Bangkok က ကျွန်တော်ငယ်သူငယ်ချင်း (သိန်းထိုက်)အတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ :D
ရာစုဟောင်း ပုံရိပ်
ဒီနေရာအတွက်စိတ်ကူး
ဦးတည်ချက်တစ်ခုထဲးအတွက်နဲ့ရေးထား
တာတော့မဟုတ်ဘူး။ စိတ်ကူးထဲးမှာပေါ်
လာမိတာလေးတွေ၊ နောက်ပြီးမတောက်
တစ်ခေါက်တတ်ထားတဲ့ ကွန်ပျူတာအ
ကြောင်းတွေကိုမှတ်စုလိုရေးပြီး ပြန်ကြည့်
ဖို့အတွက်ပါပဲ။လူတိုင်းအတွက်အသုံးမ၀င်
ပေမယ့်ကျွန်တော့်အတွက်အသုံးဝင်နေမှာ
ပါ။
ကောက်ကြောင်းများ အစ
ဒီစာမျက်နှာကိုဘယ်လိုကြောင့်ရေးဖြစ်
သွားလဲလို့တော့ ခင်ဗျားတို့ မမေးကြနဲ့။
ကျွန်တော်လည်း အဖြေ ပေးမှာမဟုတ်
ဘူး။ ရင်နှီးတဲ့ မိတ်ဆွေး အချို့ ကတော့
ကျွန်တော့်ကို နာလည်ရခက်သူတဲ့ ဗျာ။
အဆုံးစွန်ထိကို အယူသည်းပြီး ခပ်ပျော့
ပျော့သမား တစ်ယောက်လို့ သတ်မှတ်
ထားကြတယ်။ ကဲ .ခင်ဗျာတို့ရော??
မိမိအကြောင်း
ခပ်ရိုးရိုးမိသားစုကပဲမွေးဖွားလာတာပါ။ညီ
တစ်ယောက်ရှိပြီးတော့မိသာစုထဲးမှာအကြီး
ဆုံးအကိုတစ်ယောက်ပေါ့။ဒါပေမယ့်ညီအ
ငယ်လောက်အကောင်းပြောမခံရတာအခုအ
ချိန်အထိပါပဲ။တစ်ခါတစ်လေ"ငါကွ!"လို့ထ
အော်တတ်တာကလွဲးလို့ဘယ်နေရာမှအချိုး
မကျဘူး။
အမှတ်ရစရာ
ငယ်ငယ်တုန်းကနယ်ကကျောင်းမှာကွန်
ပျူတာသင်ခိုင်းတုန်းကကြောက်လို့ထွက်
ပြေးခဲ့ပေမယ့်အခုအချိန်မှာတော့ဒီအလုပ်
နဲ့ပျော်မွေ့နေခဲ့ပြီး။ဘ၀ပေးလို့ပဲဆိုရမှာပေါ့
ဗျာ ...။ဆက်သွယ်မယ်ဆိုရင်တော့ဖြင့်
mgtrojan@gmail.com ပါ။
Sunday, 29 August 2010
Ebook Guide For Beginner
at
Sunday, August 29, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Bangkok က ကျွန်တော်ငယ်သူငယ်ချင်း (သိန်းထိုက်)အတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ :D
Thursday, 19 August 2010
လက်ဆောင်ကောင်းလေးတစ်ခု (SSDownloader)
at
Thursday, August 19, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
လက်ဆောင်ကောင်းလေးတစ်ခုပေးလိုက်မယ် .. မိတ်ဆွေတွေအားလုံးကို။Security,
Software,Application,AntiVirus,Firewall,Malware,Removal Tool များအားလုံးကို
တစ်စုတစည်းထဲးစုထားပေးတဲ့ SSDownloaders လေးတစ်ခုပါ။စိတ်ဝင်စားသူများနှင့်
ကြိုက်နှစ်သက်သူများ လက်တည့်စမ်းနိုင်ပါသည်။
Software,Application,AntiVirus,Firewall,Malware,Removal Tool များအားလုံးကို
တစ်စုတစည်းထဲးစုထားပေးတဲ့ SSDownloaders လေးတစ်ခုပါ။စိတ်ဝင်စားသူများနှင့်
ကြိုက်နှစ်သက်သူများ လက်တည့်စမ်းနိုင်ပါသည်။
Instead of wasting time and energy searching through the internet to download the security programs (be it free or trial versions) for your computer, you can find all those security programs in one place using SSDownloader.
### SSDownloader is compatible with Windows 7, Vista
and 7. ###
Download Link
Epson Stylus TX111 Printer
at
Thursday, August 19, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
ESPON Stylus TX111
ဟိုတစ်နေ့က ကျွန်တော်ဆိုင်မှာ လက်ရှိသုံးနေတဲ့ကွန်ပျူတာကို ၀င်ဒိုးချပြီးတော့ ဒရိုင်းဘာကို Backup လုပ်ဖို့
မေ့သွားတယ်။ဒရိုင်ဘာတော်တော်များများကို ရှိနေတဲ့ ခွေတွေထဲးကနေ ပြန်တင်လို့ရပေးမယ် ပရင်တာအတွက်
ဘယ်လိုမှရှာမရဖြစ်နေတယ်။စာရွက်ထုတ်စရာတွေကလည်းအရေးတကြီးလိုအပ်နေတော့လက်စွဲးတော် CDMA
ကိုသုံးပြီး အွန်လိုင်းပေါ်ကို အလုအယက် ကုန်ရုန်းပြီးတက်ရပါတော့တယ်။ခပ်ရမ်းရမ်းရှာရင်နဲ့သူ့ရဲ့မိခင်ဆိုဒ်မှာပဲ
Mini Driver လေးကိုသွားတွေ့ပါတယ်။ ပရင်တာက Copier,Scan,Print (၃) မျိုး သုံးလို့ရတဲ့ All-In-One ပရင်တာမျိုးလေးပါ။ရည်ရွယ်ချက်ကတော့ လက်ရှိအသုံးပြုနေကြတဲ့သူတွေများကျွန်တော်လို့ အဖြစ်မျိုးဖြစ်ခဲ့ရင်
အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက်ပါ။ဒီ Mini Driver လေးက SX110_TX110_TX111_TX117
Printer Version (၄) ခုအတွက် ပါ ပါတယ်။ကဲ ... အားလုံးအဆင်ပြေကြပါစေဗျာ..။Canon အတွက်က

တော့ ဒီနေရာလေးမှာ အရင်တစ်ခေါက်က ရေးထားတာရှိပါတယ်။
POST Beep Error များအကြောင်း (IBM)
at
Thursday, August 19, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
Computer ကို စက်စဖွင့်ဖွင့်ခြင်းမှာ ROM ထဲမှာရှိတဲ့ Special Program လေးတစ်ခု ဖြစ်သော POST (Power On Self Test) လုပ်ငန်းစဉ် စတင်အလုပ်လုပ်တယ်ဆိုတာ အားလုံးနီနီ သိကြမှာပါ ။ဒီတော့ POST လုပ်ငန်းစဉ် အောင်မြင်တယ် ဆိုရင်တော့ စက်ကချက်ချင်း တက်လာပြီး အသုံးပြုလို့ရပြီပေါ့။ဒီလိုမှ မဟုတ်ရင်တော့ အမှားတစ်ခုခု (Error) ရှိနေပြီပေါ့။ အဲဒီလို အမှားရှိတယ်ဆိုတာကို စက်က ဘယ်လို
အသိပေးလဲ။စဉ်းစားစရာပဲနော်။ စက်က နှစ်မျိုးအသိပေးတတ်တယ်တဲ့။ အသံ (Beep) နဲ့ စာသား(Code) ဆိုပြီး အချက်ပြတာတဲ့နော်။ အခု ပထမဆုံး ပြောပြချင်တာက အသံနဲ့ ပတ်သက်တဲ့ POST Beep Error အကြောင်းပါ။အဲဒီ Beep အကြောင်းပြောရမယ်ဆိုရင်လေ ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား ပေါ်မူတည်ပြီးကွဲပြားမှုရှိတယ်နော်။ ဒီတော့ ကုမ္ပဏီ အလိုက်ဖေါ်ပြပေးမယ်နော်။ တကယ်လို့ ကိုယ့်ရဲ့ စက်မှာ Beep Error
ပေါ်ခဲ့ရင် တူညီတဲ့ကုမ္ပဏီ အမျိုးအစားကိုရှာပြီးဖတ်ပါနော်။ ဒါမှမဟုတ် ဗဟုသုတ အဖြစ်သိချင်တယ်ဆိုရင်လေ အားလုံးကို ဖတ်ကြည့်ပေါ့နော်။
ပထမဆုံး Original IBM ကထုတ်တဲ့ Computers တွေမှာ အချက်ပေးတတ်တဲ့ POST Beep Codes တွေကတော့...

-အသံတိုလေး တစ်ချက်မြည်တယ် ဆိုရင် ပုံမှန်ပါ။ System က အဆင်ပြေ (OK) ပါတယ်။
-အသံတိုလေး နှစ်ချက်မြည်တယ် ဆိုရင် POST မှာ အမှား (Error) ရှိနေပါတယ်။ Screen ပေါ်မှာအမှားဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကို စာသားနဲ့ဖေါ်ပြပေးပါလိမ့်မယ်။
-ဘာအသံမှလည်းမကြားရဘူး၊ စက်လည်းမတက်လာဘူး ဆိုရင် Power Supply (သို့) System Board မှာပြဿနာ ရှိနေနိုင်သလို CPU (သို့) Speaker ကြိုးလွတ်နေလို့လဲ ဖြစ်နိုင်ပါတယ်။
-အသံက ရပ်နားမှုမရှိဘဲ အသံရှည် ဆက်တိုက်မြည်နေမယ်၊ စက်လည်းမတက်လာဘူးဆိုရင် Power Supply,System Board (သို့) Keyboard တို့မှာ ပြဿနာတစ်ခုခုဖြစ်နေလို့ပါ။ ဒါကြောင့် အဲဒီ (၃) မျိုးကို ဦးစွာစစ်ဆေးကြည့်ပါ။
-အသံတိုလေးပဲ၊ ဒါပေမဲ့ အဲဒီအသံတိုလေးက ထပ်ခါထပ်ခါ မြည်နေတယ်ဆိုရင် Power Supply, System Board (သို့) Keyboard မှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့ပါနော်။ ထုံးစံအတိုင်း စစ်ကြည့်ပါ။
-အသံရှည် တစ်ချက်၊ အသံတို တစ်ချက်မြည်နေတယ် ဆိုရင် System Board မှာ ပြဿနာရှိနေတာပါ။
-အသံရှည် တစ်ချက်၊ အသံတို နှစ်ချက်မြည်တယ် ဆိုရင် Display Adapter (Monochrome Display Adapter (MDA) , Color Graphics Adapter (CGA) ) မှာ ပြဿနာ ဖြစ်တာပါ။
-အသံရှည် တစ်ချက်၊ အသံတို သုံးချက်မြည်နေရင် Enhanced Graphics Adapter (EGA) ချို့ယွင်းတာပါ။
-အသံရှည် သုံးချက်မြည်တယ်ဆိုရင်တော့ 3270 Keyboard card ကိုစစ်ဆေးဖို့လိုပါတယ်။
Monday, 9 August 2010
MP3 format အကြောင်း
at
Monday, August 09, 2010
Posted by
မင်းသက်ဇော်ထွန်း
0
comments
MPEG -1 Audio Layer 3 သည် MP 3 အဖြစ် အများသိကြပြီး Data Compression Form ကို အသုံးပြုသော Digital Audio Encoding Format ဖြစ်တယ်။ ၎င်းသည် Digital Audio Player တွင် Music ကို Transfer နှင့် Playback လုပ်ရန် Digital Audio Compression ၏ Standard ဖြစ်သည့်အပြင် Consumer Audio Storage အတွက် Common Audio Format လည်းဖြစ်ပါတယ်။ MP3 သည် Moving Picture Experts Group မှ Design ထုတ်လိုက်သော Audio-Specific Format ဖြစ်ပါတယ်။ ထိုအဖွဲ့ကိုဖွဲ့ထားသည်မှုာ FraunhoferII 3 in Erlangen, Germany, AT&T-Bell Labs in Murray Hill, NJ, USA,Thomson- Brandt နှင့် CCETT မှ အင်ဂျင်နီယာ အသင်းများ ဖြစ်ကြတယ်။ အဲဒီ အဖွဲ့ကို 1991 တွင် ISO/ IEC Standard အဖြစ် အသိအမှတ်ပြုထားပါတယ်။ MP3 တွင် Compression Algorithm ၏ အသုံးပြုမှုသည် Audio Recording အတွက် လိုအပ်သော Data Amount ကို လျှော့ချရန် ဖြစ်ပြီး နားထောင်သူများအတွက်ကတော့ မူလက Compress လုပ်မထားသော Audio ကို ပြန်လည်ထုတ်လုပ်ခြင်းကဲ့သို့ ဖြစ်ပါတယ်။ 128 Kbit/s Setting အဖြစ် Mid-Range Bit Rate ကိုသုံး၍ဖန်တီးလိုက်သော MP3 File ရဲ့ Original Audio Source မှ ထုတ်လိုက်သည့် CD File ရဲ့ ဆယ်ပုံတစ်ပုံ Size ရှိတဲ့ File တစ်ခု ဖြစ်လာလိမ့်မယ်။ MP3 File တစ်ခုကို Higher or Lower Resulting Quality နှင့် Higher or Lower Bit Rates များတွင် တည်ဆောက်နိုင်ပါတယ်။လူအများစုကြားနိုင်စွမ်းမရှိသော အသံ၏ အချို့ အစိတ်အပိုင်းများအတွက် Accuracy ကို Compression က ဖြတ်တောက်ပါတယ်။ ဤနည်းကို Perceptual Coding ဟုခေါ်ကြပါတယ်။ ၄င်းသည် လူ့နားနှင့်သိပ်မကြားနိုင်သော အသံအစိတ်အပိုင်းကို လျှော့ချဖြတ်တောက်ခြင်း၊ ကျန်သည့် Information ကို ထိရောက်စွာ Record လုပ်ခြင်းဖြင့် အချိန်တိုအတွင်း အသံ၏ အခြေအနေကို Frequency Analysis Window တွင် ဖော်ပြပါတယ်။ Image Compression Format JPEG မှ အသုံးပြုသော စည်းမျဉ်းများမှာ ၎င်းနှင့် သဏ္ဍာန်တူပါတယ်။
Subscribe to:
Posts (Atom)