၁၉၉၀ ခုနှစ် အလယ်ပိုင်းတုန်းကဆိုရင် 3 D လောကအတွက် လိုအပ်တဲ့Process မှန်သမျှကို ဘယ် CPU ကမှ ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သတိပြုထားရမှာတစ်ချက်က 3 D Object တွေ လှုပ်ရှားပုံက တကယ့်အပြင်လောကမှာ လှုပ်ရှားမှုတွေနဲ့ တူညီချင်တယ်ဆိုရင် ကျွန်တော်တို့ Run နေတဲ့ 3 D လောကကြီးကို တစ်စက္ကန့်မှာ ၂၄ ကြိမ်လောက် Refresh ပြန်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။နားရှုပ်သွားပြီလုားမသိဘူး။ ဆိုလိုချင်တာက Transformation ကနေ Texturing ကို ကူးပြောင်းတဲ့ Process ကြီးတစ်ခုလုံးကို တစ်စက္ကန့်ရဲ့ ၂၄ ပုံ ၁ ပုံတိုင်းမှာ တစ်ကြိမ်နှုန်းနဲ့ ထပ်ခါထပ်ခါပြုလုပ်ပေးဖို့ လိုတယ်လို့ပြောချင်တာပါ။ ဒါ့အပြင် Game ထဲမှာ Screen တစ်ခါပြောင်းတိုင်းပြောင်းတိုင်း အထဲမှာပါဝင်တဲ့ Object တွေကိုTrack လိုက်ပေးရတာလဲ ပါပါသေးတယ်။ ဒီတော့ ဒီလောက်အလုပ်များတဲ့ CPU ကြီး ကြာတော့ဘယ်ခံနိုင်ပါ့လဲ။ဒါဆိုရင် ဘယ်လိုလုပ်ကြမတုန်း သိပ်မတွေးပါနဲ့။ ဆံပင်ဖြူသွားလို့ ချစ်သူက ပစ်သွားပါဦးမယ်။ အဖြေက Video Card ပါပဲ။ပထမဆုံးပေါ်တဲ့ 3 D Video Card ကို 3 D Rendering Card ( 3 D ကို ဖြည့်ဆည်းပေးမယ့် Card) လို့ခေါ်ရင် ပိုကောင်းမယ်ထင်တယ်။ ဒီ Card ကရော CPU ရဲ့ အလုပ်အားလုံးကို လုပ်ပေးသတဲ့လား။ မဟုတ်ပါဘူး။Transformation ကိုတော့ သူကလုပ်မပေးပါဘူး။ အဲဒီအစား CPU ရဲ့ အလုပ်တွေထဲကနေ ခွဲဝေယူပြီးကူညီပေးပါတယ်။ 3 D Card ထဲမှာ Data Texture တွေအများကြီးသိမ်းလို့ရတဲ့ RAM ရယ်၊ Triangles တွေ ဖန်တီးဖို့ Texture တွေကို အမြန်နှုန်းနဲ့ ပုဂံလုံးစီးပြီး အစားထိုးဖို့အတွက် Power မြင့်တဲ့ Processor ရယ် ပါဝင်ပါတယ်။ သို့သော်လည်း ပြဿနာတစ်ခုက ရှိသေးတယ်ဗျ။ အဲဒီ 3 D Video Card ကိုဘယ်လိုခိုင်းစေကြမလဲ။ ဒီအလုပ်ကို Device Driver တွေက လုပ်ပေးနိုင်ပါတယ်။ အင်း စဉ်းစားကြည့်ရအောင်နော်။ ဘယ်လိုပဲ Device Driver က အလုပ်ကောင်းကောင်းလုပ်ပေးပေး ဖြစ်နိုင်ရင် 3 D Card ကို ဘာလုပ်လိုက်ပါ၊ ညာလုပ်လိုက်ပါဆိုပြီး ခိုင်းစေပေးမယ့် Instruction အစုလေးတွေ ပို့ပေးနိုင်ရင်ပိုကောင်းမယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ပြောစရာမလိုအောင်ကို တီထွင်ပါရဂူတွေက တော်ကြပါတယ်။
Video Card တွေထဲက Application Programming Interfaces (APIs) Series ထဲမှာ Video Card အတွက် Instructions တွေ ထည့်ပေးထားပါတယ်။ ပြောရရင်တော့ API ဆိုတာ စကားမြန်လို့ပြောလို့ရတယ်ဗျ။Video Card ကို လက်ရှိ အသုံးပြုနေတဲ့ Program ဆီက ထုတ်လွှတ်ပေးတဲ့ Command တွေကိုယူတယ်၊ ပြီးရင်အဲဒီ Command တွေကို Device Driver တွေနားလည်နိုင်မယ့် Instruction တွေအဖြစ်နဲ့ ပြောင်းလဲပေးပါတယ်။နှစ်တွေပြောင်းလဲလာတာနဲ့အမျှ API တွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ဟာက အကောင်းဆုံးပါလို့တော့ အဖြေမပေါ်ခဲ့ဘူးဗျ။
နောက်ပိုင်းမှာတော့ 3 D Video တွေကို လူကြိုက်များလာတဲ့အတွက်ကြောင့် Microsoft ကလည်း သူ့ဦးနှောက်ကြီးကို 3 D Graphic ဘက်ကို အတင်းဆွဲလှည့်တော့တာပေါ့။ အဲ သူ့ကျတော့ တစ်မျိုးစဉ်းစားတယ်ဗျ။ 3 D Graphics ကို သူ့ကိုယ်ပိုင် API နဲ့ သူ အလုပ်လုပ်ခိုင်းမလို့တဲ့။ သူတို့ကတော့ အဲဒီ API ကိုDirect X လို့ခေါ်ပြန်တယ်။ Direct X အကြောင်းကိုသိချင်ရင်တော့ နောက်ခေါင်းစဉ်တစ်ခုနဲ့ ကျွန်တော်ပြောပြပေးပါ့ဦးမယ်။ API တွေအားလုံးဟာ အလုပ်အတူတူပဲ လုပ်တယ်လို့ ပြောလို့ရပေမယ့် အားလုံးမှာမတူညီတဲ့ ကွာခြားချက်လေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီး ခြားနားနေတာမျိုး မဟုတ်တော့အရမ်းသိသာမှာ မဟုတ်ပါဘူး။ကဲ ဒီဆောင်းပါးလေးကတော့ 3 D Video Card ရဲ့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။
အဲဒီ Internet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစုကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internet ဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်း မရေတွက်နိုင်လောက်အောင်များပြားလာပါပြီ။ အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ Internet ကို ချိတ်ဆက်တဲ့ Internet Connaction ချိတ်ဆက်မှုနည်းပညာထဲမှာ ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့ မြန်မာပြည်မှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ Internet Connection ချိတ်ဆက်မှုနည်းပညာကြီးကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ထင်ပါတယ်။
ADSL တဲ့............. ADSL ရဲ့အရှည်ကောက်ကိုပြောပြမယ်နော်....( Asymetric Digital Subscriber Line ) လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Café ဆိုင်တွေတော်တော်များဟာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းက ကျွန်တော်တို့ တတွေဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internet ကို ချိတ်ဆက်ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connection ဟာ အရမ်းကိုနှေးလွန်းလှပါတယ်။ ဒါပေမယ့်............အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ Internet Connection Line များပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကို အသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့ Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog Phone Lineရှိတယ်ဆိုတာကို သိထားပါနော် ......ဒီတော့ ADSL Internet Connection နဲ့ Internet ကိုချိတ်ဆက်မယ်ဆိုရင် မိမိဆီမှာရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင်ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့နော် ....ကဲဒီလိုဆိုရင်ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Line သည်ဘယ်ကနေလာသလဲ။ သြော် ....... ဒါများ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့ ကျွန်တော်ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲပြောချင်တာပါ။ အဲဒီ Phone Exchange မှာ DSLAM ထိုင်ထားရမယ်။
အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connection ကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAM ဆိုတဲ့အကောင်ကြီးနဲ့သွားချိတ်ထားမှ Internet Connection ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဟ........ရှုပ်နေတာပဲ DSLAM ဆိုတဲ့အကောင်ကြီးကဘာလဲ ဟ .......ဆက်ရှင်းပါဦး။ ဟုတ်ကဲ့ ကျွန်တော်ဆက်ရှင်းပါ့မယ်ခင်ဗျာ