ဖြစ်သွားတဲ့အခါကျရင် လုံလောက်တဲ့ Power ကို ခဏတာထိန်းပေး ဖို့ရန်အတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်တစ်ခုက မီးအားအတက်အကျ မညီတဲ့နေရာမျိုးတွေအတွက်လည်း ကွန်ပျူတာဖွင့်ထားတုန်းမှာ မီးအားကျသွားပေမယ့် ကွန်ပျူတာကြီး Shut Down ဖြစ်မသွားဘဲ ဆက်လက်အလုပ်လုပ်နိုင် အောင် မီးအားကိုထိန်းသိမ်းပေး၊ ညှိပေးနိုင်ပါသေးတယ်။ စဉ်းစားကြည့်ပါဗျာ။ UPS မရှိလို့ မီးရုတ်တရက်ထပျက်တိုင်း၊ မီးအားထိုးကျသွားတိုင်းသာ ကွန်ပျူတာကြီး Shut Down ကျကျသွားရင် ဘယ်လိုဖြစ်သွားမလဲ။ ကြာရင် ကြွသွားမှာပေါ့။ ဟုတ်တယ်မဟုတ်လား။
            ဟုတ်ပြီဗျာ။ UPS ကို ဘာလို့သုံးသလဲကတော့ သိပြီးကြပြီမို့လို့ UPS နှင့်ပတ်သက်တဲ့နောက်ထပ်အကြောင်းအရာတွေကို ဆက်ဆွေးနွေးရအောင်ဗျာ။ ကျွန်တော်တို့သိထားသလို UPS က Power ကို ခဏတာထုတ်ပေးနိုင်တဲ့အပြင် မကြာခဏတွေ့ကြုံရတတ်တဲ့ Power Problems တွေကိုပါ ဒီဂရီအမျိုးမျိုးပြောင်းပြောင်းပြီး မှန်အောင်လုပ်ပေးနိုင်သတဲ့ဗျ။ ကဲ..ဒါဆို ဘယ်လို Power ပြဿနာတွေတဲ့လဲ...။
၁။    Power Failure     -     Input ၀င်တဲ့ Voltage တွေအကုန် Loss ဖြစ်တာ တစ်နည်းအားဖြင့် Power လုံးဝမ၀င်တော့တာမျိုးကို ပြောတာပါ။
၂။    Surge         -     ပင်မဗို့အား ခဏတာမြင့်တက်ခြင်း ဖြစ်ပါတယ်။
၃။    Sag         -     အ၀င်ဗို့အား ခဏတာကျဆင်းခြင်းပါတဲ့ခင်ဗျာ။
၎။    Spikes        -    ဒါကတော့ ဗို့အားလုံးဝကို မြင့်တက်ခြင်းကို သတ်မှတ်ပေးတာပါပဲ။
၅။    Frequency Instability-     ပင်မ Frequency အပိုင်းခေတ္တခဏပြောင်းလဲမှုလေးတွေရှိရင် Frequency Instability လို့သတ်မှတ်ပါသတဲ့။
၆။    Harmonic Distortion -    ခန့်မှန်းထားတဲ့ Power Wave Form နဲ့ တကယ်ဖြစ်လာတဲ့ Wave Form နဲ့ ကွာခြားမှုဖြစ်နေတဲ့အခါ သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
ဒီလိုမျိုးဖြစ်လာတဲ့ Power ပြဿနာအမျိုးမျိုးပေါ်ကိုကြည့်ပြီးတော့မှ UPS အမျိုးအစားတွေ ကွဲပြားသွားတာဖြစ်ပါတယ်။ တစ်ချို့ UPS ထုတ်လုပ်သူတွေကတော့ ဘယ်လိုပြဿနာမျိုးတွေဆိုရင် သူတို့ UPS က နိုင်ပါတယ်ဆိုပြီး အညွှန်းလေးနဲ့ ထုတ်ကြသေးတယ်။ ကဲ..အခုဆိုရင် UPS အမျိုးအစားတွေ အများကြီးရှိတာ သိပြီပေါ့နော်။ ဘယ်လိုအမျိုးအစားတွေလည်း ဆက်ပြီးကြည့်ကြည့်ရအောင်လား။
၁။    Uninterruptible Power Supply (ပြတ်တောက်ခြင်း အလျဉ်းမဲ့သော Power Supply) နာမည်ကိုက Uninterruptible (ပြတ်တော်ခြင်းအလျဉ်းမဲ့)တဲ့။ ဘာကြောင့် ဒီလိုခေါ်မှန်း သိချင်နေတယ်မဟုတ်လား။ အဲဒီ Power Supply ဒါမှမဟုတ် UPS ၊ မဟုတ်ရင်လည်း Battery Backup ပေါ့ဗျာ။ အဲ..အဲဒီကောင်က Input ၀င်လာတဲ့ ပင်မ Power ကြီး လုံးဝပြတ်တောက်သွားပြီဆိုတဲ့အခါကျရင် အရေးပေါ်အသုံးပြုလို့ရအောင် Power ထုတ်ပေးနိုင်တဲ့ လျှပ်စစ်ပစ္စည်းဖြစ်တာကြောင့် ပြတ်တောက်ခြင်း အလျဉ်းမဲ့တဲ့ Power Supply လို့ခေါ်ရတာပါပဲ။ သူထုတ်ပေးနိုင်တဲ့ အရေးပေါ် Power ဆိုတာက သိပ်တော့ မကြာဘူးဗျ။ ၅ မိနစ်ကနေ အလွန်ဆုံး ၁၅ မိနစ်လောက်ပဲ။                  ဒါပေမယ့်လည်း ပင်မ Power ပြန်ဝင်လာတဲ့အချိန်ထိ (ဒါမှမဟုတ်) သုံးလက်စပစ္စည်းကို Shutdown လုပ်နိုင်ဖို့အချိန်တော့ရတာပေါ့နော်။ ဒီလို UPS တွေမှာ အရွယ်အစားက အမျိုးမျိုးရှိတယ်ဗျ။ အသေးဆုံးဆိုရင် Monitor မပါဘဲ ကွန်ပျူတာတစ်လုံးပဲ သီးသန့်ထိန်းသိမ်းပေးနိုင်တဲ့ အရွယ်အစားကနေ Data Center ကြီးတစ်ခုလုံး၊ အဆောက်အအုံကြီးတစ်ခုလုံး၊ ကုန်ကုန်ပြောရင်ဗျာ မြို့ကြီးတစ်မြို့လုံးကိုတောင် ထိန်းပေးနိုင်တဲ့ အရွယ်အစားထိရှိတယ်လေ။
၂။    Offline/Standby UPS (SPS) အခုပြောမယ့် Standby UPS (SPS) ကတော့ UPS ထဲမှာ အခြေခံအကျဆုံးပါပဲ။ ဒီကောင်က Power ပြဿနာအမျိုးမျိုးထဲက Surge ပြဿနာကို ကာကွယ်ပေးနိုင်တဲ့အပြင် Battery Backup အဖြစ်လည်း လုပ်ပေးနိုင်ပါတယ်။ ဒီလို UPS မျိုးသုံးလို့ကတော့ဗျာ..ခါတိုင်း Surge ကို ကာကွယ်ဖို့အတွက် သုံးရတဲ့ပစ္စည်းကိရိယာတွေကနေတစ်ဆင့် ချိတ်စရာတောင် မလိုတော့ဘဲနဲ့... User တွေရဲ့ ပစ္စည်းကိရိယာတွေကို အ၀င် Power ဆီသို့ တိုက်ရိုက်ချိတ်ဆက်လို့ ရသွားမှာဖြစ်ပါတယ်။ အင်း.. Voltage အားကလည်း အတူတူပဲတဲ့ဗျ။         
၃။    Line-Interactive UPS ဒီ UPS ရဲ့ အလုပ်လုပ်ပုံက Standby UPS နဲ့အတူတူပဲဗျ။ ဒါပေမယ့် တစ်ခုပဲ..      Line-Interactive UPS မှာ Voltage အမျိုးမျိုးကို အလိုအလျောက်ပြောင်းပေးနိုင်တဲ့ (Multi-Tap Variable    Voltage Autotransformer) ဆိုတာပါတယ်လေ။
ဟုတ်ပြီ။ အဲဒီ Transformer က ဘာဖြစ်လို့ Voltage တွေပြောင်းပေးနိုင်တာတဲ့တုန်း။ အင်းစာဖတ်သူတွေကတော့ ကျွန်တော်လေဆက်ရှည် တော့မယ် ဆိုတာသိလို့ မျက်ခုံးလှုပ်လောက်ပြီ။ စိတ်ချပါဗျာ။ လေက အရမ်းမရှည်စေရပါဘူး။                                                                           ဒီ Transformer တွေက UPS အတွင်းထဲမှာရှိတဲ့ Wire တွေဆီက Power Coil တွေကိုထပ်ထည့်တာ၊ လျော့ချပစ်တာတွေ လုပ်ပေးတယ်လေ။ ဒီတော့ အတွင်းထဲက သံလိုက်စက်ကွင်းကလည်း အတိုးအလျော့ဖြစ်တော့အထွက် Voltage ကလည်း ချိန်ကိုက်လို့ ရသွားတာပေါ့။ ကဲ..ကတိအတိုင်း ကျွန်တော်လေမရှည်ဘူးနော်။ ဒါပေမယ့် နည်းနည်းတော့ ဆက်ပြောရဦးမယ်ဒီလို UPS ရဲ့ အားသာချက်ကတော့ မီးအားတွေဆက်တိုက်ကျသွားတဲ့အခါ မီးကအားတက်လို့  Surge ဖြစ်လာတဲ့အခါမျိုးတွေမှာရှိပြီးသား Battery Power ကို မထိခိုက်စေဘဲနဲ့ အကြာကြီးတောင်  တောင့်ခံနိုင်စွမ်းရှိတာပါပဲတဲ့။
           
၎။    Double-Conversion UPS (or) Online UPS အကယ်၍များ ကျွန်တော်တို့ရဲ့ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေက သီးခြားလျှပ်စစ်ပေးရမယ့်  ပစ္စည်းမျိုး၊ ဒါမှမဟုတ် မီးအားအတက်အကျကို မခံနိုင်တဲ့ ပစ္စည်းမျိုးတွေ ဖြစ်နေမယ်ဆိုရင်  ဘယ်လိုများ ထိန်းသိမ်းပေးကြမလဲ။ အခု ကျွန်တော်ပြောမယ့် Online UPS အမျိုးအစားကို သုံးလို့ရနိုင်ပါတယ်ခင်ဗျာ။ အဲ..သူက နည်းနည်းတော့ ဈေးပိုကြီးတယ်ဗျ။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်က စက်မှုဇုံကစက်ရုံတွေလို အရမ်း Noisy ဖြစ်တဲ့အခါမျိုး၊ Data Center လို အရမ်းကြီးတဲ့ ပစ္စည်းတွေရှိတဲ့နေရာမျိုး၊ ပြီးတော့ ရှိပြီးသား လျှပ်စစ် Power အားအပြင်နောက်ထပ် Power Generator  ဆီကပါ Power လိုတယ်ဆိုတဲ့နေရာမျိုးတွေအတွက်ကတော့ Online UPS က အရမ်းကို အသုံးဝင်ပါတယ်။                                                                             ဒီ UPS ရဲ့ အလုပ်လုပ်ပုံကတော့ Standby UPS ရယ်၊ Line-Interactive UPS တို့ရယ်နဲ့  ဆင်တူပါတယ်။ သူ့မှာက ပိုပြီးတော့ လျှပ်စစ်ပိုစီးနိုင်မယ့် AC to DC Battery Charger/Rectifier  ပါဝင်နေတော့ ပိုဈေးကြီးတာပါပဲ။ Online UPS ရဲ့ အဓိကအားသာချက် အနေနဲ့ပြောရရင် အ၀င် Power နဲ့ Sensitive ဖြစ်တဲ့လျှပ်စစ်ပစ္စည်းတွေရဲ့ကြားမှာ လျှပ်စစ်တံတိုင်းကြီး (Electronic Firewall) အဖြစ်နဲ့
လုပ်ဆောင်ပေးနိုင်ခြင်းပါပဲ။

၅။    Hybrid Topology UPS သိပ်မကြာခင်ကမှ ဈေးကွက်မှာ အရမ်း Hot ဖြစ်လာတဲ့ UPS တစ်မျိုးပေါ်လာတယ်လေ။ Hybrit
UPS
တဲ့။ သူ့မှာ ဒီဇိုင်းရယ်လို့တောင် တိတိကျကျသတ်မှတ်ထားတာ မရှိပါဘူး။ သူ့ကို နောက်တစ်မျိုးခေါ်သေးတာက Double Conversion on Demand ပါတဲ့။ ဒီ UPS က ဒီဇိုင်းမရှိပေမယ့်  စတိုင်တော့ ရှိတယ်ဗျ။ မိုးဟေကို စတိုင်လေ..အဲ..အဲ...စိတ်ထဲစွဲနေတာတွေ ပါကုန်ပါပြီ။ ပိုပြီးတော့  
ကြီးမားတဲ့ Application တွေမှာ အရည်အသွေးမလျော့ကျစေဘဲ ကာကွယ်မှု စံချိန်မြင့်မြင့်မားမားနဲ့  အသုံးပြုစေနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်လိုက်တဲ့ စတိုင်လေးတစ်မျိုးပါပဲ။ အလုပ်လုပ်ပုံဆိုရင်တော့ တကယ်လို့သာ Power အခြေအနေက UPS ထဲမှာ  ကြိုတင်သတ်မှတ်ပေးလိုက်တဲ့ အခြေအနေတွေအတိုင်း ဖြစ်နေတယ်ဆိုရင်တော့ Offline (Standby) UPS  ရဲ့ အလုပ်လုပ်ပုံအတိုင်း အလုပ်လုပ်ပေးနိုင်ပါတယ်။ အကယ်၍ Power အခြေအနေက ကြိုသတ်မှတ်တဲ့အတိုင်းမဖြစ်ဘဲ မတည်မငြိမ်ဖြစ်နေတယ်ဆိုရင်တော့ Online/Double Conversion  အလုပ်လုပ်ပုံနဲ့ လုပ်ပေးပါတယ်။ အဲဒီလို Double Conversion Mode နဲ့ဆိုရင်တော့ Voltage  အပြောင်းအလဲကို Battery Power သုံးစရာမလိုဘဲ ညှိပေးနိုင်တဲ့အပြင် Noise တွေကိုလည်း  စစ်ထုတ်ပေးနိုင်တယ်။ Frequency တွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
           
၆။    Ferro-Resonant UPS ဒီ UPS တွေက Standby UPS လိုပဲ အလုပ်လုပ်ပေးနိုင်ပေမယ့် သူကကျတော့အထွက် Power  (Output) ကိုပဲ စစ်ထုတ်ညှိပေးနိုင်ပါတယ်။ ဒီ UPS တွေက အကြမ်းခံတာကြောင့် စက်ရုံပိုင်း၊  စက်မှုဇုံတွေမှာ သုံးနေကြဆဲပါပဲ။
           
၇။    DC Power UPS အောင်မလေး..UPS အကြောင်းလေး ဖတ်မိပါတယ်။ တစ်မျိုးပြီးတစ်မျိုးပဲ။ မပြီးနိုင်တော့ဘူးဆိုပြီး  မထင်ပါနဲ့ဗျာ။ ဒီတစ်ခုက နောက်ဆုံးတစ်ခုပါပဲ။ စိတ်ရှည်ရှည်ထားပြီး ဖတ်လိုက်ပါဦးနော်။ DC Power သုံးတဲ့ပစ္စည်းတွေအတွက် ဒီ UPS ကိုသုံးပါတယ်။ အင်း.. သူ့ရဲ့ အလုပ်လုပ်ပုံက Online UPS နဲ့အတူတူပါပဲ။ မတူတာတစ်ခုက ဒီ UPS မှာ အထွက် Power Inverter မလိုဘူးဗျ။  တစ်ခါတစ်လေကျရင် Power Supply တောင် မလိုဘူးဗျ။ DC Power လို့  ခေါ်ရခြင်းအကြောင်းရင်းကတော့ အပြင်က Device တွေကို Power ပေးတဲ့အခါကျရင် ဒီ UPS က DC
ကနေ AC ကို ပြန်ပြောင်း၊ ပြီးတော့မှ DC ကို ပြန်ပြောင်းပေးတယ်လေ။ ကဲဒီလောက်ဆိုရင်တော်တော်သဘောပေါက်လောက်ပြီးထင်တယ်ဗျ..။

:)

Tuesday, 29 June 2010

Intel ၏ Centrino ဆိုသည်ကာ

0 comments




Centrino ဆိုသည်ကား Intel က ထုတ်လုပ်လိုက်တဲ့ နည်းပညာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ PersonalLaptop ကွန်ပျူတာတွေမှာ အသုံးပြုဖို့အတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။Centrino လို့ ပြောလိုက်တာနဲ့ တစ်ချို့က Mobile CPU လို့ပဲ ထင်တတ်ကြတယ်။ တကယ်တော့ Centrinoဆိုတာကို
 Mobile CPU လို့ ပြောတာထက် ကွန်ပျူတာ အခေါ်အဝေါ် တစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ဘာလို့ အဲ့လိုပြောလဲဆိုတော့ အဲ့ဒီလို ကွန်ပျူတာ အခေါ်အဝေါ် တစ်ခုလို့ ပြောတဲ့နေရာမှာ Centrinoဆိုတာ
 Mainboard Chipset လို့ ပြောလည်း ဖြစ်နိုင်တယ်။ Mobile CPU လည်း ဖြစ်နိုင်သလို Wireless
Network Interface လို့ ယူဆရင်လည်း ရပါတယ်။ဆိုလိုတာက Centrino ဆိုတာ လူတစ်ချို့ ထင်နေကြ
သလိုမျိုး Mobile CPU မဟုတ်ပါဘူး။ Centrinoဆိုတာနဲ့ Mainboard Chipset လို့ရော Mobile CPU လို့ ပြောရင်လည်း ရသလို၊ Wireless NetworkInterface လည်း ဒီ Centrino လို့ ပြောလိုက်ရင် ပါဝင်ပြီးသား ဖြစ်ပါတယ်။ဒါကြောင့် ဈေးကွက်မှာ Laptop ရောင်းချသူတွေဟာ Intel ရဲ့ Centrino တံဆိပ်ကို ရောင်းချ
တယ်လို့ပြောမယ်ဆိုရင် တကယ်တမ်း အဲ့ဒီမှာ ရှိရမယ့် Centrino မှာ သုံးမျိုး ဖြစ်ရပါမယ်။ အဲ့ဒီ သုံးမျိုးက
ဘာတွေလဲဆိုတာ အထက်မှာ ပြောပြခဲ့တဲ့ သုံးမျိုးပဲ ဖြစ်ပါတယ်။ Mainboard Chipset, Mobile CPU, and
Wireless Network Interface တို့ပဲ ဖြစ်ကြပါတယ်။ ဒီ Centrino ကို အသုံးပြုထားမယ်ဆိုရင် ကွန်ပျူတာရဲ့
System Performance ကို ပိုကောင်းစေပြီး၊ Battery အားကိုလည်း ပို၍ကြာရှည်ခံစေပါတယ်။ Laptop ကို
နေ့စဉ်နေ့တိုင်း တောက်လျှောက် အသုံးပြုမယ်ဆိုရင်တောင်မှ Battery Recharge ဘက်ထရီကိုပြန်ပြီးအား
မသွင်းပဲနဲ့ပဲ နေ့စဉ် (၇) နာရီထိအောင် အသုံးပြုခံနိုင်ပါတယ်။စက်မှုလုပ်ငန်း တစ်ခုကဆိုရင် ဒီ Centrino ကို IBM ရဲ့ Thinkpad Laptop တွေမှာ အသုံးပြုတာ (၇)နာရီထိအောင် အသုံးပြုခံနိုင်တယ်လို့ ပြောပါတယ်။
ဒီလိုမျိုး အကျိုးကျေးဇူးတွေရှိတာဖြစ်တဲ့အတွက်ကြောင့် Intel က သူ့ရဲ့ Centrino Laptop ဖြင့် လက်ရှိ Laptop ဈေးကွက်ကို ဦးဆောင်ဖို့မျှော်လင့်ခဲ့ပါတယ်။တကယ်လည်း Centrino ဟာ Laptop ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းအခုအချိန်မှာ Desktop ကွန်ပျူတာတွေနေရာမှာ Laptop ကွန်ပျူတာ
တွေ တော်တော်များများ အစားထိုးအသုံးပြုနေကြပြီး ဖြစ်တယ်လေ။ နောက်ပြီးတော့ Centrino Wireless Network Connection ကိုလည်းArea ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေပါတယ်။Centrino မှာ ပါဝင်တဲ့ Package အမျိုးအစားတွေကို ပြောရရင်တော့- 1. Pentium M processor 2. 855 chipset Family
3. PRO/ Wireless Network Connection တို့ပဲ ဖြစ်ကြပါတယ်။ Pentium M Processorဟာ Intel Centrino က ထုတ်လုပ်လိုက်တဲ့ Processor တစ်ခုပဲ ဖြစ်ပါတယ်။M Processor ဆိုတာက Single Core နှစ်ခုသာရှိတဲ့ 32 bit ရှိတဲ့ x86 Microprocessor တစ်ခုပဲဖြစ်ပါတယ်။ Intel က ၂၀၀၃ ခုနှစ် မတ်လမှာ စတင်ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ M Processor ရဲ့အနည်းဆုံး Power Consumption က 3.25w ထိရှိပါတယ်။ အထူးသဖြင့် Personal Laptopကွန်ပျူတာတွေမှာ အသုံးပြုရန် အဓိကထား ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
ဒီ Pentium M processor ရဲ့ အများဆုံး Clock Speed က 900 MHz ကနေ 2.26GHz ထိရှိပြီးတော့ FSB(
Front Side Bus )Speed ကတော့ 400 Mt/s ကနေ 533 Mt/s ထိရှိပါတယ်။ Intel 855 Chipset Family မှာ
Intel Centrino Processor Technology တစ်မျိုးပဲ ဖြစ်ပါတယ်။Power Consumption နည်းနည်းဖြင့်
ပိုကောင်းတဲ့ လုပ်ဆောင်ချက် Performance ကို ရရှိစေဖို့အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Pro/Wireless Network Connection ဟာ Intel CentrinoProcessor Techonlogy က ထုတ်လုပ်ခဲ့တဲ့ Solution တစ်ခုပဲ ဖြစ်ပါတယ်။Intel PRO/Wireless Connection ဟာ အလုပ်လုပ်ရာမှာ ပို၍ လွတ်လပ်မှု
ရှိသလို၊ Flexibility လည်းပိုဖြစ်ပါတယ်။ နောက်ပြီးတော့ Phone Jack ခေါင်းကိုပဲ ဖြစ်စေ၊ Network Cable ကိုပဲ ဖြစ်စေကိုယ်အသုံးပြုရမည့် Network Card မှာ တပ်ပြီးသုံးစရာမလိုပဲ အသုံးပြုလို့ရပါတယ်။ဆိုလိုတာက သူ့ရဲ့ Wireless LAN Connection ကနေမှ Connected ဆက်သွယ်မှုကို ရရှိစေနိုင်ပါတယ်။Intel ကဆိုရင် ဒီ Centrino အတွက် ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ သန်း 300 ထိအကုန်အကျခံပြီးတော့ကို ရင်းနှီး
မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။အဲ့သလို ဘာလို့ အကုန်အကျ အများကြီးနဲ့ ကြောငြာကို ရင်းနှီးမြှုပ်နှံခဲ့သလဲဆိုတော့ ဒီ CPU ဈေးကွက်တစ်ခုလုံးမှာ အသုံးပြုသူတွေဟာ Pentium M နှင့် Intel Core processor ကို Centrino Processorအဖြစ်လွဲမှားစွာနဲ့ မှတ်ယူနေကြပါတယ်။ တစ်ချို့များစွာသော Consumerအသုံးးပြုသူတွေဟာဆိုရင်
သူတို့ရဲ့Laptop ကွန်ပျူတာတွေမှာ Wireless Connection ကို Centrino ကသာ ပိုပြီးတော့ Support လုပ်နိုင်
တယ်လို့ စွဲမြဲစွာ မှတ်ယူထားကြပါတယ်။ ဒါကြောင့် Intel ရဲ့ Centrino က PersonalLaptopကွန်ပျူတာတွေရဲ့
အောင်မြင်မှုကို ဖြစ်ထွန်းစေတယ်။ Personal Laptop ဈေးကွက်ကိုဦးဆောင်ပေးတယ်လို့တောင်ပြောနိုင်
ပါတယ်။

Monday, 28 June 2010

3 D Video Cards အကြောင်း

0 comments



၁၉၉၀ ခုနှစ် အလယ်ပိုင်းတုန်းကဆိုရင် 3 D လောကအတွက် လိုအပ်တဲ့ Process မှန်သမျှကို ဘယ် CPU ကမှ ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သတိပြုထားရမှာတစ်ချက်က 3 D Object တွေ လှုပ်ရှားပုံက တကယ့်အပြင်လောကမှာ လှုပ်ရှားမှုတွေနဲ့ တူညီချင်တယ်ဆိုရင် ကျွန်တော်တို့ Run နေတဲ့ 3 D လောကကြီးကို တစ်စက္ကန့်မှာ ၂၄ ကြိမ်လောက် Refresh ပြန်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။နားရှုပ်သွားပြီလုားမသိဘူး။ ဆိုလိုချင်တာက Transformation ကနေ Texturing ကို ကူးပြောင်းတဲ့ Process ကြီးတစ်ခုလုံးကို တစ်စက္ကန့်ရဲ့ ၂၄ ပုံ ၁ ပုံတိုင်းမှာ တစ်ကြိမ်နှုန်းနဲ့ ထပ်ခါထပ်ခါပြုလုပ်ပေးဖို့ လိုတယ်လို့ ပြောချင်တာပါ။ ဒါ့အပြင် Game ထဲမှာ Screen တစ်ခါပြောင်းတိုင်းပြောင်းတိုင်း အထဲမှာပါဝင်တဲ့ Object တွေကို Track လိုက်ပေးရတာလဲ ပါပါသေးတယ်။ ဒီတော့ ဒီလောက်အလုပ်များတဲ့ CPU ကြီး ကြာတော့ဘယ်ခံနိုင်ပါ့လဲ။     ဒါဆိုရင် ဘယ်လိုလုပ်ကြမတုန်း သိပ်မတွေးပါနဲ့။ ဆံပင်ဖြူသွားလို့ ချစ်သူက ပစ်သွားပါဦးမယ်။ အဖြေက Video Card ပါပဲ။ပထမဆုံးပေါ်တဲ့ 3 D Video Card ကို 3 D Rendering Card  ( 3 D ကို ဖြည့်ဆည်းပေးမယ့် Card) လို့ခေါ်ရင် ပိုကောင်းမယ်ထင်တယ်။ ဒီ Card ကရော CPU ရဲ့ အလုပ်အားလုံးကို လုပ်ပေးသတဲ့လား။ မဟုတ်ပါဘူး။ Transformation ကိုတော့ သူကလုပ်မပေးပါဘူး။ အဲဒီအစား CPU ရဲ့ အလုပ်တွေထဲကနေ ခွဲဝေယူပြီး ကူညီပေးပါတယ်။ 3 D Card ထဲမှာ Data Texture တွေအများကြီးသိမ်းလို့ရတဲ့ RAM ရယ်၊ Triangles တွေ ဖန်တီးဖို့ Texture တွေကို အမြန်နှုန်းနဲ့ ပုဂံလုံးစီးပြီး အစားထိုးဖို့အတွက် Power မြင့်တဲ့ Processor ရယ် ပါဝင်ပါတယ်။ သို့သော်လည်း ပြဿနာတစ်ခုက ရှိသေးတယ်ဗျ။ အဲဒီ 3 D Video Card ကို ဘယ်လိုခိုင်းစေကြမလဲ။ ဒီအလုပ်ကို Device Driver တွေက လုပ်ပေးနိုင်ပါတယ်။             အင်း စဉ်းစားကြည့်ရအောင်နော်။ ဘယ်လိုပဲ Device Driver က အလုပ်ကောင်းကောင်းလုပ်ပေးပေး ဖြစ်နိုင်ရင် 3 D Card ကို ဘာလုပ်လိုက်ပါ၊ ညာလုပ်လိုက်ပါဆိုပြီး ခိုင်းစေပေးမယ့် Instruction အစုလေးတွေ ပို့ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ပြောစရာမလိုအောင်ကို တီထွင်ပါရဂူတွေက တော်ကြပါတယ်။

     






Video Card တွေထဲက Application Programming Interfaces (APIs) Series ထဲမှာ Video Card အတွက် Instructions တွေ ထည့်ပေးထားပါတယ်။ ပြောရရင်တော့ API ဆိုတာ စကားမြန်လို့ပြောလို့ရတယ်ဗျ။ Video Card ကို လက်ရှိ အသုံးပြုနေတဲ့ Program ဆီက ထုတ်လွှတ်ပေးတဲ့ Command တွေကိုယူတယ်၊ ပြီးရင် အဲဒီ Command တွေကို Device Driver တွေနားလည်နိုင်မယ့် Instruction တွေအဖြစ်နဲ့ ပြောင်းလဲပေးပါတယ်။ နှစ်တွေပြောင်းလဲလာတာနဲ့အမျှ API တွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ဟာက အကောင်းဆုံးပါလို့တော့ အဖြေမပေါ်ခဲ့ဘူးဗျ။
နောက်ပိုင်းမှာတော့ 3 D Video တွေကို လူကြိုက်များလာတဲ့အတွက်ကြောင့် Microsoft ကလည်း သူ့ဦးနှောက်ကြီးကို 3 D Graphic ဘက်ကို အတင်းဆွဲလှည့်တော့တာပေါ့။ အဲ သူ့ကျတော့ တစ်မျိုး စဉ်းစားတယ်ဗျ။ 3 D Graphics ကို သူ့ကိုယ်ပိုင် API နဲ့ သူ အလုပ်လုပ်ခိုင်းမလို့တဲ့။ သူတို့ကတော့ အဲဒီ API ကို Direct X လို့ခေါ်ပြန်တယ်။ Direct X အကြောင်းကိုသိချင်ရင်တော့ နောက်ခေါင်းစဉ်တစ်ခုနဲ့ ကျွန်တော်ပြောပြပေးပါ့ဦးမယ်။ API တွေအားလုံးဟာ အလုပ်အတူတူပဲ လုပ်တယ်လို့ ပြောလို့ရပေမယ့် အားလုံးမှာမတူညီတဲ့ ကွာခြားချက်လေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီး ခြားနားနေတာမျိုး မဟုတ်တော့ အရမ်းသိသာမှာ မဟုတ်ပါဘူး။ကဲ ဒီဆောင်းပါးလေးကတော့ 3 D Video Card ရဲ့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။