Bangkok က ကျွန်တော်ငယ်သူငယ်ချင်း (သိန်းထိုက်)အတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ :D
ရာစုဟောင်း ပုံရိပ်
ဒီနေရာအတွက်စိတ်ကူး
ဦးတည်ချက်တစ်ခုထဲးအတွက်နဲ့ရေးထား
တာတော့မဟုတ်ဘူး။ စိတ်ကူးထဲးမှာပေါ်
လာမိတာလေးတွေ၊ နောက်ပြီးမတောက်
တစ်ခေါက်တတ်ထားတဲ့ ကွန်ပျူတာအ
ကြောင်းတွေကိုမှတ်စုလိုရေးပြီး ပြန်ကြည့်
ဖို့အတွက်ပါပဲ။လူတိုင်းအတွက်အသုံးမ၀င်
ပေမယ့်ကျွန်တော့်အတွက်အသုံးဝင်နေမှာ
ပါ။
ကောက်ကြောင်းများ အစ
ဒီစာမျက်နှာကိုဘယ်လိုကြောင့်ရေးဖြစ်
သွားလဲလို့တော့ ခင်ဗျားတို့ မမေးကြနဲ့။
ကျွန်တော်လည်း အဖြေ ပေးမှာမဟုတ်
ဘူး။ ရင်နှီးတဲ့ မိတ်ဆွေး အချို့ ကတော့
ကျွန်တော့်ကို နာလည်ရခက်သူတဲ့ ဗျာ။
အဆုံးစွန်ထိကို အယူသည်းပြီး ခပ်ပျော့
ပျော့သမား တစ်ယောက်လို့ သတ်မှတ်
ထားကြတယ်။ ကဲ .ခင်ဗျာတို့ရော??
မိမိအကြောင်း
ခပ်ရိုးရိုးမိသားစုကပဲမွေးဖွားလာတာပါ။ညီ
တစ်ယောက်ရှိပြီးတော့မိသာစုထဲးမှာအကြီး
ဆုံးအကိုတစ်ယောက်ပေါ့။ဒါပေမယ့်ညီအ
ငယ်လောက်အကောင်းပြောမခံရတာအခုအ
ချိန်အထိပါပဲ။တစ်ခါတစ်လေ"ငါကွ!"လို့ထ
အော်တတ်တာကလွဲးလို့ဘယ်နေရာမှအချိုး
မကျဘူး။
အမှတ်ရစရာ
ငယ်ငယ်တုန်းကနယ်ကကျောင်းမှာကွန်
ပျူတာသင်ခိုင်းတုန်းကကြောက်လို့ထွက်
ပြေးခဲ့ပေမယ့်အခုအချိန်မှာတော့ဒီအလုပ်
နဲ့ပျော်မွေ့နေခဲ့ပြီး။ဘ၀ပေးလို့ပဲဆိုရမှာပေါ့
ဗျာ ...။ဆက်သွယ်မယ်ဆိုရင်တော့ဖြင့်
mgtrojan@gmail.com ပါ။
Sunday, 29 August 2010
Ebook Guide For Beginner
at
Sunday, August 29, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Bangkok က ကျွန်တော်ငယ်သူငယ်ချင်း (သိန်းထိုက်)အတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ :D
Thursday, 19 August 2010
လက်ဆောင်ကောင်းလေးတစ်ခု (SSDownloader)
at
Thursday, August 19, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
လက်ဆောင်ကောင်းလေးတစ်ခုပေးလိုက်မယ် .. မိတ်ဆွေတွေအားလုံးကို။Security,
Software,Application,AntiVirus,Firewall,Malware,Removal Tool များအားလုံးကို
တစ်စုတစည်းထဲးစုထားပေးတဲ့ SSDownloaders လေးတစ်ခုပါ။စိတ်ဝင်စားသူများနှင့်
ကြိုက်နှစ်သက်သူများ လက်တည့်စမ်းနိုင်ပါသည်။
Software,Application,AntiVirus,Firewall,Malware,Removal Tool များအားလုံးကို
တစ်စုတစည်းထဲးစုထားပေးတဲ့ SSDownloaders လေးတစ်ခုပါ။စိတ်ဝင်စားသူများနှင့်
ကြိုက်နှစ်သက်သူများ လက်တည့်စမ်းနိုင်ပါသည်။
Instead of wasting time and energy searching through the internet to download the security programs (be it free or trial versions) for your computer, you can find all those security programs in one place using SSDownloader.
### SSDownloader is compatible with Windows 7, Vista
and 7. ###
Download Link
Epson Stylus TX111 Printer
at
Thursday, August 19, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
ESPON Stylus TX111
ဟိုတစ်နေ့က ကျွန်တော်ဆိုင်မှာ လက်ရှိသုံးနေတဲ့ကွန်ပျူတာကို ၀င်ဒိုးချပြီးတော့ ဒရိုင်းဘာကို Backup လုပ်ဖို့
မေ့သွားတယ်။ဒရိုင်ဘာတော်တော်များများကို ရှိနေတဲ့ ခွေတွေထဲးကနေ ပြန်တင်လို့ရပေးမယ် ပရင်တာအတွက်
ဘယ်လိုမှရှာမရဖြစ်နေတယ်။စာရွက်ထုတ်စရာတွေကလည်းအရေးတကြီးလိုအပ်နေတော့လက်စွဲးတော် CDMA
ကိုသုံးပြီး အွန်လိုင်းပေါ်ကို အလုအယက် ကုန်ရုန်းပြီးတက်ရပါတော့တယ်။ခပ်ရမ်းရမ်းရှာရင်နဲ့သူ့ရဲ့မိခင်ဆိုဒ်မှာပဲ
Mini Driver လေးကိုသွားတွေ့ပါတယ်။ ပရင်တာက Copier,Scan,Print (၃) မျိုး သုံးလို့ရတဲ့ All-In-One ပရင်တာမျိုးလေးပါ။ရည်ရွယ်ချက်ကတော့ လက်ရှိအသုံးပြုနေကြတဲ့သူတွေများကျွန်တော်လို့ အဖြစ်မျိုးဖြစ်ခဲ့ရင်
အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက်ပါ။ဒီ Mini Driver လေးက SX110_TX110_TX111_TX117
Printer Version (၄) ခုအတွက် ပါ ပါတယ်။ကဲ ... အားလုံးအဆင်ပြေကြပါစေဗျာ..။Canon အတွက်က

တော့ ဒီနေရာလေးမှာ အရင်တစ်ခေါက်က ရေးထားတာရှိပါတယ်။
POST Beep Error များအကြောင်း (IBM)
at
Thursday, August 19, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Computer ကို စက်စဖွင့်ဖွင့်ခြင်းမှာ ROM ထဲမှာရှိတဲ့ Special Program လေးတစ်ခု ဖြစ်သော POST (Power On Self Test) လုပ်ငန်းစဉ် စတင်အလုပ်လုပ်တယ်ဆိုတာ အားလုံးနီနီ သိကြမှာပါ ။ဒီတော့ POST လုပ်ငန်းစဉ် အောင်မြင်တယ် ဆိုရင်တော့ စက်ကချက်ချင်း တက်လာပြီး အသုံးပြုလို့ရပြီပေါ့။ဒီလိုမှ မဟုတ်ရင်တော့ အမှားတစ်ခုခု (Error) ရှိနေပြီပေါ့။ အဲဒီလို အမှားရှိတယ်ဆိုတာကို စက်က ဘယ်လို
အသိပေးလဲ။စဉ်းစားစရာပဲနော်။ စက်က နှစ်မျိုးအသိပေးတတ်တယ်တဲ့။ အသံ (Beep) နဲ့ စာသား(Code) ဆိုပြီး အချက်ပြတာတဲ့နော်။ အခု ပထမဆုံး ပြောပြချင်တာက အသံနဲ့ ပတ်သက်တဲ့ POST Beep Error အကြောင်းပါ။အဲဒီ Beep အကြောင်းပြောရမယ်ဆိုရင်လေ ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား ပေါ်မူတည်ပြီးကွဲပြားမှုရှိတယ်နော်။ ဒီတော့ ကုမ္ပဏီ အလိုက်ဖေါ်ပြပေးမယ်နော်။ တကယ်လို့ ကိုယ့်ရဲ့ စက်မှာ Beep Error
ပေါ်ခဲ့ရင် တူညီတဲ့ကုမ္ပဏီ အမျိုးအစားကိုရှာပြီးဖတ်ပါနော်။ ဒါမှမဟုတ် ဗဟုသုတ အဖြစ်သိချင်တယ်ဆိုရင်လေ အားလုံးကို ဖတ်ကြည့်ပေါ့နော်။
ပထမဆုံး Original IBM ကထုတ်တဲ့ Computers တွေမှာ အချက်ပေးတတ်တဲ့ POST Beep Codes တွေကတော့...

-အသံတိုလေး တစ်ချက်မြည်တယ် ဆိုရင် ပုံမှန်ပါ။ System က အဆင်ပြေ (OK) ပါတယ်။
-အသံတိုလေး နှစ်ချက်မြည်တယ် ဆိုရင် POST မှာ အမှား (Error) ရှိနေပါတယ်။ Screen ပေါ်မှာအမှားဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကို စာသားနဲ့ဖေါ်ပြပေးပါလိမ့်မယ်။
-ဘာအသံမှလည်းမကြားရဘူး၊ စက်လည်းမတက်လာဘူး ဆိုရင် Power Supply (သို့) System Board မှာပြဿနာ ရှိနေနိုင်သလို CPU (သို့) Speaker ကြိုးလွတ်နေလို့လဲ ဖြစ်နိုင်ပါတယ်။
-အသံက ရပ်နားမှုမရှိဘဲ အသံရှည် ဆက်တိုက်မြည်နေမယ်၊ စက်လည်းမတက်လာဘူးဆိုရင် Power Supply,System Board (သို့) Keyboard တို့မှာ ပြဿနာတစ်ခုခုဖြစ်နေလို့ပါ။ ဒါကြောင့် အဲဒီ (၃) မျိုးကို ဦးစွာစစ်ဆေးကြည့်ပါ။
-အသံတိုလေးပဲ၊ ဒါပေမဲ့ အဲဒီအသံတိုလေးက ထပ်ခါထပ်ခါ မြည်နေတယ်ဆိုရင် Power Supply, System Board (သို့) Keyboard မှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့ပါနော်။ ထုံးစံအတိုင်း စစ်ကြည့်ပါ။
-အသံရှည် တစ်ချက်၊ အသံတို တစ်ချက်မြည်နေတယ် ဆိုရင် System Board မှာ ပြဿနာရှိနေတာပါ။
-အသံရှည် တစ်ချက်၊ အသံတို နှစ်ချက်မြည်တယ် ဆိုရင် Display Adapter (Monochrome Display Adapter (MDA) , Color Graphics Adapter (CGA) ) မှာ ပြဿနာ ဖြစ်တာပါ။
-အသံရှည် တစ်ချက်၊ အသံတို သုံးချက်မြည်နေရင် Enhanced Graphics Adapter (EGA) ချို့ယွင်းတာပါ။
-အသံရှည် သုံးချက်မြည်တယ်ဆိုရင်တော့ 3270 Keyboard card ကိုစစ်ဆေးဖို့လိုပါတယ်။
Monday, 9 August 2010
MP3 format အကြောင်း
at
Monday, August 09, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
MPEG -1 Audio Layer 3 သည် MP 3 အဖြစ် အများသိကြပြီး Data Compression Form ကို အသုံးပြုသော Digital Audio Encoding Format ဖြစ်တယ်။ ၎င်းသည် Digital Audio Player တွင် Music ကို Transfer နှင့် Playback လုပ်ရန် Digital Audio Compression ၏ Standard ဖြစ်သည့်အပြင် Consumer Audio Storage အတွက် Common Audio Format လည်းဖြစ်ပါတယ်။ MP3 သည် Moving Picture Experts Group မှ Design ထုတ်လိုက်သော Audio-Specific Format ဖြစ်ပါတယ်။ ထိုအဖွဲ့ကိုဖွဲ့ထားသည်မှုာ FraunhoferII 3 in Erlangen, Germany, AT&T-Bell Labs in Murray Hill, NJ, USA,Thomson- Brandt နှင့် CCETT မှ အင်ဂျင်နီယာ အသင်းများ ဖြစ်ကြတယ်။ အဲဒီ အဖွဲ့ကို 1991 တွင် ISO/ IEC Standard အဖြစ် အသိအမှတ်ပြုထားပါတယ်။ MP3 တွင် Compression Algorithm ၏ အသုံးပြုမှုသည် Audio Recording အတွက် လိုအပ်သော Data Amount ကို လျှော့ချရန် ဖြစ်ပြီး နားထောင်သူများအတွက်ကတော့ မူလက Compress လုပ်မထားသော Audio ကို ပြန်လည်ထုတ်လုပ်ခြင်းကဲ့သို့ ဖြစ်ပါတယ်။ 128 Kbit/s Setting အဖြစ် Mid-Range Bit Rate ကိုသုံး၍ဖန်တီးလိုက်သော MP3 File ရဲ့ Original Audio Source မှ ထုတ်လိုက်သည့် CD File ရဲ့ ဆယ်ပုံတစ်ပုံ Size ရှိတဲ့ File တစ်ခု ဖြစ်လာလိမ့်မယ်။ MP3 File တစ်ခုကို Higher or Lower Resulting Quality နှင့် Higher or Lower Bit Rates များတွင် တည်ဆောက်နိုင်ပါတယ်။လူအများစုကြားနိုင်စွမ်းမရှိသော အသံ၏ အချို့ အစိတ်အပိုင်းများအတွက် Accuracy ကို Compression က ဖြတ်တောက်ပါတယ်။ ဤနည်းကို Perceptual Coding ဟုခေါ်ကြပါတယ်။ ၄င်းသည် လူ့နားနှင့်သိပ်မကြားနိုင်သော အသံအစိတ်အပိုင်းကို လျှော့ချဖြတ်တောက်ခြင်း၊ ကျန်သည့် Information ကို ထိရောက်စွာ Record လုပ်ခြင်းဖြင့် အချိန်တိုအတွင်း အသံ၏ အခြေအနေကို Frequency Analysis Window တွင် ဖော်ပြပါတယ်။ Image Compression Format JPEG မှ အသုံးပြုသော စည်းမျဉ်းများမှာ ၎င်းနှင့် သဏ္ဍာန်တူပါတယ်။
Friday, 30 July 2010
TCP/IP commands များအကြောင်း - ၁
at
Friday, July 30, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
TCP/IP Protocol နဲ့ပတ်သက်တဲ့ Tools တွေ(Command တွေ) အကြောင်းပါ။ TCP/IP Protocol (Transmission
Control Protocol/ Internet Protocol)အကြောင်းကိုတော့ အတော်များများ လေ့လာသိရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ သူကကွန်ပျူတာတွေအချင်းချင်း Network ချိတ်ဆက်ကြရာမှာ ကြားခံအဖြစ်(Logically ပေါ့နော်) သုံးတဲ့ Standard
Protocol တစ်ခုပါ။ ကြီးမားကျယ်ပြန့်တဲ့ Network ကြီးတွေ အားလုံးနီးပါးဟာ TCP/IP Protocol ကိုအသုံးပြုပြီးချိတ်
ဆက်ထားကြတာဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအတိုင်းအတာ အထိ ကျယ်ပြန့်စွာသုံးစွဲနေကြပြီဖြစ်တဲ့ Internetဟာလည်း
TCP/IP Protocol ကိုအသုံးပြုပြီး ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Network ချိတ်ဆက်မှုတိုင်းလိုလိုဟာ
TCP/IP Protocol နဲ့ ကင်းကွာလို့ မရတဲ့အနေအထားမှာရှိပါတယ်။ TCP/IP Protocol မပါဝင်ပါပဲနဲ့ Network တစ်ခုချိတ်ဆက်ဖို့ဆိုတာဟာလည်း မဖြစ်နိုင်တဲ့အနေအထား တစ်ခုလို့ တောင်ပြောလို့ရပါတယ်။ TCP/IP Protocol
ဟာ Network တစ်ခုအတွင်းကကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံးချိတ်ဆက်တဲ့နေရာမှာရော Network တွေတစ်ခုနဲ့
တစ်ခုချိတ်ဆက်တဲ့နေရာမှာရော ဒီလောက်တောင်တွင်ကျယ်စွာအသုံးပြုနေကြတာဆို တော့ကျွန်တော်တို့အနေနဲ့လည်း
TCP/IP Protocol နဲ့ပတ်သက်တဲ့ အသုံးများတဲ့ Tool တွေ Commandတွေအကြောင်းကို အနည်းအကျဉ်းလောက်တော့
သိထားသဘောပေါက်ထားသင့်တယ်လို့ထင်ပါတယ်။စာဖတ်သူအနေနဲ့လည်း စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ ကဲ အခုစပြီး
အသုံးအများဆုံး Commandတွေကိုလေ့လာကြရအောင်။

Command အားလုံးဟာတော့ Command Line Interface (cmd.exe)ထဲမှာပဲသုံးရမှာနော်။ ပထမဆုံးအနေနဲ့ PING
Command ကို လေ့လာကြတာပေါ့။ PING Command ကိုတော့ တော်တော်များများ သိရှိပြီးဖြစ်မယ်လို့ထင်ပါတယ်။
သူက TCP/IP Protocol ရဲ့ အခြေခံအကျဆုံး Command လေးပါပဲ။ သူ့ကို ကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံးကြားမှာ
Network Connection ရမရ သိရအောင် စမ်းသပ်တဲ့နေရာမှာ သုံးပါတယ်။ PING Command လေးကို IP Address
နဲ့တွဲပြီးတော့ သုံးမယ်ဆိုလည်းရနိုင်သလို (ဥပမာ ping 192.168.0.1) DNS Server (Domain Name System)
ရှိတဲ့Network တွေမှာ ဆိုရင် Destination Computer ရဲ့ Computer Name နဲ့တွဲပြီးတော့လည်းသုံးနိုင်ပါတယ်

(ဥပမာ ping youth1)။ ဥပမာ တစ်ခုနဲ့ပြမယ်ဆိုရင်တော့ စာဖတ်သူက (1) ဆိုတဲ့ကွန်ပျူတာမှာထိုင်နေတယ်၊ပြီးတော့
အဲဒီကွန်ပျူတာကို (2) ဆိုတဲ့ ကွန်ပျူတာနဲ့ချိတ်ဆက်ထားတယ်ဆိုပါတော့။ အဲဒါပေမယ့်ချိတ်ထားတယ်ဆိုတာက ကြိုး
တွေချိတ်ထားတယ်၊ ပြီးတော့ IPAddressတွေသတ်မှတ်ပေးထားတယ်ဆိုတာလောက်ပဲ၊ပြောရရင်ခုမှကွန်ပျူတာနှစ်လုံးကို
စချိတ်ခါစပဲဆိုပါတော့ဗျာ။အဲဒီတော့ကွန်ပျူတာနှစ်လုံးအမှန်တကယ်Connection ရပြီလားဆိုတာကိုစမ်းတော့မယ်ဆိုရင်
တော့ PING Command ကိုသာသုံးရမှာပါ။ DNS Server ရှိတယ်ဆိုရင်တော့ ComputerName နဲ့စမ်းလို့လဲ ရနိုင်သလို
IP Address နဲ့လည်းစမ်းနိုင်ပါတယ်။ DNS Server မရှိဘူးဆိုရင်တော့ IP Addressနဲ့သာစမ်းရမှာဖြစ် ပါတယ်။
"ping 192.168.0.2 (ကိုယ်က (1) မှာထိုင်ပြီးတော့(2)ကိုလှမ်းစမ်းမှာဖြစ်ပါတယ်။(2) က IP Address 192.168.0.2
လို့သတ်မှတ်ထား လိုက်ပေါ့နော်။)လို့CommandLineMode(cmd.exe)မှာရိုက်ထည့်လိုက်တဲ့အခါမှာReply ပြန်တဲ့စာတမ်း
တက်လာတယ်ဆိုရင်တော့ကွန်ပျူတာနှစ်လုံးဟာ တကယ်ကို Connection မိသွားပါပြီ။ အဲလိုမဟုတ်ဘဲ "Request Time
Out" ဒါမှမဟုတ်"Destination Host Unreachable"စာတမ်းတွေတက်လာတယ်ဆိုရင်တော့ ကွန်ပျူတာနှစ်လုံးဟာ
တကယ်Connection မရသေးပါဘူး။ ဒါဟာNetwork ကြိုးကြောင့် လည်းဖြစ်နိုင်သလို Network Cardတွေကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် IPAddress တွေသတ်မှတ်တာ မှားယွင်းလို့လဲဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာတွေကိုတစ်ခုချင်းစီစစ်
ဆေးပြီးပြန်လည်စမ်းသပ်ရမှာဖြစ်ပါတယ်။ နောက်ဆုံး Replyပြန်တဲ့စာတမ်းတက်လာတဲ့အချိန်အထိစမ်းသပ်ရမှာဖြစ်ပါတယ်။
Reply ပြန်တဲ့စာတမ်းတက်လာတာဟာ Network Connectionတကယ်မိနေပြီဆိုတာကိုညွှန်ပြသလို Network ကြိုးတွေ၊
Switch တွေ၊ Network Cardတွေကောင်းတယ်ဆိုတာကိုလည်းညွှန်ပြပါတယ်။ဒါလောက်ဆိုရင်တော့PINGCommandရဲ့
အသုံးပြုပုံနဲ့အသုံးဝင်ပုံတွေကိုသဘောပေါက်နားလည်ကြလောက်ပြီလို့ထင်ပါတယ်။အဲ နောက်ထပ် အသုံးလည်းများသလို
အသုံးလည်းဝင်လှတဲ့ TCP/IP Protocol နဲ့ပတ်သက်တဲ့ Commandတစ်ခုအကြောင်းကို ထပ်ပြောပြချင်ပါတယ်။ IPCONFIG
Command ပါ (Linux Operating System မှာတော့ifconfig လို့သုံးပါတယ်။ မှားမှာစိုးလို့ပါ။) အဲဒီ Command ကတော့ ကိုယ့်စက်ရဲ့Network Configuration တွေကို ပြန်လည်ကြည့် ရှုဖို့အတွက်သုံးပါတယ်။ တိတိ ကျကျ ပြောရရင်တော့ကိုယ့်

စက်မှာစိုက်ထားတဲ့ Network Card မှာ သတ်မှတ်ထားတဲ့ IPAddress တွေ၊ Subnet Mask တွေ၊ Default Gateway IP
Address တွေ၊ DNS IP Address တွေ အပြင် အဲဒီNetwork Card ရဲ့ တကယ့် Really Address(Physical Address လို့လဲ
ပြောကြသလို MAC - Media AccessControl Address လို့လဲပြောကြပါတယ်။)ကိုကြည့်ဖို့ အတွက် သုံးနိုင်ပါတယ်။ ကိုယ့်စက်
မှာ စိုက်ထားသမျှNetwork Card အားလုံးကို တစ်ခါ တည်းဖော်ပြပေး တာ ဖြစ်ပါ တယ်။ Network Card တစ်ကဒ် ချင်း အတွက်
တစ်ကြိမ် ရိုက် စရာမ လိုပါဘူး။ဘယ်လိုသုံးရမလဲဆိုရင်တော့ သူကပိုလွယ်ပါတယ်။ Command Line မှာ"ipconfig"လို့ရိုက်လိုက်
ရင်ရပါပြီ။ဒါဆို IP Address ရယ်၊ Subnet Mask ရယ်၊ Default Gateway IPAddress ရယ်ကိုဖော်ပြပေးပါလိမ့်မယ်။ကျန်တာ
တွေကိုပါ ဖော်ပြပေးစေချင်တယ်ဆိုရင်တော့ "ipconfig /all" လို့ရိုက်ပေးရပါလိမ့်မယ်။ ကိုယ့်စက်မှာ Network Card ဘယ်နှစ်ကဒ်
စိုက်ထားတယ်ဆိုတာကိုပါ ကြည့်နိုင်ပါတယ်။ဘယ်ကဒ်ကို ကြိုးတပ်ထားတယ်၊ဘယ်ကဒ်ကိုတော့ ကြိုးမတပ်ထားဘူးဆိုတာလည်း သိနိုင်ပါတယ်။ ဒါ့အပြင်DHCP Server (Dynamic Host Configuration Protocol) ရှိခဲ့မယ်ဆိုရင်တော့ IPCONFIG Command
ကိုအသုံးပြုပြီး IP Address တွေကိုအပြောင်းအလဲလုပ်ပေးဖို့ DHCP Server ကို လှမ်းပြီး Requestလုပ်နိုင်မှာဖြစ်ပါတယ်။ "ipconfig /release"ဆိုရင် လက်ရှိကိုယ့်စက်ကို DHCP Server က Autoသတ်မှတ်ပေးထားတဲ့ IP Address ကိုမလိုချင်တော့ဘူး ပြန်ရုပ်သိမ်း
လိုက်ပါတော့လို့ DHCP Server ကို လှမ်းပြီးRequestလုပ်မှာဖြစ်ပါတယ်။အဲဒီလိုပြောလိုက်ပြီးရင်တော့ ကိုယ့်စက်ကို "ipconfig" ပြန်
ခေါ် လိုက်ရင် IPAddress 0.0.0.0 လို့ပြ ပါလိမ့်မယ်။ "ipconfig /renew"လို့ပြောလိုက်မယ်ဆိုရင်တော့ DHCP Serverကိုလှမ်းပြီး IP Address အသစ်တစ်ခု သတ်မှတ်ပေးဖို့ လှမ်းပြီး Request လုပ်မှာဖြစ်ပါတယ်။ အဲလိုပြောပြီးလို့"ipconfig" ပြန်ခေါ်ကြည့်တဲ့အခါကျရင်
တော့ IP Address နေရာမှာ Address တန်ဖိုးအသစ်တစ်ခုရောက်နေတာကိုတွေ့ရမှာပါ။ ကဲ ဟုတ်ပြီနော်။ အဆင်ပြေမယ်ဆိုရင်ဒီ
Command လေးတွေကိုပြန်စမ်းကြည့်လိုက်ကြပါ။ ဒါဆိုရင် ပိုပြီးသဘော ပေါက်သွားမယ်၊ ပိုပြီးတော့ လည်း မှတ်မိသွားမှာပါ။
Networking ကိုစိတ်ဝင်စားသူ တစ်ယောက်အနေနဲ့ ဒီ Command လေးတွေလောက်ကတော့အနည်းဆုံးသိထားသဘောပေါက်
ထားသင့်ပါတယ်။ အဲနောက်ထပ်Commandတစ်ခုကတော့TRACERT Command ပါပဲ။သူကိုတော့သိပြီး သူလည်းရှိနိုင်သလိုမသိသေး
တဲ့သူတွေလည်းတော်တော်များမယ်လို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီCommand က သုံးတာသူ့နေရာနဲ့သူအသုံးတည့်လှတာ
မှန်ပေမယ့်သူ့ကိုအသုံးပြုရတဲ့ အခြေအနေမျိုးကတော့ တော်တော်လေး နည်းပါတယ်။
Networking နယ်ပယ်ထဲက တော်ရုံ Level ပညာရှင်တွေတောင် လုပ်ငန်းခွင်ထဲမှာ သုံးရတဲ့ အကြိမ်အရေအတွက် နည်းပါလိမ့်မယ်။
သူက LAN (LocalArea Network) တွေအဆင့်လောက် မှာ လုံးဝသုံးစရာ မလို ပါဘူး။ Internet ပေါ်ကနေ LAN နှစ်ခုချိတ်ဆက်ထား
တဲ့ အချိန်မျိုး လောက်မှာ မှ သူ့ကိုအသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ LAN နှစ်ခု အချင်းချင်းInternet ပေါ်ကနေ Data တွေ၊
Information တွေ အပြန်အလှန်ဖလှယ်တဲ့အခါမှာဘယ်လမ်းကြောင်းတွေကနေလာကြတယ်ဆိုတာကို Trace လိုက်တဲ့အခါမှာသုံး
ပါတယ်။ လမ်းကြောင်းဆိုတာကဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ရဲ့ Data တွေ Information တွေက Internet လို အများသုံးTransmission Medium ပေါ်ကဖြတ်သန်းလာရတာဖြစ်တဲ့အတွက် လမ်းမှာတခြားဘယ် Networkတွေကိုဖြတ်သန်းလာရ
တယ်ဆိုတာမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ Internet ဆိုတာဟာ ကမ္ဘာပေါ်က Network တွေ တစ်ခုနဲ့ တစ်ခု အသီးသီး အပြန်ပြန်
အလှန်လှန် ချိတ်ဆက် ကြရင်း နဲ့ မှ တစ်ကမ္ဘာလုံးလွှမ်းခြုံမိသွားပြီး GlobalNetwork ကြီးတစ်ခု အဖြစ်ပေါ်ပေါက်လာခဲ့တာမို့ပါ။
ဒါကြောင့် ကျွန်တော်တို့တွေ Internet ပေါ်ကနေတနေရာရာကို Data တွေ Information တွေ ပို့တဲ့အခါမှာ အဲဒီData တွေက
ကျွန်တော်တို့ပို့လိုတဲ့နေရာကိုတန်းပြီးတခါတည်းရောက်သွားတာ မဟုတ်ပါဘူး။ လမ်းမှာအခြားအခြားသော Network တွေကို
တစ်ခုထက် မကဖြတ်သန်းသွားရမှာပါ။ TRACERT Command ကကိုယ့် ရဲ့ Data တွေဟာ ဘယ် Network တွေ ကိုဖြတ်သန်း
ပြီးတော့မှ ကိုယ်ပို့ ချင် တဲ့ Network ကိုရောက်ရှိမယ်ဆိုတာကို စစ်ဆေးဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီ ဖြတ်သန်းသွားရမယ့်
Network တွေကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာ IP Addressတွေကိုပါဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့
Firewall တွေတပ်ဆင်အသုံးပြုကြမှုဟာအလွန်တွင်ကျယ်နေပြီဖြစ်တဲ့အတွက် Trace လိုက်ဖို့ကတော့ သိပ်အဆင်မ ပြေတော့
ပါဘူး။ ဒါကြောင့် TRACERTCommand ကို အသုံးပြုမှုတွေ ဟာ လည်းဒီဘက်အချိန်တွေမှာပိုမိုနည်းပါးသွားတာဖြစ်ပါတယ်။
အကျိုးဆက် အနေနဲ့Networkingကိုထဲထဲဝင်ဝင် လေ့လာထားသူများလောကသာရင်းနှီး တော့တဲ့အနေ အထားကို ရောက်သွား
တာ ဖြစ်ပါတယ်။ ဒါပေမယ့် TRACERT Command ကို သုံးလို့ရတဲ့တခြားနေရာရှိပါ သေးတယ်။ ဟိုဘက် Destination
ဘက်က Domain Name ကို သိရုံနဲ့ အဲဒီ Domain ရဲ့ တကယ့် IP Address ကိုသိရအောင်လည်း အသုံးပြုနိုင်ပါတယ်။ "tracert www.google.com" လို့ရိုက်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့စက်က Internet Connection ရနေတယ်။ ကိုယ်လှမ်းခေါ်လိုက်တဲ့
စက်ကလည်း Internetရနေမယ်ဆိုရင်တော့သူ့ရဲ့ IPAddress နဲ့သူ့ရဲ့DomainNameနဲ့တွဲပြီးတစ်ခါတည်းပေါ်လာပါလိမ့်မယ်။ပြီး
ရင်လမ်းကြောင်းကိုလိုက်ပြီးTraceလုပ်ပါလိမ့်မယ်။လမ်းကြောင်းတစ်လျှောက်မှာFirewallတွေကိုဖြတ်သန်းလာရမယ်ဆိုရင်တော့
Trace လိုက်တာအကုန်လုံး"Request Time Out" တွေပဲပေါ်ပါလိမ့်မယ်။ Control Key နဲ့ C နဲ့ နှိပ်ပြီး Trace လုပ်တာကိုရပ်ခိုင်း လိုက်ပါ။ကဲဒီလောက်ဆိုရင်တော့ TRACERT Command အကြောင်းကိုလည်း တော်တော်လေးသဘောပေါက်လောက်ပါပြီနော်။
ကဲဒါဆိုရင်နောက်ထပ်Commandတစ်ခုကိုထပ်ပြီးလေ့လာကြည့်ကြမယ်နော်။ ဒီတစ်ခါထပ်လေ့လာရမယ့်Command လေးကတော့
NETSTAT Command ပါပဲ။ ဒီ Command လေးကတော့ Networkingသမားတော်တော်များများ ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။
ဒီ Command လေးကတော့ Network Cardရှိရုံနဲ့တင် စမ်းသပ်လို့ရနိုင်ပါတယ်။ သူကကိုယ့်စက်မှာ လက်ရှိပွင့်နေတဲ့ TCP/IP Protocol
ရဲ့ Port နံပါတ်တွေကိုဖော်ပြပေးပါတယ်။ Network ချိတ်ဆက်ထားမယ်ဆိုရင် တခြားစက်ရဲ့ Port နံပါတ်ဘယ်လောက်ကို ကိုယ့်စက်ရဲ့
Port နံပါတ်ဘယ်လောက်က သွားချိတ်ထားတယ် ဆိုတာမျိုး ပြီးတော့ ကိုယ့်စက်ရဲ့ Port နံပါတ်ဘယ်လောက်ကိုတခြားစက်ရဲ့ Port နံပါတ်ဘယ်လောက်က လာချိတ်ထားတယ်ဆိုတာမျိုးလည်းဖော်ပြပေးပါတယ်။ချိတ်ဆက်ထားတာလည်းဘယ် Protocolကိုသုံးပြီးချိတ်ဆက်
ထားတယ်ဆိုတာပါ ဖော်ပြပေးမှာဖြစ်ပါတယ်။
Address တွေ၊ DNS IP Address တွေ အပြင် အဲဒီNetwork Card ရဲ့ တကယ့် Really Address(Physical Address လို့လဲ
ပြောကြသလို MAC - Media AccessControl Address လို့လဲပြောကြပါတယ်။)ကိုကြည့်ဖို့ အတွက် သုံးနိုင်ပါတယ်။ ကိုယ့်စက်
မှာ စိုက်ထားသမျှNetwork Card အားလုံးကို တစ်ခါ တည်းဖော်ပြပေး တာ ဖြစ်ပါ တယ်။ Network Card တစ်ကဒ် ချင်း အတွက်
တစ်ကြိမ် ရိုက် စရာမ လိုပါဘူး။ဘယ်လိုသုံးရမလဲဆိုရင်တော့ သူကပိုလွယ်ပါတယ်။ Command Line မှာ"ipconfig"လို့ရိုက်လိုက်
ရင်ရပါပြီ။ဒါဆို IP Address ရယ်၊ Subnet Mask ရယ်၊ Default Gateway IPAddress ရယ်ကိုဖော်ပြပေးပါလိမ့်မယ်။ကျန်တာ
တွေကိုပါ ဖော်ပြပေးစေချင်တယ်ဆိုရင်တော့ "ipconfig /all" လို့ရိုက်ပေးရပါလိမ့်မယ်။ ကိုယ့်စက်မှာ Network Card ဘယ်နှစ်ကဒ်
စိုက်ထားတယ်ဆိုတာကိုပါ ကြည့်နိုင်ပါတယ်။ဘယ်ကဒ်ကို ကြိုးတပ်ထားတယ်၊ဘယ်ကဒ်ကိုတော့ ကြိုးမတပ်ထားဘူးဆိုတာလည်း သိနိုင်ပါတယ်။ ဒါ့အပြင်DHCP Server (Dynamic Host Configuration Protocol) ရှိခဲ့မယ်ဆိုရင်တော့ IPCONFIG Command
ကိုအသုံးပြုပြီး IP Address တွေကိုအပြောင်းအလဲလုပ်ပေးဖို့ DHCP Server ကို လှမ်းပြီး Requestလုပ်နိုင်မှာဖြစ်ပါတယ်။ "ipconfig /release"ဆိုရင် လက်ရှိကိုယ့်စက်ကို DHCP Server က Autoသတ်မှတ်ပေးထားတဲ့ IP Address ကိုမလိုချင်တော့ဘူး
လိုက်ပါတော့လို့ DHCP Server ကို လှမ်းပြီးRequestလုပ်မှာဖြစ်ပါတယ်။အဲဒီလိုပြောလိုက်ပြီးရင်တော့ ကိုယ့်စက်ကို "ipconfig" ပြန်
ခေါ် လိုက်ရင် IPAddress 0.0.0.0 လို့ပြ ပါလိမ့်မယ်။ "ipconfig /renew"လို့ပြောလိုက်မယ်ဆိုရင်တော့ DHCP Serverကိုလှမ်းပြီး IP Address အသစ်တစ်ခု သတ်မှတ်ပေးဖို့ လှမ်းပြီး Request လုပ်မှာဖြစ်ပါတယ်။ အဲလိုပြောပြီးလို့"ipconfig" ပြန်ခေါ်ကြည့်တဲ့အခါကျရင်
တော့ IP Address နေရာမှာ Address တန်ဖိုးအသစ်တစ်ခုရောက်နေတာကိုတွေ့ရမှာပါ။ ကဲ ဟုတ်ပြီနော်။ အဆင်ပြေမယ်ဆိုရင်ဒီ
Command လေးတွေကိုပြန်စမ်းကြည့်လိုက်ကြပါ။ ဒါဆိုရင် ပိုပြီးသဘော ပေါက်သွားမယ်၊ ပိုပြီးတော့ လည်း မှတ်မိသွားမှာပါ။
Networking ကိုစိတ်ဝင်စားသူ တစ်ယောက်အနေနဲ့ ဒီ Command လေးတွေလောက်ကတော့အနည်းဆုံးသိထားသဘောပေါက်
ထားသင့်ပါတယ်။ အဲနောက်ထပ်Commandတစ်ခုကတော့TRACERT Command ပါပဲ။သူကိုတော့သိပြီး သူလည်းရှိနိုင်သလိုမသိသေး
တဲ့သူတွေလည်းတော်တော်များမယ်လို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီCommand က သုံးတာသူ့နေရာနဲ့သူအသုံးတည့်လှတာ
မှန်ပေမယ့်သူ့ကိုအသုံးပြုရတဲ့ အခြေအနေမျိုးကတော့ တော်တော်လေး နည်းပါတယ်။
Networking နယ်ပယ်ထဲက တော်ရုံ Level ပညာရှင်တွေတောင် လုပ်ငန်းခွင်ထဲမှာ သုံးရတဲ့ အကြိမ်အရေအတွက် နည်းပါလိမ့်မယ်။
သူက LAN (LocalArea Network) တွေအဆင့်လောက် မှာ လုံးဝသုံးစရာ မလို ပါဘူး။ Internet ပေါ်ကနေ LAN နှစ်ခုချိတ်ဆက်ထား
တဲ့ အချိန်မျိုး လောက်မှာ မှ သူ့ကိုအသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ LAN နှစ်ခု အချင်းချင်းInternet ပေါ်ကနေ Data တွေ၊
Information တွေ အပြန်အလှန်ဖလှယ်တဲ့အခါမှာဘယ်လမ်းကြောင်းတွေကနေလာကြတယ်ဆိုတာကို Trace လိုက်တဲ့အခါမှာသုံး
ပါတယ်။ လမ်းကြောင်းဆိုတာကဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ရဲ့ Data တွေ Information တွေက Internet လို အများသုံးTransmission Medium ပေါ်ကဖြတ်သန်းလာရတာဖြစ်တဲ့အတွက် လမ်းမှာတခြားဘယ် Networkတွေကိုဖြတ်သန်းလာရ
တယ်ဆိုတာမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ Internet ဆိုတာဟာ ကမ္ဘာပေါ်က Network တွေ တစ်ခုနဲ့ တစ်ခု အသီးသီး အပြန်ပြန်
အလှန်လှန် ချိတ်ဆက် ကြရင်း နဲ့ မှ တစ်ကမ္ဘာလုံးလွှမ်းခြုံမိသွားပြီး GlobalNetwork ကြီးတစ်ခု အဖြစ်ပေါ်ပေါက်လာခဲ့တာမို့ပါ။
ဒါကြောင့် ကျွန်တော်တို့တွေ Internet ပေါ်ကနေတနေရာရာကို Data တွေ Information တွေ ပို့တဲ့အခါမှာ အဲဒီData တွေက
ကျွန်တော်တို့ပို့လိုတဲ့နေရာကိုတန်းပြီးတခါတည်းရောက်သွားတာ မဟုတ်ပါဘူး။ လမ်းမှာအခြားအခြားသော Network တွေကို
တစ်ခုထက် မကဖြတ်သန်းသွားရမှာပါ။ TRACERT Command ကကိုယ့် ရဲ့ Data တွေဟာ ဘယ် Network တွေ ကိုဖြတ်သန်း
ပြီးတော့မှ ကိုယ်ပို့ ချင် တဲ့ Network ကိုရောက်ရှိမယ်ဆိုတာကို စစ်ဆေးဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီ ဖြတ်သန်းသွားရမယ့်
Network တွေကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာ IP Addressတွေကိုပါဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့
Firewall တွေတပ်ဆင်အသုံးပြုကြမှုဟာအလွန်တွင်ကျယ်နေပြီဖြစ်တဲ့အတွက် Trace လိုက်ဖို့ကတော့ သိပ်အဆင်မ ပြေတော့
ပါဘူး။ ဒါကြောင့် TRACERTCommand ကို အသုံးပြုမှုတွေ ဟာ လည်းဒီဘက်အချိန်တွေမှာပိုမိုနည်းပါးသွားတာဖြစ်ပါတယ်။
အကျိုးဆက် အနေနဲ့Networkingကိုထဲထဲဝင်ဝင် လေ့လာထားသူများလောကသာရင်းနှီး တော့တဲ့အနေ အထားကို ရောက်သွား
တာ ဖြစ်ပါတယ်။ ဒါပေမယ့် TRACERT Command ကို သုံးလို့ရတဲ့တခြားနေရာရှိပါ သေးတယ်။ ဟိုဘက် Destination
ဘက်က Domain Name ကို သိရုံနဲ့ အဲဒီ Domain ရဲ့ တကယ့် IP Address ကိုသိရအောင်လည်း အသုံးပြုနိုင်ပါတယ်။ "tracert www.google.com" လို့ရိုက်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့စက်က Internet Connection ရနေတယ်။ ကိုယ်လှမ်းခေါ်လိုက်တဲ့
စက်ကလည်း Internetရနေမယ်ဆိုရင်တော့သူ့ရဲ့ IPAddress နဲ့သူ့ရဲ့DomainNameနဲ့တွဲပြီးတစ်ခါတည်းပေါ်လာပါလိမ့်မယ်။ပြီး
ရင်လမ်းကြောင်းကိုလိုက်ပြီးTraceလုပ်ပါလိမ့်မယ်။လမ်းကြောင်းတစ်လျှောက်မှာFirewallတွေကိုဖြတ်သန်းလာရမယ်ဆိုရင်တော့
Trace လိုက်တာအကုန်လုံး"Request Time Out" တွေပဲပေါ်ပါလိမ့်မယ်။ Control Key နဲ့ C နဲ့ နှိပ်ပြီး Trace လုပ်တာကိုရပ်ခိုင်း လိုက်ပါ။ကဲဒီလောက်ဆိုရင်တော့ TRACERT Command အကြောင်းကိုလည်း တော်တော်လေးသဘောပေါက်လောက်ပါပြီနော်။
ကဲဒါဆိုရင်နောက်ထပ်Commandတစ်ခုကိုထပ်ပြီးလေ့လာကြည့်ကြမယ်နော်။ ဒီတစ်ခါထပ်လေ့လာရမယ့်Command လေးကတော့
NETSTAT Command ပါပဲ။ ဒီ Command လေးကတော့ Networkingသမားတော်တော်များများ ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။
ဒီ Command လေးကတော့ Network Cardရှိရုံနဲ့တင် စမ်းသပ်လို့ရနိုင်ပါတယ်။ သူကကိုယ့်စက်မှာ လက်ရှိပွင့်နေတဲ့ TCP/IP Protocol
ရဲ့ Port နံပါတ်တွေကိုဖော်ပြပေးပါတယ်။ Network ချိတ်ဆက်ထားမယ်ဆိုရင် တခြားစက်ရဲ့ Port နံပါတ်ဘယ်လောက်ကို ကိုယ့်စက်ရဲ့
Port နံပါတ်ဘယ်လောက်က သွားချိတ်ထားတယ် ဆိုတာမျိုး ပြီးတော့ ကိုယ့်စက်ရဲ့ Port နံပါတ်ဘယ်လောက်ကိုတခြားစက်ရဲ့ Port နံပါတ်ဘယ်လောက်က လာချိတ်ထားတယ်ဆိုတာမျိုးလည်းဖော်ပြပေးပါတယ်။ချိတ်ဆက်ထားတာလည်းဘယ် Protocolကိုသုံးပြီးချိတ်ဆက်
ထားတယ်ဆိုတာပါ ဖော်ပြပေးမှာဖြစ်ပါတယ်။
(ဥပမာ TCP-Transmission Control Protocol လား၊ UDP-User Datagram Protocol လား၊ စတာတွေပေါ့) ။
ဒီနေရာမှာ ချိတ်ဆက်တယ်ဆိုတာ Network Connection ရှိတယ်မရှိဘူးကိုဆိုလိုတာ မဟုတ်ဘူးနော်။ကိုယ့်စက်ကနေ တခြားစက်က
Share ပေးထားတဲ့ File တစ် File ဒါမှမဟုတ် Folder တစ်ခုကိုလှမ်းယူပြီးသုံးနေတာမျိုး ပြီတော့ တခြားစက်ကကိုယ့် စက်ထဲက Share
ပေးထားတဲ့ File တွေ Folder တွေကိုလှမ်းယူပြီးသုံးနေတာမျိုးကို ပြောတာပါ။ InternetConnection ပေါ်ကနေ WebPageတွေကိုလှမ်း
ခေါ်ပြီးကြည့်နေတာမျိုးတွေလည်းပါပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နောက်တစ်ပိုင်းကို နောက်မှ ဆက်ရအောင်ဗျာ... :)
Keyboard Password ဖြင့် Power ဖွင့်ခြင်း
at
Friday, July 30, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Computer ကို password ဖြင့် power ဖွင့်လို့ရတယ် ဆိုတဲ့ အကြောင်းလေး ပါ။ Computer ကို
password နဲ့ပါဝါဖွင့်လို့ရတယ်ဆိုတာက ဒီလိုရှိတယ်ဗျ….။ကျွန်တော်တို့တွေဟာ computerကိုဖွင့်တော့မယ်
ဆိုတာနဲ့ အမြဲတမ်း power ခလုတ်ကိုပဲ နှိပ်ပြီးတော့ power ကိုဖွင့်လိုက်ကြတယ်။ အကယ်၍ ကိုယ်ကအဲဒီလို
power ခလုတ်နှိပ်ပြီး ဖွင့်ရတာကို မကြိုက် ကြဘူး၊ မနှစ်သက်ဘူး၊ computer system unit မှာရှိတဲ့ power
ခလုတ်ကို နှိပ်စရာမလိုပဲနဲ့ keyboard တို့ mouse တို့ကနေ power ပွင့်အောင် computer ကြီးထပြီးအလုပ်
လုပ်အောင် ဖွင့်ချင်တယ်ဆိုရင်.......အဲဒီလို keyboard တို့ mouse တို့ကနေ computer ကို power ဖွင့်လို့
ရချင်ရင် 775 CPU ကို support လုပ်တဲ့ motherboard တွေမှသာ ရနိုင်မှာဖြစ်ပါတယ်။ 775 CPU ကို
support လုပ်တဲ့ motherboard တိုင်းကို support လုပ်နိုင်တာလားဆိုရင်လဲ မဟုတ်သေးဘူးဗျ.။အတိအကျ
ပြောရမယ်ဆိုရင် မိမိ computer ရဲ့ motherboard မှာပါရှိတဲ့ BIOS လို့ခေါ်တဲ့ ROM Chipset သည် ACPI
(Advance Configuration Power Interface) လို့ခေါ်တဲ့ function ကို support လုပ်မှသာလျှင် keyboard
ကနေ ဒါမှမဟုတ် mouse ကနေ computer power ကို ဖွင့်လို့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်အထက်မှာပြောပြ
ခဲ့တဲ့ 775 CPU ကို support လုပ်တဲ့motherboard တွေက ဘာကြောင့် keyboard တို့ mouse တို့ကနေ
power ဖွင့်လို့ရတာလဲဆိုရင် ACPI function သည် အဲဒီ 775 CPU ကို support လုပ်တဲ့ motherboard
တွေကနေစတင်ပြီး ပါရှိခဲ့လို့ပဲဖြစ်ပါတယ်။ ကဲ ဒါဆိုရင် keyboard ကနေ မိမိရဲ့ computer power ကို ဘယ်လိုဖွင့်
လို့ရတယ်ဆိုတဲ့ ပုံလေးကို step by step လုပ်ကြည့်လိုက်ကြရအောင်။

Step 1 ။ ။
မိမိရဲ့ computer motherboard ဟာ ACPI function ကို support လုပ်တယ်ဆိုရင်တော့
computer power ကိုဖွင့်ပါ။ ပြီးရင်စက်တက်တက်လာချင်းမှာ keyboard မှာရှိတဲ့ Delete
key ကို နှိပ်ပါ။
ဒါဆိုရင် CMOS steup Utility ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။
Step2
။ ။ CMOS Setup Utility ထဲကို ရောက်ပြီဆိုရင်တော့ Power
Management Setup ထဲသို့ဝင်ပါ။
Step
5 ။ ။ ကဲ Keyboard ကို power on ဖို့ရန် password တွေ ထည့်ပြီးသွားမယ်ဆိုရင်တော့
မိမိရဲ့
CMOS Setup Utility ကို Save and Exit Setup ကို ရွေးပြီးထွက်လိုက်ပါ။
Step
6 ။ ။ ဒါဆိုရင်တော့ မိမိရဲ့ Keyboard ကနေတစ်ဆင့် မိမိပေးခဲ့တဲ့
password ဖြင့် power button
ကို နှိပ်စရာမလိုပဲနဲ့ မိမိ computer ရဲ့ power
ကိုဖွင့်လို့ရသွားပါပြီ။ ကဲဒါဆိုရင်တော့.......ကျွန်တော်ရဲ့ Keyboard
ကနေ password
နဲ့ power ဖွင့်တာကို အဆုံးသတ်လိုက်ပါပြီ။
မှတ်ချက် ။ ။ 775 MotherBoard တိုင်းမရနိုင်ပါ။ACPI (Advance Configuration Power Interface) လို့ခေါ်တဲ့ function ကို support လုပ်မှသာလျှင် keyboard ကနေ ဒါမှမဟုတ် mouse ကနေ computer power ကို ဖွင့်လို့ရမှာ ဖြစ်ပါတယ်။
Wednesday, 21 July 2010
Windows Ice XP
at
Wednesday, July 21, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Windows Ice XP v6 Advanced ITA (SATA Mod) 7/2010 | 610MB
OS: Windows ICE XP v6 Advanced
Produttore:Greifi Grishnackh
Lingua: /English
Anno:2009
Based on OS: Windows XP Professional OEM
Service Pack: 3
Version: 07/01/2001 5.1.2600.5512
Ice Version: 6.0 Advanced
ISO: 610MB
Release date: 7/2010
Info
Ice Style Interface "Windows Seven inspired"
Service Pack 3 + hotfix dec 2009
Driver SATA support (only "SATA Mod" ISO)
Internet Explorer 8
Windows Media Player 11
Windows Sidebar
DirectX 9c aug 2009
Flash Player 10 ActiveX-Plugin
Silverlight 2.0
Kel's CPL All-in-One v10.2
UWP Utilities Pack
More Tweaks for performance and stability
New context menu funtion
Post-Install with Tweaks
Changelog v5 > v6
Windows Update hotfix @ December 2009
Internet Explorer 8
Remove Installation by Update
Driver SATA (only SATA Mod ISO)
New Interface
Fix Ice theme
2 new themes (vista & seven)
more wallpapers
new shell animations
Restore "Help & Support"
Restore classic Luna theme
Ner Intro avi *
fix more tweaks
New cache L2 12mb tweak (post-install)
new ram tweaks (for 1-2-3gb) (post-install)
new startup tweaks for dual/quad CPU
Fix more bugs!!

DOWNLOAD :
http://hotfile.com/dl/56430570/3a84b63/Ice.XP.v6.ENG.SATA_Mod.part1.rar.html
http://hotfile.com/dl/56430558/44b7a00/Ice.XP.v6.ENG.SATA_Mod.part2.rar.html
http://hotfile.com/dl/56430601/a1908cd/Ice.XP.v6.ENG.SATA_Mod.part3.rar.html
http://hotfile.com/dl/56430563/fdd5129/Ice.XP.v6.ENG.SATA_Mod.part4.rar.html
http://hotfile.com/dl/56430612/71b51ca/Ice.XP.v6.ENG.SATA_Mod.part5.rar.html
http://hotfile.com/dl/56430634/402d602/Ice.XP.v6.ENG.SATA_Mod.part6.rar.html
http://hotfile.com/dl/56430702/3452cad/Ice.XP.v6.ENG.SATA_Mod.part7.rar.html

မှတ်ချက်။ ။ မြ၀တီမှာရှိနေကြတဲ့သူငယ်ချင်းမျာအနေနဲ့ ဒေါင်လုပ် လုပ်လို့အဆင်မပြေရင်ကျွန်တော့်ဆီ
မှာလာယူပြီးစမ်းသုံးကြည့်နိုင်ပါတယ်။ Ph:082-7735297
မှာလာယူပြီးစမ်းသုံးကြည့်နိုင်ပါတယ်။ Ph:082-7735297
FormatFactory
at
Wednesday, July 21, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
စွယ်စုံအသုံးပြုလို့ရတဲ့ Multi Converter လေးတစ်ခုပါ။Function တွေက တစ်ခုထဲးမှာပဲအစုံအလင်လေးပါ
လာတာမို့အရမ်းအဆင်ပြေလွန်ပါတယ်။Converter ဆောဖ့်ဝဲလ် တွေမြောက်များစွားရှိတဲ့အထဲးကမှ သုံးရ
လွယ်ကူပြီးအစုံအလင်လေး ပါရှိတာမို့တင်ပေးလိုက်ပါတယ်။Converting of popular video formats in MP4, 3GP, MPG, AVI, WMV, FLV, SWF, and also converting of audioformats in MP3, WMA, MMF, AMR, OGG, M4A, WAV is supported. In FormatFactory there is a function of transformation of images in formats JPG, BMP, PNG, TIF, ICO, GIF, PCX, TGA. Among additional possibilities FormatFactory is such, as increase and rotation of images, assignment by it ?????, and also restoration of the damaged audio and video files.
- License : Free
- Added : April 27, 2010
- Updated : July 14, 2010
- Publisher : Formatoz
File size : 37.4 MB
Download
1 support converting all popular video,audio,picture formats to others.
2 Repair damaged video and audio file.
3 Reducing Multimedia file size.
4 Support iphone,ipod multimedia file formats.
5 Picture converting supports Zoom,Rotate/Flip,tags.
6 DVD Ripper.
7 Supports 50 languages
OS requirements: All 32 windows OS
Monday, 12 July 2010
CMOS Utilities ကို ကာထားသော Password ကို ပယ်ဖျက်ခြင်း
at
Monday, July 12, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
အခု CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုပယ်ဖျက်ရမလဲ ဆိုတာကို ပြောပြပါမယ်။ ဘာလို့ အဲ့ဒီလို CMOS Utilities ရဲ့ Password ကို ပယ်ဖျက်ခြင်းဆိုတာ ဖြစ်လာရသလဲဆိုတော့ ကိုယ့်ရဲ့ကွန်ပျူတာSetting တွေကို လုံခြုံစေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Setting တွေကိုပြောင်းသွားစေနိုင် တယ်ဆိုတာက တစ်ချို့သိလို့ပြောင်းသွာတာမျိုး မဟုတ်ပဲနဲ့ မသိပဲနဲ့ ဟိုဟာလုပ်ကြည့်ဒီဟာလုပ်ကြည့်ရင်းနဲ့ Setting ပြောင်းသွားတတ်တာမျိုးလည်း ရှိပါတယ်။ဟုတ်ပါတယ် တကယ်လည်း ဒါမျိုး ကြုံတွေ့ဖူးပါတယ်။ ကိုယ်လုပ်ထားတုန်းကတော့ သုံးရတာ အဆင်ကိုပြေနေတာပဲ။ နောက်တစ်ခါ သုံးလည်းသုံးကြည်တော့ ဟာ ... Setting တွေက ဘယ်လိုဖြစ်နေတာလဲကွန်ပျူတာက အရင်တစ်နေ့ကနဲ့ မတူတော့ဘူး။ ဒုက္ခပဲ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲပေါ့။အဲ့ဒီတော့မှဘာဖြစ်မှန်း မသိဘူး။ ဟိုက ဖြစ်တာလား။ ဒီက ဖြစ်တာလားနဲ့ ဖြစ်ကုန်ရော။ ဘယ်ဟုတ်မလဲ နာက်ဆုံးတော့ CMOS Setting တွေ ပြောင်းနေတာကိုး။ အဲ့ဒီလိုမျိုး ကြုံတွေ့ရမှာစိုးလို့ CMOS Utilities ကို Password ပေးပြီးကာကွယ်လို့ရပါတယ်။
ဒါကြောင့် တစ်ချို့တွေက ၄င်းတို့ရဲ့ ကွန်ပျူတာ Setting တွေကို တစ်ယောက်ယောက်က ၀င်ပြီး
သိလို့ဖြစ်စေ၊ မသိပဲဖြစ်စေ Setting တွေ ၀င်ပြောင်းသွားတာမျိုးဖြစ်မှာစိုးလို့ မိမိတို့ ကွန်ပျူတာရဲ့ CMOS Utilities ကို Password ပေးပြီး ကာကွယ်ထားတတ်ပါတယ်။ ဒါဟာ ကွန်ပျူတာရဲ့ Setting တွေကို လုံခြုံမှုရှိစေတာတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ ကိုယ်ကပေးထားတဲ့ Password ကို မေ့သွားတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ CMOS Utilities ကို Password ပေးထားရင် လုံးဝမေ့လို့ မရဘူးနော်။ ကိုယ်က တစ်ခုခု Install လုပ်စရာရှိလို့ပဲဖြစ်ဖြစ် CMOS ထဲ ၀င်ပြီးတော့ First BootDevice မှာ CD-ROM ကို ၀င်ကြော်ငြာပေးရတော့မယ်။ ဒီလိုဆိုရင် CMOS Password ကို မေ့နေရင် ဘယ်လိုလုပ်မလဲ။
CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကို မေ့သွားပြီဆိုရင် တစ်ခြားဘာနှင့်မှ
ဝင်လို့မရတော့ဘူးနော်။အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင် ဘာမှလုပ်ပေးလို့မရဘူး။ အဲ့ဒီ
Password ကို ဖျက်ရုံပဲပေါ့။ ဒီတော့ ဒီCMOS Utilities ကို Password ပေးထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ Password ကို မေ့သွားလို့ မရဘူးပေါ့။ဒါဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ အဲ့ဒီတော့ အခုအဲ့ဒီလောက်ရေးကြီးတယ်ဆိုတဲ့ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင် ဘယ်လိုပြန်ဖျက်ရမလဲဆိုတာကို တစ်ဆင့်ချင်း ပြောပြပါမယ်။ အဲ့ဒီတော့ အရင်ဦးဆုံး CMOS Utilities ကို ကာထားတဲ့ Password ကို ဖျက်တဲ့နေရာမှာ Password ကို ဖျက်လို့ရတဲ့အချက် နှစ်ချက်
ရှိပါတယ်။ ပထမတစ်ချက်က Manually အရ Password ကို ပယ်ဖျက်ခြင်းပဲ ဖြစ်ပါတယ်။ Manuallyl အရ Password ကို ပယ်ဖျက်ခြင်းဆိုတဲ့နေရာမှာ Motherboard ပေါ်က Jumper ပြောင်းခြင်းနှင့် ဒုတိယ
တစ်ချက်က Motherboard ပေါ်ကBattery ကို ဖြုတ်ပေးခြင်းဆိုပြီး CMOS Utilities ကို ကာထားသော Password ကို ပြောင်းနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။
သိလို့ဖြစ်စေ၊
CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကို
ဝင်လို့မရတော့ဘူးနော်။အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင်
Password ကို ဖျက်ရုံပဲပေါ့။
ရှိပါတယ်။ ပထမတစ်ချက်က Manually အရ Password ကို ပယ်ဖျက်ခြင်းပဲ
တစ်ချက်က Motherboard ပေါ်က
Mechanically အရ CMOS Utilities ကို ကာထားသော Password ကို ပြောင်းခြင်း သို့မဟုတ် ဖျက်ခြင်း
Motherboard အများစုမှာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက Motherboard ပေါ်က PROM
ကို
Thursday, 8 July 2010
Backup Firefox Bookmarks
at
Thursday, July 08, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
သိပ်မထူးခြားပေမယ့် လတ်တလောမှာ ကျွန်တော် ( မရှိမဲ့ရှိမဲ့ ) အလုပ်တွေကြာထဲးကနေ ရူတ်အောင် အမြဲး
လုပ်နေတတ်တဲ့ ဒီ Firefox ပေါ်က Bookmark ကိစ္စပါပဲ။Firefox Application အယ်ရာကြောင့်ဖြစ်ဖြစ်၊
ဝင်ဒိုးတင်လိုက်ရလို့ပဲဖြစ်ဖြစ် Firefox ကို အသစ်ပြန်တင် လိုက်တဲ့အခါမှာ မှတ်ထားခဲ့တဲ့ Linksတွေက ပျက်
သွားတတ်တယ်။ စာဖတ်မိတ်ဆွေ တွေ တော့မသိဘူး .. ကျွန်တော်တော့ ကြုံရင်ကြုံသလို ကြိုက်တာလေး
တွေရင် Firefox မှာ မှတ် နေကျပဲ .. ( အဲ ..တစ်ခုတော့ရှိတယ် .. စိတ်ကူးလေးပေါက်လာရင်တော့ ဒီဆိုဒ် မှာ သွာမှတ် တတ်တယ်။) ဆက်ပြောမယ်နော် .. မိတ်ဆွေတို့ စက်တွေမှာ Firefox ပေါ် က Bookmark တွေကို Backup လုပ်ချင်တယ်ဆိုရင်တော့ အလွယ်ဆုံးနဲ့ ဘာ Add-ons မှသုံးစရမလိုတဲ့ နည်းလမ်းတစ်ခုကိုပေး
လိုက်မယ်။
လုပ်နေတတ်တဲ့ ဒီ Firefox ပေါ်က Bookmark ကိစ္စပါပဲ။Firefox Application အယ်ရာကြောင့်ဖြစ်ဖြစ်၊
ဝင်ဒိုးတင်လိုက်ရလို့ပဲဖြစ်ဖြစ် Firefox ကို အသစ်ပြန်တင်
သွားတတ်တယ်။ စာဖတ်မိတ်ဆွေ တွေ
တွေရင် Firefox မှာ မှတ်
လိုက်မယ်။
From the Firefox menu bar go to Bookmarks > Organize Bookmarks to bring up your bookmarks manager. Now you want to click the top button that says Import and Backup.
Output ဖိုင်အနေနဲ့ .xml ဖိုင်နဲ့သိမ်းပေးပါတယ်။အဲဒီဖိုင်လေးနဲ့ ကြိုက်တဲ့စက်မှ Restore ပြန် လုပ်လို့ရနိုင်
တယ်။အခု ကျွန်တော် မောင် Trojan,ဆာဖစ်လုပ်တဲ့ စက်တိုင်း ဒီ .xml ဖိုင်လေးကို USB Stick ထဲးထည့်ပြီး
Restore လုပ်နေတာ အဆင်ကိုပြေလို့ ..။ :O ကဲ ... တစ်ဆက်ထဲးမှာပဲ Firefox ဗာရှင်းအသစ်
4.0 Beta Version ကိုပါစိတ်ဝင်စားရင်ဒေါင်လုပ် လုပ်ကြပါရန်။
Firefox Standard_3.6 Setup
Firefox Beta_4.0 Setupတယ်။အခု ကျွန်တော် မောင် Trojan,ဆာဖစ်လုပ်တဲ့ စက်တိုင်း ဒီ .xml ဖိုင်လေးကို
Restore လုပ်နေတာ အဆင်ကိုပြေလို့ ..။ :O ကဲ ... တစ်ဆက်ထဲးမှာပဲ Firefox ဗာရှင်းအသစ်
4.0 Beta Version ကိုပါစိတ်ဝင်စားရင်ဒေါင်လုပ် လုပ်ကြပါရန်။
Firefox Standard_3.6 Setup
Blogger ၏ ရာဇ၀င် နှင့် Platform သံသရာ
at
Thursday, July 08, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
"Blog, Blogger, Blogging ဆိုတာဘာလဲဟဲ့"Blog ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈နှစ်ကပါ။ Blog ဆိုတာ Web Log ရဲ.အတိုကောက်ပါ။Web က B နဲ့ Log မှ log ကိုပေါင်းစည်းပြီး Blog လို့ ယေဘုယျခေါ်ဆိုတာပါ။Blog ဟာ အင်တာနက် စာမျက်နှာတွေ ထဲကတခု ဖြစ်ပေမယ့်၊ သူ့မှာ အစီအစဉ် တကျ စီစဉ်ထားတဲ့ နေ့ရက်၊ အချိန်၊ အက္ခရာစဉ်က စပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက်၊ အမျိုးအစားများ အလိုက်၊ ပုံစံတူများ အလိုက်၊ စသည်ဖြင့် စနစ်တကျ ပါရှိ ပါတယ်။ Blog တစ်ခုကို ဖန်တီးဖို့ Html ၊ java script စတဲ့ ၀ဘ်ဆိုက်ရေးနည်းများကို အထူးသင်ကြား နေစရာ မလိုဘဲBlog host များက ပေးထားတဲ့ စာမျက်နှာများမှာ လွယ်ကူစွာ အဆင်သင့် ၀င်ရေးလိုက်နိုင်ပါတယ်။ နောက်ပြီးတော့ လာရောက် လည်ပတ်ကြသူတွေ ကိုလည်း ပွင့်လင်းစွာ၊ အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရေးသားနိုင်အောင် စီစဉ်ထားပေး ထားတာဟာ တခြားသော အင်တာနက် စာမျက်နှာတွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။Webster အဘိဓာန်မှာတော့ Blog ကို "ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာပေါ် တင်ထားတဲ့ ကိုယ်ရေး ကိုယ်တာတွေလို့ ဖွင့်ဆို ထားပါတယ်။ ဒါကြောင့် တချို့သော သူများက Blog ကို အင်တာနက်ပေါ်မှ ကိုယ်ရေးခံစားချက် စာမျက်နှာများ သို့မဟုတ် ကိုယ်ရေး မှတ်တမ်းများလို့ မြန်မာလို အတတ်နိုင်ဆုံး တူအောင်၊ ဆီလျော်အောင် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။BLog မှာ မိမိ ရေးသား ထားတာတွေကို မိမိတစ်ဦးတည်းသာဖတ်ရှု နိုင်စေရန်၊ မိမိရဲ့ Blog ကို တပါးသူများ မဖတ်ရှု နိုင်စေရန်၊ ဒါမှမဟုတ် ဖိတ်ကြား ထားသူများသာ ၀င်ရောက် ဖတ်ရှုနိုင်ရန် တားဆီးထားနိုင်သလို၊ လူအများ ၀င်ရောက် ကြည့်ရှု နိုင်အောင်လည်း ဖွင့်ထား ပေးနိုင်တဲ့ အတွက် အဆင်ပြေလှပါတယ်။ဒါဆိုရင် Blog တွေမှာ ဘယ်သူတွေ ၀င်ရေးနေပါသလဲ၊ တိုးတက်သော နိုင်ငံတွေရဲ့ လေ့လာချက်အရ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်း သံဃာတွေ ကစပြီး နိုင်ငံရဲ့ တာဝန်တွေကိုအမြင့်ဆုံး ယူထားကြတဲ့ ၀န်ကြီးကနေ သမ္မတ အထိ Blog စာမျက်နှာတွေ ကိုယ်စီ ရှိကြပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ ကိုရီးယား ကစပြီးတော့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ နဲ့ မလေးရှားတို့မှ ၀န်ကြီးတွေကပါ ကိုယ်ပိုင် Blog တွေကို ရေးသား လာကြပါတယ်။ မကြာခင်မှာ မြန်မာ ဘလော့ဂ်တွေလည်း အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ ကြတော့မှာ ဖြစ်ပါတယ်။Blogger ဆိုတာကတော့ Blog တခုမှာပါဝင် ရေးသားနေသူလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ Blogger တယောက်ဖြစ်ဖို့ လွယ်ပေမယ့်၊ အောင်မြင်တဲ့ Blogger တယောက်ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာတွေရဲ့ စစ်တမ်းကို Technorati ( http://www.technorati.com ) ကုမ္မဏီက ကောက်ယူ ခဲ့ရာမှာ တစ်ကမ္ဘာလုံးမှာ Blog အရေအတွက် စုစုပေါင်း ၅၇သန်းကျော် ရှိနေပြီ ဆိုတာ တွေ့ရပါတယ်။ နာရီနဲ့အမျှ Blog တွေ များလာနေသလို၊ Blogger တွေလည်း တနေ့ထက် တနေ့ပိုများ လာပါတယ်။ သူတို့ကို အင်တာနက် ဂျာနယ်လစ်လို့ တောင်တင်စား ကြပါသေးတယ်။မြန်မာ Blogger တွေမှာ လည်းရွက်ပုံးသီး စာပေသမားတွေ အများအပြား ရှိနေတာဟာလည်း မြန်မာစာပေလောကအတွက် အားရစရာပါ။ ခေတ်လူငယ် Blog စာရေးဆရာ တွေရဲ့ လက်ရာတွေဟာလည်း အာဝဇ္ဇန်းရွှင်ရွှင်၊ ပညာသားပါပါနဲ့ အနုပညာ ရသမြောက်လွန်းလို့ အံ့မခန်း လေးစားထိုက်သလို၊ သူ့ထက်ငါ တနေ့ထက်တနေ့ လက်စွမ်းပြ နေကြတာကိုက တရုပ်သိုင်းကား ကြည့်နေရသလိုလို၊ ကိုရီးယားကား အခန်းဆက် ဇာတ်ကား ကြည့်နေရလို ဖြစ်အောင် စွဲဆောင်နိုင်ကြပါလေရဲ့ .......Blogging ဆိုတာကတော့ အခုလို အွန်လိုင်းပေါ်က Blog မှာ စာရေးသားကြတာမျိုးကို ခေါ်တာပါ။ နောက်ပိုင်း မှာတော့ Blogger တွေစုပြီး အကြောင်းအရာ တစ်ခုခုကို ဦးတည်ချက် ထားပြီး ဆွေးနွေးကြတာမျိုးကိုလည်း Blogging လို့ သုံးလာကြပါတယ်။ဒါဆိုရင် Blog မှာ ဘာတွေကို ရေးသားကြ၊ ဘယ်လိုအမြင်တွေကို ဖလှယ်ကြပါသလဲ။ Blog မှာ လူတန်းစားမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ဘ၀မျိုးစုံက လူတွေက မိမိတနေ့တာ ဖြတ်သန်းသွားလာမှု၊ ခံစားမှု၊ ရှုမြင်မှု၊ သုံးသပ် ချက်တွေ၊ နည်းပညာဆိုင်ရာ သင်ကြားမှုတွေ၊ ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်ကစလို့၊ နိုင်ငံရေးဆိုင်ရာ သဘောထားတွေ အထိ Blog မှာ လာရောက်ရေးသား ရင်ဖွင့်ကြ၊ မှတ်တမ်းတင်ကြ၊ ဝေမျှကြ နဲ့ အကြောင်းအရာကဏ္ဍ စုံလင်လှပါတယ်။ Blog မှာ ဓါတ်ပုံများနဲ့ မှတ်တမ်းတင် ထားတဲ့ photoblog ကစပြီး၊ ဗီဒီယို မှတ်တမ်းများ တင်ထားတဲ့ vlog၊ စသည်ဖြင့် မိမိကြုံတွေ့ခဲ့ရ၊ မြင်ခဲ့ရ၊ ပါဝင်ခဲ့ရသော အဖြစ်အပျက်များ၊ ပြဿနာများ၊ အောင်မြင်မှုများ၊ ခရီးသွား မှတ်တမ်းများ၊ နည်းပညာ ဆိုင်ရာ အခြေအနေများ စသည်တို့ကို လျင်လျင်မြန်မြန်နဲ့ ထိထိ ရောက်ရောက် ရေးသား လွှင့်တင် နိုင်ကြတဲ့အတွက် Blog လောကဟာ တနေ့ထက်တနေ့ ပိုမို ကျယ်ပြန့်လာသလို၊ Blog တွေရဲ့ ရိုက်ခတ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ တချို့သော နိုင်ငံတွေမှာ ကန့်သတ်မှုတွေနဲ့ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။ ဒါဆိုရင် Blogger တွေမှာရော စောင့်စည်းအပ်သော ကျင့်ဝတ်တွေ၊ ထိန်းသိမ်းအပ်သော ၀တ္တရားတွေ မရှိလိုလားလို့ မေးစရာ ရှိလာပါတယ်။ Blog နဲ့ Blogger တွေမှာ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ သိက္ခာတွေအသီးသီး ရှိကြပါတယ်။ စခါစကတော့ သာမန်လို့ သာပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ ရေးကြ ပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ "မာမီက ပြောတယ်၊ ဒီနေ့ မိုးရွာမယ်တဲ့" စတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူထု အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ အချင်းချင်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာပါတယ်။ ဒီလိုနဲ့ပဲ Blog တွေ hot ဖြစ်လာကြတာပါ။Blog ရဲ့ထူးခြားချက်က ဘာ အကန့်အသတ် အထိန်းအချုပ်မှ မရှိတာပါပဲ။ ဥပဒေနဲ့ ကန့်သတ်တာ ထိန်းသိမ်းတာ မပြောနဲ့၊ အယ်ဒီတာတောင် မရှိပါဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာ များလို့ မကျေနပ်တဲ့ လူတွေ ဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသင့်သလောက် ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပါပဲ။ နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အဝ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။မီဒီယာ လောက အနေနဲ့ Blogger တွေကို အလေးထား လာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ "ခရာ မှုတ်သူ"(whistle blower) အခန်း ကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် Blogger တွေကဖွင့်ချခဲ့ဖူးလို့ မီဒီယာ တော်တော်များများက ဖြုံကြပါတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်သေးတယ်။ 'တံခါးဖွင့် စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမ' (open-source newsrooms) တွေ အွန်လိုင်း ပေါ်မှာအပြိုင်းအရိုင်း ပေါ်လာတာဟာလည်း Blogger တွေရဲ့ကျေးဇူးကြောင့်လို့ ပြောစရာ ရှိပါတယ်။ အီရတ်စစ်ပွဲ အကြို ကာလလောက်ကစပြီး မီဒီယာလောကသာ မကတော့ဘူး နိုင်ငံရေးလောက ကပါ Blogger တွေကို အလေးထား စောင့်ကြည့် လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထား အမြင်တွေဆိုရင် စစ်မဟာဗျူဟာ ပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်လို့ ဆိုပါတယ်။ ပညာရှင် တချို့ကဆိုရင် ဘလော့ဂါ တွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံး နေကြတဲ့ ပထမဆုံး 'ခရု ဆိတ်တာ' တွေလို့တောင် အမွှန်းတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် ကျယ်ပြန့် လာတာတော့ သေချာပါတယ်။ အခုလောလောဆယ် ဝက်ဘ်ဆိုက် ပေါ်မှာ ဘလော့ပေါင်း ၅၇သန်းကျော် နေပြီလို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု တခုတည်းမှာကိုပဲ ဘလော့ဂါ ပရိတ်သတ် (၃၂) သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့ တိုင်းမ် ဂျာနယ်လစ် 'တောမတ် ဖရီးမင်း' ကတော့ Blog လှုပ်ရှားနေမှုကို 'တံခါးမရှိ၊ ဓားမရှိ စူးစမ်း လေ့လာရေး' (open-source) လို့ အကဲဖြတ်သလို၊ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ နည်းပညာလှိုင်းရဲ့ ရိုက်ချက်တစ်ခု လို့လည်းဆိုနေပါကြောင်းပါကြောင်း ခင်ဗျာ။ ဒီ post လေးကို http://kminnkyaw.blogspot.com/ မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။
Wednesday, 7 July 2010
Sonne DVD Burner v4.3.0.2082
at
Wednesday, July 07, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Sonne DVD Burner is an almighty DVD burner designed to meet all your needs in burning video, ISO Image file and VIDEO_TS to DVD disc and burning all files to data disc; creating DVD from other video files. For the more, it can capture videos to burn or create to DVD. It's necessary to add an intact capture function to meet users need. Users can easily capture video or image from other devices, DV and TV Tuner. Auto shot, overlay, audio settings volume and balance can be adjusted by easy-to-use buttons...
Sonne DVD Burner / Key Function
* Create a DVD disc with DVD menu.
* Capture video or image from other devices like USB webcams, TV tuner and DV in real time.
* Snapshot pictures with hotkeys.
* Set properties for each capture device.
* Burn data to disc.
* Burn DVD (VIDEO_TS) folders to DVD disc.
* Burn video files to DVD disc without menu.
* Show information about recorder.
Sonne DVD Burner / How to Create DVD
Sonne DVD Burner can let you directly create DVD from other video files.
* Step 1: Define the desired DVD mode as pagination menu or chapters menu.
* Step 2: Define a template for your DVD from the template list.
* Step 3: Input your desired video files.
* Step 4: Click "Create" button, a dialog will pop up. You can define the DVD Output Path as your like. Start the process with "Start" button.
* Step 5: Click "Burn" button to burn the newly created DVD-folder or others, relative settings interface will pop up.
* Step 6: Click "Start" to start burning.
Homepage - http://www.sonnesoftware.com/
Download From HotFile
http://hotfile.com/dl/53182892/a3b62fd/SDBv4.3.0.2082.rar.html
Download From Mirror
http://uploading.com/files/ebfmam44/SDBv4.3.0.2082.rar/
Subscribe to:
Posts (Atom)